အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၃ ဖေဖော်ဝါရီ ၂၀၂၄

၂၁:၀၀:၄၆
1439886

အပြစ်ဒုစရိုက် (ဂိုနဟ်) လုပ်ပြီး ပီတိ ဖြစ်ခြင်း

အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အပြစ်ဒုစရိုက် (ဂိုနဟ်) လုပ်ပြီး ပီတိ ဖြစ်ခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام السجاد علیه السلام:

 

إيَّاكَ وَ اَلاِبْتِهَاجَ بِالذَّنْبِ فَإِنَّ اَلاِبْتِهَاجَ بِهِ أَعْظَمُ مِنْ رُكُوبِهِ

 

အေမာမ် စဂျာဒ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကြင်မည်သူမဆို  အပြစ်ဒုစရိုက် (ဂိုနဟ် ) ကျူးလွန်ပြီးနောက် ဝမ်းမြောက် ခြင်း ၊ ပီတိဖြစ်ခြင်း ကို မထုတ်ဖော်လေနှင့်။အကြောင်းသည်းကား  အပြစ်ဒုစရိုက် (ဂိုနဟ်) လုပ်ပြီး ပီတိ ဖြစ်ခြင်းသည် ဤ ကျူးလွန် လိုက်သည့် ဂိုနဟ် ထက် ပို၍ ကြီးသည့် (ဂိုနဟ်) ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။   »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၁၅၉

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အပြစ်ဒုစရိုက် (ဂိုနဟ်) လုပ်ပြီး ပီတိ မဖြစ်ဖို့ အလွန် ‌ အရေးကြီးပါတယ်။ ပီတိ မဖြစ်ရမည့် အပြင် ချက်ချင်း သောင်ဗဟ် ပြုနိုင်ဖို့ ဆဒ်ကဟ်ပေး နိုင်ဖို့ အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ ယနေ့ ခေတ် တွင် ဂိုနဟ်များ ကျူးလွန်ကြပြီး နောင်တ ရ ၊ သံဝေဂ ယူရမည့် အစား ဂုဏ်ယူနေကြသူများ ရှိလာနေပြီး ဖြစ်ပါတယ်။ စာဖတ်သူအနေဖြင့် လည်း လက်ရှိ မိမိတို့ ၏ ပတ်ဝန်းကျင် အခြေအနေ ကို ပိုမို၍ သိမြင် တွေ့ ရှိနေပြီး  သာ ဖြစ်ပါတယ်။

 

****************************************************************

END / 251