အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၅ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၃၁:၅၁
1438086

အေမာမ် စဂျာဒ် (အ.စ) အမြင် တွင် မိုအ်မင် ၏ အရည်အသွေး

အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိုအ်မင် ၏ အရည်အသွေး နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

သိုအ်ဖိုလ်အိုကူလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام السجاد علیه السلام:

 

إِنَّ مِنْ أَخْلاَقِ اَلْمُؤْمِنِ اَلْإِنْفَاقَ عَلَى قَدْرِ اَلْإِقْتَارِ وَ اَلتَّوَسُّعَ عَلَى قَدْرِ اَلتَّوَسُّعِ وَ إِنْصَافَ اَلنَّاسِ مِنْ نَفْسِهِ وَ اِبْتِدَاءَهُ إِيَّاهُمْ بِالسَّلاَمِ.

 

အေမာမ် စဂျာဒ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

«  မိုအ်မင် ၏ ကိုယ်ကျင့်တရား ဆိုင်ရာ အထူးလက္ခဏာများ မှ တစ်ချက်မှာ ဘဝတွင် အခက်အခဲ နှင့် ရင်ဆိုင်နေရသည့် အချိန်ကလ တွင်လည်း မိမိ အစွမ်း နှင့် အတူ အလ္လာဟ့်လမ်း တွင် ပေးကမ်း လှူဒါန်း ပါသည်။ (မိမိ) ဘဝ ၌ လည်း စည်းစိမ်ဥစ္စာ ပေါများသဖြင့် ရက်ရော  ပေးကမ်း လှူဒါန်း လေ၏။ ထို (မိုအ်မင်) သည် လူထုအား တရားမျှတစွာ ကျောသားရင်သား မခွဲခြား ဘဲ ဆက်ဆံလေ၏ ။ ပြီးနောက် လူထုအား စလာမ် စပေး လေ၏။  »

 

ကျမ်းကိုး ။ ။ သိုအ်ဖိုလ်အိုကူလ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၈၂

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ်  စဂျာဒ် (အ.စ) ၏ ဆိုထားသည် မိုအ်မင် ၏ အရည်အချင်းများ ၊ အရည်အသွေးများ ကို ထင်ရှားစွာ တွေ့မြင် နေရသည် ဖြစ်ပါတယ်။ ပြီးနောက် အေမာမ် စဂျာဒ် (အ.စ) ၏ ဟဒီးစ်တော် ပါ အတိုင်း ဘဝ တည်‌ဆောက်ကြပါတယ်။ ဖော်ပြပါ အရည်အချင်း များ ကို မိမိ အတွင်း ကိန်းအောင်း နေအောင် အထူး ကြိုးစား ရမည် ဖြစ်ပါတယ်။  အေမာမ် (အ.စ)  ၏ အမြင် အရ  မိုအ်မင် ပီသ ရင် ဖြစ် ရန်  အေမာမ် (အ.စ) ၏ ဟဒီးစ် တော် အတိုင်း  ဖြစ်အောင် လက်တွေ့ လိုက်နာ ကြရမည် ဖြစ်ပါ တယ်။ပြီးနောက်  အေမာမ် (အ.စ) ၏ အမြင်အရ  မိုအ်မင် ဖြစ်၊ မဖြစ် မိမိကိုယ်ကို နှင့် အခြားသူများ ကိုလည်း စိစစ် နိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251