အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၉:၁၄
1436415

သက်ရီးရ်ရေ မအ်စူမ် ဆိုသည်မှာ

သက်ရီးရ်ရေ မအ်စူမ် ဆိုသည်မှာ မအ်စူမ် (ပြစ်မဲ့)၏ ရှေ့တွင် ပြုလုပ်သည့် အပြော အဆို သို့မဟုတ် အပြုအမူများ နှင့်ပတ်သက်ပြီး မအ်စူမ်(အ.စ) အနေဖြင့် နှုတ်ဆိတ်နေတော်မူပြီး သဘော မတူကြောင်း လက္ခဏာရပ် မပြတော်မူခြင်းကိုခေါ်ဆိုပါတယ်။သက်ရီးရ်ရေ မအ်စူမ် သည် ကောင်လေ မအ်စူမ် (မအ်စူမ်၏ ပြောဆိုမိန့်မှာချက်များဟဒီးစ်‌တော်များ) နှင့် ဖေအ်လေမအ်စူမ် ( မအ်စူမ်၏ပြုမှု လုပ်ဆောင်ချက်များ ) ကဲ့သို့ ဖြစ်ပြီး ၎င်းတို့သည် စွန္နသ်တော် တွင်ပါဝင်ပါသည်။ စွန္နသ်တော်သည် အစ္စလာမ့် စည်းမျဉ်းများ ဥပဒေများကို ထုတ်နုတ် တင်ပြရသည့် အရင်းအမြစ်ကြီးလေးခု မှ တစ်ခုဖြစ်ပါ တယ်။ ရှီအဟ် အမြင် အရ သက်ရီးရ်ရေ မအ်စူမ် ဆိုသည်မှာ တမန်တော်မြတ်ကြီး (ဆွ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့်အေမာမ် ၁၂ပါး(အ.စ) ၏ သက်ရီးရ်ရေ အား သက်ရီးရ်ရေ မအ်စူမ်ဟုခေါ်ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

သက်ရီးရ်ရေ မအ်စူမ် ဆိုသည်မှာ မအ်စူမ် (ပြစ်မဲ့)၏ ရှေ့တွင် ပြုလုပ်သည့် အပြော အဆို သို့မဟုတ် အပြုအမူများ နှင့်ပတ်သက်ပြီး မအ်စူမ်(အ.စ) အနေဖြင့် နှုတ်ဆိတ်နေတော်မူပြီး သဘော မတူကြောင်း လက္ခဏာရပ် မပြတော်မူခြင်းကိုခေါ်ဆိုပါတယ်။သက်ရီးရ်ရေ မအ်စူမ် သည် ကောင်လေ မအ်စူမ် (မအ်စူမ်၏ ပြောဆိုမိန့်မှာချက်များဟဒီးစ်‌တော်များ) နှင့် ဖေအ်လေမအ်စူမ် ( မအ်စူမ်၏ပြုမှု  လုပ်ဆောင်ချက်များ )  ကဲ့သို့  ဖြစ်ပြီး ၎င်းတို့သည် စွန္နသ်တော် တွင်ပါဝင်ပါသည်။ စွန္နသ်တော်သည် အစ္စလာမ့် စည်းမျဉ်းများ ဥပဒေများကို ထုတ်နုတ် တင်ပြရသည့် အရင်းအမြစ်ကြီးလေးခု မှ တစ်ခုဖြစ်ပါ တယ်။ ရှီအဟ် အမြင် အရ သက်ရီးရ်ရေ မအ်စူမ် ဆိုသည်မှာ တမန်တော်မြတ်ကြီး (ဆွ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့်အေမာမ် ၁၂ပါး(အ.စ) ၏ သက်ရီးရ်ရေ အား သက်ရီးရ်ရေ မအ်စူမ်ဟုခေါ်ဆိုပါတယ်။

အူဆူလီ ပညာရှင်များ (သက္က်လီးဒ် ကိုလက်ခံသူများ) ၏အဆိုအရ သက်ရီးရ်ရေ မအ်စူမ်သည် သတ်မှတ်ထား သည့် စည်းမျဥ်းစည်းကမ်း စံနှုန်းများ အရ ဟွတ်ဂျ်ဂျီယသ်(စံနှုန်း ၊မှတ်ကျောက်) ဖြစ်ပါတယ်။ ၎င်းစည်းမျဥ်း စည်းကမ်းများ မှ ပထမ အချက်မှာ လုပ်ဆောင်သည့် လုပ်ရပ်ဘက် မအ်စူမ်(အ.စ) ၏ ဂရုပြုသတိပြုမှု ရှိ ရမည်ဖြစ်ပါတယ်။ ဒုတိယအချက်မှာဤလုပ်ရပ် နှင့်  အပြော နှင့်ပတ်သက်ပြီး မအ်စူမ် သည် မိမိ၏ အမြင် ကို တင်ပြ နိုင်ရမည် ဖြစ်ပါတယ်။သက်ရီးရ်ရေ မအ်စူမ်သည် စံနှူန်းမှတ်ကျောက်ဖြစ်ခြင်း အတွက် သက်သေ အထောက်အထားတွင် တင်ပြလာရှိသည်မှာ အေမာမ်(အ.စ)  အတွက် မကောင်းမှုကို ကိုင်တွယ်ဖြေရှင်းရန်မှာ ဝါဂျစ်ဗ် မပြုမနေရဖြစ်ပါ သည်။အကယ်၍မကိုင်တွယ်မဖြေရှင်းဘဲနေမည်ဆိုလျှင် အစ်ဆ်မသ် (ပြစ်မဲ့ခြင်း) နှင့် ဆန့်ကျင်နေမည် ဖြစ်ပါတယ်။

ဝေါဟာရများအရ လေ့လာ ကြည့်မည်ဆိုလျှင်

« သက်ရီးရ်ရေ မအ်စူမ် » ဆိုသည်မှာ မအ်စူမ် (ပြစ်မဲ့)၏ ရှေ့တွင် ပြုလုပ်သည့် အပြော အဆို သို့မဟုတ် အပြုအမူများ နှင့်ပတ်သက်ပြီး မအ်စူမ် အနေဖြင့် နှုတ်ဆိတ်နေတော်မူခြင်းဖြစ်ပါတယ်။ အူစူလေဖေက်ဟ် ပညာရပ်တွင် သက်ရီးရ်ရေ မအ်စူမ် ဆိုသည်မှာ သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများ အရ မအ်စူမ် (အ.စ)၏အမြင်တွင် (မအ်စူမ်(အ.စ)ရှေ့တော်မှောက်တွင်) ပြုလုပ်သည့် အပြော အဆို သို့မဟုတ် အပြု အမူများ နှင့် ပတ်သက်ပြီး ပိုင်ကြောင်းပြသည့် အရာ ဖြစ်ပါတယ်။

ဤအထောက်အထားအရ မအ်စူမ် (အ.စ) သည် မကောင်းမှုကျူးလွန်ခြင်းမှ တားဆီးရန် တာဝန်ရှိပြီး မသိနားမလည်ပါက မှန်ကန် သည့် လမ်း ကိုပြသ ရန်တာဝန်ရှိပေတယ်။

ဥပမာအားဖြင့် လူတစ်ဦးသည်မအ်စူမ် ၏ရှေ့တော် မှောက်တွင် ဝဇူ ပြုတော်မူမည်။မအ်စူမ်အနေဖြင့်လည်း ဝဇူအား ကြည့်နေတော်မူမည်။ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ ဆိတ်ဆိတ်နေမည်။ ဤသည်ကို သက်ရီးရ်ရေ မအ်စူမ် ဟုခေါ်ဆိုပါတယ်။

မအ်စူမ် နှုတ်ဆိတ်နေခြင်း သည် ၎င်း ၏ ဝဇူ မှန်ကန်ကြောင်းပြသည့် လက္ခာဖြစ်ကြောင်း အိုလမာ ယေအူစူမှ သတ်မှတ်လက်ခံထားပါတယ်။ သက်ရီးရ်ရေ ၏ အဘိဓာန် အရ အဓိပ္ပာယ် မှာ အသိအမှတ်ပြုခြင်း၊ အတည်ပြုချက်နှင့် လက်မှတ်ရေးထိုးခြင်း ဖြစ်ပါတယ်။

အဆင့် အနေအထားအရဆိုလျှင်

« သက်ရီးရ်ရေ မအ်စူမ် » သည် အေလ်မေအူစူလ် ၏ ခေါင်းစဥ်များ မှ တစ်ခု ဖြစ်ပါတယ်။ပမာအားဖြင့် ကောင်လေ မအ်စူမ် (မအ်စူမ်၏ ပြောဆိုမိန့်မှာချက်များဟဒီးစ်‌တော်များ) နှင့် ဖေအ်လေမအ်စူမ် ( မအ်စူမ် ၏ပြုမှု  လုပ်ဆောင်ချက်များ ) ဖြင့် ဖြစ်ပြီး စွန္နသ်တော် ၏ အခန်းကဏ္ဍများ  မှ ဖြစ်ပါတယ်။ စွန္နသ်တော် သည် ကျမ်းတော်မြတ်ကုရ်အာန် ၊ အဲက်လ် ၊ အစ်ဂျ်မာ ကဲ့သို့ အစ္စလာမ် ဘာသာရေးဆိုင်ရာ စီရင်ထုံးများ ၏ အဓိက အရင်းအမြစ် လေးခု မှ တစ်ခု ဖြစ်ပါတယ်။

သက်ရီးရ် ကဏ္ဍ သည် ရှီအဟ် အတွက် သီးသန့် မဟုတ်ပါ။ အဲဟ်လေ့စွန္နသ် သည်လည်း ၎င်းကို တရားစီရင်ရေးဆိုင်ရာ စီရင်ထုံးများ တွင် သက်သေ အထောက်များအဖြစ် အသုံးပြုပါသည်။(9) ရှီအဟ် များသည် တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ)  ၏ သက်ရီးရ်၊          ဟဇရသ် ဖွာတွေမဟ် (စ.အ)၏ သက်ရီးရ် ၊ အေမာမ် ၁၂ပါး (အ.စ) ၏ သက်ရီးရ် အား အရ ဟွတ်ဂျ်ဂျသ် (စံနှုန်း ၊မှတ်ကျောက်) အဖြစ်လက်ခံ ကြပါတယ်။ သို့သော် စွန်နီများ အနေဖြင့် တမန်တော်မြတ် (ဆွ)  ၏ သက်ရီးရ် ကိုသာလျှင် ဟွတ်ဂျ်ဂျသ် (စံနှုန်း ၊မှတ်ကျောက်) အဖြစ်လက်ခံ ကြပါတယ်။  စွန်နီပညာရှင် အချို့၏ အမြင်အရ ပထမခလီဖဟ် နှင့် ဒုတိယ ခလီဖဟ် ၏သက်ရီးရ် ကိုလည်းကောင်း အချို့ ပညာရှင်များ၏ အမြင်အရ ဆိုလျှင် ကိုယ်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ်အားလုံး    ၏ သက်ရီးရ်ကိုလည်းကောင်း  စံမှတ် ကျောက် အဖြစ်လက်ခံ ထားကြပါတယ်။

သက်ရီးရ်ရေ မအ်စူမ် စံမှတ်ကျောက် ဖြစ်ကြောင်းသက်သေ အထောက်အထား များကို လေ့လာကြည့်မည်ဆိုရင်

သက်ရီးရ်ရေ မအ်စူမ် စံမှတ်ကျောက် ဖြစ်ကြောင်း သက်သေထူရန် သက်သေ အထောက်များ လာရှိပါသည်။အချို့ပညာရှင်များ ၏ အဆိုအရ မအ်စူမ် များ (အ.စ)၏ ရပ်တည်ချက်သည် ဘာသာရေး ပန်းတိုင်များ ကို ဂရုစိုက်ရန် ဂရုပြုရန် ဖြစ်ပါသည်။ ဤအတွက်ကြောင့် ဘာသာရေးမဟုတ်သော လုပ်ရပ်များ သို့မဟုတ် စကားများရှေ့တွင် နှုတ်ဆိတ်နေတော်မူမည် မဟုတ်ကြောင်း ဖြစ်ပါတယ်။

ပညာရှင်တစ်ချို့ ၏ အဆိုအရ ကောင်းမှုကိုတိုက်တွန်း ခြင်း နှင့် မကောင်းမှုကို တားမြစ် ခြင်းမှာ ဝါဂျစ်ဗ် ဖြစ်ပါတယ်။ မအ်စမ်  (အ.စ) သည် ဤ တာဝန်ဝတ္တရား အားမည်သည့်အခါမှလက်လွတ်တော်မူမည် မဟုတ်ချေ။ နှုတ်ဆိတ်နေ တော်မူမည် မဟုတ်ချေ။ဤအတွက်ကြောင့် တစ်ဦးတစ်ယောက်မှ မအ်စူမ် (အ.စ)ရှေ့တော် မှောက်တွင်  အလုပ်တစ်ခု ကိုလုပ်မည် ။ ထိုအလုပ်နှင့်ပတ်သက်ပြီး မအ်စူမ် (အစ)အနေဖြင့် မိမိ၏ အမြင် ကို ထုတ်ဖော်ပြနိုင်လျက် မပြဘဲ နှုတ်ဆိတ်နေမည်ဆိုလျှင်  ထိုနှုတ်ဆိတ်နေခြင်းသည်  ထို အပြော သို့မဟုတ် အလုပ် မှန်ကန်မည်သို့မဟုတ် လုပ်ပိုင်ခွင့်ရှိကြောင်း သက်သေ ဖြစ်ပေတယ်။

 

သက်ရီးရ် ၏ အမျိုးအစားများ အကြောင်း

အချို့ အေလ်မေ အူစူလ် ၏ စာအုပ်များတွင် သက်ရီးရ် ( မအ်စူမ် (ပြစ်မဲ့)၏ရှေ့တွင် ပြုလုပ်သည့် အပြော အဆို သို့မဟုတ် အပြုအမူများ နှင့်ပတ်သက်ပြီး မအ်စူမ် အနေဖြင့် နှုတ်ဆိတ်နေတော်မူခြင်း) နှစ်မျိုးနှစ်စား ရှိကြောင်း ဖော်ပြထားပါတယ်။

 တခါတရံတွင် မအ်စူမ် (အ.စ) ဘက်မှ အလုပ်တစ်လုပ် လုပ်နေသည့် အပေါ် နှုတ်ဆိတ်နေခြင်း ဖြစ်ပါတယ်။ ဤ သက်ရီးရ် အား သက်ရီးရ်ဖေအ်လီ ဟုခေါ်ပါသည်။ တခါတရံတွင် မိန့်ကြားမှု တစ်ခုခု နှင့်ပတ်သက်ပြီး မအ်စူမ် (အ.စ) ဘက် မှ နှုတ်ဆိတ်နေခြင်း ဖြစ်ပါသည်။ ဤ သက်ရီးရ် အား သက်ရီးရ် ကွတ်ဖ်သာရီ (သို့မဟုတ် ဟွတ်က်မီ ) ဟုခေါ်ဆိုပါတယ်။) အခြား အေလ်မေ အူစူလ် ၏ စာအုပ်များ တွင် သက်ရီးရ် အား တတိယ အမျိုး အစား ဖြစ်လည်း  တင်ပြထားပါသည်။ ၎င်း အား သက်ရီးရ်ရေ အကီးဒသီး ဟုခေါ်ဆိုပါတယ်။ဥပမာအားဖြင့် လူတစ်ဦး တစ်ယောက်သည် အလ္လာဟ် ဟို အရှင်မြတ် နှင့်  ကေယမသ် နှင့်ပတ်သက်ပြီး သီးသန့် ယုံကြည်ချက်များ ထားရှိမည်။ ပြီးနောက် ၎င်းအနေ ဖြင့် မအ်စူမ် (အ.စ) ၏ ရှေ့တော် မှောက်တွင်  မိမိ ယုံကြည်ချက်များ ကို တင်ပြမည် ။ ဤတင်ပြချက်အပေါ် မအ်စူမ် (အ.စ) အနေဖြင့် နှုတ်ဆိတ်နေမည် ဆိုလျှင် ဤ သက်ရီးရ် အား သက်ရီးရ်ရေ အကီးဒသီး ဟုခေါ်ဆိုပါသည်။ ဤကဲ့သို့ သက်ရီးရ် သည် ဤ ပုဂ္ဂိုလ် ၏ ယုံကြည်ချက် အား ဟက်ဖြစ်ပြီး မှန်ကန် ကြောင်း လက္ခဏာ သက်သေ ဖြစ် ပါတယ်။

သက်ရီးရ် ၏ စံမှတ်ကျောက်  အတွက် စည်းမျဥ်းစည်းကမ်းများအကြောင်း

အိုလမာယေ အူစူလ်လေဖေက်ဟ် အနေဖြင့် မအ်စူမ် (အ.စ) ၏ သက်ရီးရ် သည်   အောက်ဖော်ပြပါ စည်းမျဥ်း စည်းကမ်းများ အရ စံမှတ်ကျောက် ဖြစ်ကြောင်း ဆိုထားပါတယ်။

(၁)မအ်စူမ် (အ.စ) ၏ ရှေ့တော်မှောက် တွင်ပြုလုပ်သည့်  လုပ်ရပ်ဖြစ်စေ (သို့မဟုတ်) ပြောဆိုမှု ဖြစ်စေ ထိုအလုပ် (သို့မဟုတ်) အပြောအား မအ်စူမ်  (အ.စ) မှ ဂရုပြု ဂရုစိုက်တော်မူ ရှိရမည်ဖြစ်ပါတယ်။

(၂)မအ်စးမ်(အ.စ) ဘက်မှ အမြင်ကိုတင်ပြရန် ဖြစ်နိုင်သည့် အခြေအနေဖြစ်ရပါ =မည်။ ပမာအားဖြင့် တစ်ဦး တစ်ယောက်မှ မအ်စူမ် (အ.စ) ၏ ရှေ့တော် မှောက်တွင် အလုပ်တစ်ခုခု ကို လုပ်ဆောင်ပြမည် မအ်စူမ် (အ.စ) အနေဖြင့် ချက်ချင်း ထိုနေရာ မထွက်ခွာသွားခြင်း ဖြစ်ပါတယ်။

(၃)မအ်စူမ် (အ.စ) ရှေ့မှာ ထင်မြင်ချက်ထုတ်ဖို့ မည်သည့် အတားအဆီး တစ်စုံတစ်ရာ မရှိရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် အေမာမ် (အ.စ) သည် မိမိကိုယ်တိုင် သို့မဟုတ် ရှီအဟ်များ ၏ အသက်ကို ကယ်တင်မည် ဖြစ်၍ စိုးရိမ် စိတ်ဖြင့်  မဖြစ်မနေ (အတင်းအကျပ်) နှုတ်ဆိတ်နေရခြင်း မျိုး မဖြစ်ဖို့ လိုပါတယ်။

(၄)မအ်စူမ် (အ.စ) အနေဖြင့် နှုတ်ဆိတ်ခြင်း မပြုမည်အရင် ထိုလုပ်ရပ် သို့မဟုတ် အပြောအား မအ်စူမ် (အ.စ) မှ ငြင်းပယ် မိန့်ကြားထားခြင်း မရှိဖို့ လိုအပ်ပါတယ်။

 

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေး လိုက်ခြင်း ဖြစ်ပါတယ်။

  • Abū Shahba, Muḥammad b. Muḥammad. Al-Wasīṭ fī ʿulūm wa muṣṭalaḥ al-ḥadīth. Cairo: Dār al-Fikr al-ʿArabī, [n.d].
  • Anṣārī, Aḥmad. Khulāṣat al-qawānīn. 2nd edition. Qom: Al-Maṭbaʿat al-Ilmīyya, 1397 AH.
  • Aṣgharī, ʿAbd Allāh. Usūl al-fiqh (Persian commentary). 2nd edition. Qom: [n.p], 1386 Sh.
  • Baḥrānī, Muḥammad Ṣunqūr ʿAlī. Sharḥ al-usūl min al-ḥalqat al-thānīyya. 3rd edition. Qom: Nashr-i Muʾallif, 1428 AH.
  • Markaz-i Iṭilāʿt wa Madārik-i Islāmī. Farhangnāma-yi usūl-i fiqh. Qom: Pazhūhishgāh-i ʿUlūm wa Farhang Islāmī, 1389 Sh.
  • Muḥammadī, ʿAlī. Sharḥ-i usūl-i fiqh. 10th edition. Qom: Dār al-Fikr, 1387 sh.
  • Muḥaqqiq Dāmād, Musṭafā. Mabāḥithī az usūl-i fiqh. Tehran: Markaz-i Nashr-i ʿUlūm-i Islāmī, 1362 sh.
  • Mūsawī Bujnurdī, Muḥammad. ʿIlm-i usūl. Tehran: Muʾassisa-yi Tanẓīm wa Nashr-i Āthār-i Imām Khomeini, 1379 sh.
  • Muzaffar, Muḥammad Riḍā al-. Uṣūl al-fiqh. Qom: Ismāʿīlīyān, [n.d].
  • Narāqī, Muḥammad Mahdī b. Abī Dhar. Anīs al-mujtahidīn. Qom: Būstān-i Kitāb, 1388 Sh.
  • Narāqī, Muḥammad Mahdī b. Abī Dhar. Tajrīd al-usūl. Qom: Sayyid Murtaḍā, 1384 Sh.
  • Shahābī, Muḥammūd. Taqrīrāt-i usūl. 7th edition. Tehran: Chāpkhāna-yi Ḥāj Muḥammad ʿAlī ʿIlmī, 1321 Sh.
  • Shahrakānī, Ibrāhīm Ismāʿil. Al-Mufīd fī sharḥ usūl al-fiqh. Qom: Nashr-i Dhawi al-Qurbā, 1430 AH.
  • Shīrwānī, ʿAlī. Taḥrīr usūl-i fiqh. 2nd edition. Qom: Dār al-ʿIlm, 1385 Sh.

**************************************************************

END / 251