အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၀ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၅:၃၂
1439290

အစမာအိုလ်ဟွတ်စ်နာ အကြောင်းလေ့လာ ကြည့်ကြပါစို့

အစမာအိုလ်ဟွတ်စ်နာ ဆိုသည်မှာ ကုရ်အာန် အခေါ်အဝေါ် ဖြစ်ပြီး အလ္လာဟ်ဟို အရှင်မြတ် ၏ ကောင်းမြတ်သော နာမတော်များ ဟု အဓိပ္ပာယ်ရပါတယ်။ ဤ ပညာရပ်ဆိုင်ရာ ဝေါဟာရကို ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ်လေးပုဒ် တွင် သုံးထားပါ တယ်။ ဤအကြောင်း နှင့် ပတ်သက်ပြီးလေ့လာ ကြည့်မည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစမာအိုလ်ဟွတ်စ်နာ ဆိုသည်မှာ ကုရ်အာန် အခေါ်အဝေါ်  ဖြစ်ပြီး အလ္လာဟ်ဟို  အရှင်မြတ် ၏ ကောင်းမြတ်သော နာမတော်များ ဟု အဓိပ္ပာယ်ရပါတယ်။ ဤ ပညာရပ်ဆိုင်ရာ ဝေါဟာရကို ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ်လေးပုဒ် တွင် သုံးထားပါ တယ်။ ၎င်းတို့ထဲမှ တစ်ခုတွင် အလ္လာဟ် ဟိုအရှင်မြတ် အား  ဤအမည်များဖြင့် ခေါ်ဆိုသင့် သည်ဟု ဖော်ပြထားပါတယ်။ မွတ်စလင်မ်ပညာရှင်တို့၏ အဆိုအရ အလ္လာဟ် ဟို အရှင်မြတ် ၏ ကောင်းမြတ်သည့်  နာမတော်များဆိုသည် မှာ ထိုအရှင်မြတ်  ၏ ဂုဏ်တော်များ ဖြစ်ပြီး  အားလုံးသည် ကောင်းမြတ်၊ကောင်းမွန်သည် ဟု ဖြစ်ပါတယ်။

ဤသို့ဖြစ် ကျမ်းတော်မြတ် ကုရ်အာန်၏ အာယသ်တော် ကို အခြေခံပြီး အစမာအိုလ်ဟွတ်စ်နာ သည် အလ္လာဟ်ဟို အရှင်မြတ် အတွက် အထူးဖြစ်သည်ဟုလည်း ဆိုကြပါတယ်။အချို့သော ဟဒီးစ် များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အလ္လာဟ် ဟို အရှင်မြတ် ၏ နီးကပ်မှု ရရန် ဝစီလာ ဖြစ်သည့်  အစမာ အိုလ်ဟွတ်စ်နာ ၏ ဥပမာ အဖြစ် မိတ်ဆက်ပေး ထားပါတယ်။

အစမာအိုလ်ဟွတ်စ်နာ (ခ) အလ္လာဟ်ဟိုအရှင်မြတ်၏ ကောင်းမြတ်သည့် နာမတော်များအကြောင်း

" အစမာအိုလ်ဟွတ်စ်နာ " သည် ကျမ်းမြတ်ကုရ်အာန်မှ ကောက်နှုတ်ထားသော စကားစုဖြစ်ပြီး အလ္လာဟ်ဟို အရှင်မြတ်၏ ကောင်းမြတ်သည့် နာမတော်များ အဓိပ္ပါယ်ရပါတယ်။ ဤစကားလုံးကို ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ်လေးပုဒ် တွင် အသုံးပြုထားပါသည်။ စူရဟ် သွာဟာ အာယသ်တော် အမှတ် ၈ ၊ စူရဟ် ဟရှ်ရ် အာယသ်တော် အမှတ် ၂၄ ၊ စူရဟ် အအ်ရာဖ် အာယသ်တော် အမှတ် ၁၈၀ နှင့် စူရဟ် အစ်ရာအ် အာယသ် တော် အမှတ် ၁၀၀တို့ ဖြစ်ပါတယ်။

 ဤအာယသ်တော် များတွင် “အလ္လာဟ် ဟို အရှင်မြတ် သည် ကောင်းမြတ်သည့် အမည်များရှိသည်” ဟုဖော်ပြထားပါတယ်။ စူရဟ် အအ်ရာဖ် တွင်အထက်ပါ အာယသ် တော် “အလ္လာဟ် ဟို အရှင်မြတ် သည် ကောင်းမြတ်သည့် အမည်များရှိသည်” ဟူလာရှိပြီးနောက် သင်သည် အလ္လာဟ် ဟို အရှင်မြတ် အား ဤကောင်းမြတ်သည့် အမည်များဖြင့် တမ်းတရန် ဟုဖော်ပြထား ပါတယ်။

အစမာအိုလ်ဟွတ်စ်နာ  နှင့်ပတ်သက်သည့် သုံးသပ်တင်ပြချက်များ ကိုတင်ပြရမည်ဆိုလျှင်

မွတ်စလင်မ် ဝေသဖ်စီးရ် ပညာရှင်များ သည် အစမာအိုလ်ဟွတ်စ်နာ နှင့်ပတ်သက်၍  ကွဲပြားသော အဓိပ္ပာယ် ဖွင့်ဆိုချက်များဖွင့်ဆို ထားကြပါသည်။ မဂျ်မအ်အိုလ်ဘယန်း ကျမ်း ရေးသားသူ သဖ်စီးရ် ပညာရှင် သွဗရစီ ၏အဆိုအရ အလ္လာဟ်ဟို အရှင်မြတ် သည် ကောင်းမွန် ကောင်းမြတ် သည့် အဓိပ္ပါယ်ရှိသော အမည်များ ဖြစ်သောကြောင့် အလ္လာဟ် ဟို အရှင်မြတ် ၏ အမည်များကို ကောင်းမွန် ကောင်းမြတ် သည်ဟုယူဆကြောင်း ဖြစ်ပါတယ်။

ပမာအားဖြင့် ဂျဝါဒ် ၊ရဟီးမ် ၊ရဇ်ဇာက်၊ ကရီးမ် ဆိုသည့် အမည်နာမတော်များဖြစ်ပါတယ်။ အလ်သစ် ဘယန်းကျမ်း တွင် ရှိက်ခ် သူစီ မှ အလ္လာဟ် ဟိုအရှင်မြတ် ၏ ကောင်းမြတ်သည့် နာမတော်များ သည် ထိုအရှင်မြတ်၏  ဂုဏ်တော်များ ဖြစ်ပြီး  အားလုံးသည် ကောင်းမွန်သည် ဟု ဆိုပါတယ်။

သဖ်စီးရ် နမူနာ ကျမ်း စုပေါင်းရေးသားသူ အာလင်မ်များ မှလည်း ရှိက်ခ် သူစီ ၏သဖ်စီးရ် ကို ရွေးချယ်ခဲ့ ကြပါတယ်။အလာမဟ် သွဗသွဗာယီ ၏ အမြင် အရ အစမာအိုလ်ဟွတ်စ်နာ ဆိုသည်မှာ ဝဆ်ဖီအဓိပ္ပာယ် ကိုဆောင်သည့် အလ္လာဟ် ဟို အရှင်မြတ် ၏ နာမတော် များ ဖြစ်ကြောင်းဆိုထားပါတယ်။ အဓိပ္ပာယ် မှာ အချို့ ဝိသေသ လက္ခဏာ ကိုဖော်ဆောင်နေပါတယ်။

ပမာအားဖြင့် ဂျဝါဒ် ၊ အာဒေလ် ၊ နှင့် ရဟီးမ် နာမတော် များ ဖြစ်ပါသည်။ အလ္လာဟ်၏ ဇာသ် (ဇာတိတော်)အား ဖော်ဆောင်နေသည့် ဂုဏ် တော်ပါ နာမတော် များ ဖြစ်ပါသည်။ ထိုကဲ့သို့ သောအမည်များရှိ သည် ဟုယူဆခြင်း ဇိုက် နှင့် အမရ် တို့၏ အမည်များကဲ့သို့ပင် လူတစ်ဦး၏ ဝိသေသ လက္ခဏာမပြဘဲ သူ့ကိုသာ ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ဝဆ်ဖီအဓိပ္ပာယ် ဆိုသည်မှာ လှပသည့် ဂုဏ်ရှိပြီး အလ္လာဟ်ဟို အရှင်မြတ်သည် ထိုထက် ပိုမို၍ လှပ ကြောင်းဖြစ်ပါတယ်။

ဆိုလိုသည်မှာ ဝဆ်ဖီ  ဖြစ်ပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ ဇာတိတော် နှင့် ထိုက်တန်ပြီး အလ္လာဟ် ဟိုအရှင်မြတ် ၏ သိက္ခာတော်နှင့် ညီသည့် အတွက်ဖြစ်ပါတယ်။ ထိုအတွက်ကြောင့် ရှိုဂျာအ် နှင့် အဖီးဖ် ဆိုသည် အမည်များသည် ကောင်းမြတ် သည့် အမည် များဖြစ်သောလည်း အလ္လာဟ် ဟို အရှင်မြတ် ၏ ဇာတိတော် အတွက် မသင့်လျော်ချေ။ အကြောင်းမှာ ဤအမည်များသည် အောင်ဆွာဖေ ဂျစ်မာနီ (ရုပ်ပိုင်းဆိုင်ရာ ဂုဏ်တော်များ) ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။ အစမာအိုလ်ဟွတ်စ်နာ သည် မည်သည့် ချို့ယွင်းချက်မဆိုမှ ကင်းစင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ကောင်းမြတ်သည့် အမည်များသည် အလ္လာဟ်ဟို အရှင်မြတ် အတွက်သီးသန့် ဖြစ်ကြောင်း

အချို့ ရှီအဟ် သဖ်စီးရ် ပညာရှင်များ နှင့် စွန်နီ သဖ်စီးရ် ပညာရှင်များသည် အာယသ်တော် «لِلَّهِ الْأَسْماءُ الْحُسْنی» အဓိပ္ပာယ် ကောင်းမြတ်သည့် အမည်များ နာမတော်များသည် အလ္လာဟ်ဟို အရှင်မြတ် အတွက် သီးသန့် ဖြစ်ပါ၏။ သက်ဝင် ယုံကြည်ကြသည်မှာ ကောင်းမြတ်သည့် အမည်များ နာမတော်များသည် အလ္လာဟ်ဟို အရှင်မြတ် အတွက် သီးသန့် ဖြစ်ကြောင်း အကြောင်း မှာ ဝါကျ၏အစတွင် "လစ်လ္လာဟ် " လာရှိအတွက် ဖြစ်ပါသည်။ ဤကဲ့သို့ရေးသားမှုသည် အာရဗီဘာသာစကားတွင် အယူအဆ၏ ကန့်သတ်ချက်နှင့် သီးသန့် ခွဲထုတ်မှုအပေါ် အလေးပေးဖော်ပြခြင်းဖြစ်ပါ သည်။ ထို့အပြင် ဤအာယသ်တော်တွင်  «اَسماء » ဆိုသည့် စကားလုံး  အား ယေဘူယျကို ညွှန်ပြသော "အလစ်ဖ် " နှင့် "လာန်မ် " တို့ဖြင့်တွဲ၍  ဖော်ပြထားပါတယ်။

အလာမဟ် သွဗသွဗာယီ အနေဖြင့် ဤအာယသ် ၏ အဓိပ္ပါယ်မှာ ကမ္ဘာပေါ်တွင် တည်ရှိနေသော (ခ) အကောင်း ဆုံးနှင့် အလှပဆုံးသော နာမတော်တိုင်းသည်  အလ္လာဟ် ဟိုအရှင်မြတ် နှင့် သက်ဆိုင်ပြီး မည်သူမျှ အလ္လာဟ် ဟို အရှင်မြတ်နှင့် အတူမပါဝင် ကြောင်း  ဆိုထားပါသည်။ သို့သော်ဤဖော်ပြချက်သည် ဆန့်ကျင်ဘက် မဟုတ်ပါဘူး။ အလ္လာဟ်  ဟို အရှင်မြတ် ၏ အခြား ဂုဏ်တော်များ ပမာအား ဖြင့် အေလ်မ် (ခ) ပညာ နှင့်  ရဲဟ်မသ် (ခ) ကရုဏာ  ကို မိမိ အပြင် အခြားသူများသတ်မှတ်ဖော်ပြထားပါသည်။ အဘယ် ကြောင့် ဆိုသော် ဆိုလို သည်မှာ  ဤအမည်များသည်အမှန်တကယ်  အလ္လာဟ်  ဟို အရှင်မြတ် အတွက်သာ ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ) ၊ အစမာအိုလ်ဟွတ်စ်နာ ၏ ဥပမာများဖြစ်ကြောင်း

အချို့သော ဟဒီးစ်တော် များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အစမာအိုလ်ဟွတ်စ်နာ၏  ဥပမာများ ဖြစ်ကြောင်း မိတ်ဆက်ပေးထားပါတယ်။ပမာအားဖြင့်  ကိုလိုင်းနီ အနေဖြင့် အာယသ်တော် “အလ္လာဟ် ဟို အရှင်မြတ် သည် ကောင်းမြတ်သည့် အမည်များရှိသည်” နှင့်ပတ်သက်ပြီး အေမာမ် ဆွာဒဏ်က် ထံ ရီဝါယသ် တော် ကို ဆင့်ပြန်ထားပါတယ်။ "အလ္လာဟ်ဟို အရှင်မြတ် အား ကျိန်ဆိုပါ၏။ ကျွန်ုပ်တို့ သည် အစမာအိုလ်ဟွတ်စ်နာ ဖြစ်ကြပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် သည် မိမိကျေးကျွန်များ၏ မည်သည့် လုပ်ရပ်မဆိုအား ကျွန်ုပ်တို့အားမသိရှိဘဲ (မအ်ရေဖသ်မရှိဘဲ) လက်ခံတော်မူမည် မဟုတ်ချေ။  " ရှီအဟ် သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် အယာရှီ (ကွယ်လွန် ဟီဂျရီ ၃၂၀ ခုနှစ် ) သည်လည်းဘဲ အဆိုပါ အာယသ်တော် နှင့်ပတ်သက်ပြီး အေမာမ် ရေဇာ (အ.စ) ထံ မှ ရီဝါယသ်တော် အားဆင့်ပြန်ထားပါတယ်။ " သင်တို့ဒုက္ခရောက်သောအခါ၊ ကျွန်ုပ် တို့ထံမှ အကူအညီကိုရှာကြလော့။ ဤ وَ لَلَّهِ الْاسماُ الْحُسْنِيْ فَدْوهُ بها အာယသ်တော် သည်အလ္လာဟ် ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော် ဖြစ်ပါတယ်။   " [12] အေမာမ် များ (အ.စ) သည် အလ္လာဟ် ဟို အရှင်မြတ် ၏ နာမတော်များ ၊ ဂုဏ်တော်များ ၏ အကောင်း တကာ အကောင်းဆုံး သရုပ်ဖော် နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ ကိုယ်စားလှယ်တော်များဖြစ်ပါတယ်။ ဤအတွက်ကြောင့် အေမာမ် များ (အ.စ) သည် အလ္လာဟ် ဟို အရှင်မြတ် ၏ ခွင့်ပြုချက်ဖြင့် ကမ္ဘာကြီးကို စီမံခန့်ခွဲနိုင်ပြီးအေမာမ် များ (အ.စ) မှ တဆင့် စစ်မှန်သည့် အလ္လာဟ်ဟို အရှင်မြတ် ဆိုင်ရာ မအ်ရေဖသ်  ကို ဆွတ်ခူး နိုင်မည် ဖြစ်ပါသည်။ ဤအတွက်ကြောင့် ဤကဲ့သို့  စာသားများ ကို  ဇေယာရသ် သေ ဂျာမေအဟ် ကဘီးရဟ် တွင် လည်း ဖော်ပြထားပါတယ်။

အချိုပညာရှင်များ အနေဖြင့် ဤကဲ့သို့ ရီဝါယသ်တော်များကို အခြေ ပြုပြီး စူရဟ် အအ်ရာဖ် အာယသ်တော် အမှတ် ၁၈၀ ပါ "အလ္လာဟ်ဟို အရှင်မြတ် အားတမ်းတ ပါလေ " ၏သဖ်စီးရ် တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် သဝစိုလ် ပြုခြင်း ဟု ဖွင့်ဆို ထားပါတယ်။

မူရင်း ရည်ညွှန်းများ

 

1.      دهکردی اصفهانی، سید ابوالقاسم، و مجید جلالی دهکردی، لمعات در شرح دعای سمات، قم، بوستان کتاب، ۱۳۸۵ش.

2.      زحیلی، وهبه، التفسیر المنیر فی العقیدة و الشریعة و المنهج، بیروت، دار الفکر المعاصر، ۱۴۱۸ق.

3.      شیخ طوسی، محمد بن حسن، التبیان فی تفسیر القرآن، تحقیق احمد قصیر عاملی، بیروت، دار احیاء التراث العربی، بی‌تا.

4.      عیاشی، محمد بن مسعود، کتاب‌التفسیر، تحقیق سیدهاشم رسولی محلاتی، تهران، چاپخانه علمیه، ۱۳۸۰ق.

5.      wikishia.net

6.      طباطبایی، سید محمدحسین، المیزان فی تفسیر القرآن، قم، دفتر انتشارات اسلامی، چاپ پنجم، ۱۴۱۷ق.

7.      طبرسی، فضل بن حسن، مجمع‌ البیان فی تفسیر القرآن، تهران، ناصرخسرو، چاپ سوم، ۱۳۷۲ش.

8.      فخر رازی، محمد بن عمر، التفسیر الکبیر، بیروت، ‌دار إحیاء التراث العربی، ۱۴۲۰ق.

9.      کلینی، محمد بن یعقوب، الکافی، تصحیح علی‌اکبر غفاری و محمد آخوندی، تهران، دارالکتب الاسلامیه، ۱۴۰۷ق.

10.  مکارم شیرازی، ناصر، پیام قرآن، قم، مدرسه امیرالمؤمنین، ۱۳۶۹ش.

11.   مکارم شیرازی، ناصر، تفسیر نمونه، تهران، ‌دار الکتب الاسلامیه، ۱۳۷۴ش.

 

**************************************************************

END / 251