အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၅ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၄:၅၂
1440310

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ပျင်းရိခြင်း၏ ရလာဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الباقر علیه السلام:

 

إِنِّي لَأُبْغِضُ الرَّجُلَ أَوْ أُبْغِضُ لِلرَّجُلِ أَنْ يَكُونَ كَسْلَاناً [كَسْلَانَ‏] عَنْ أَمْرِ دُنْيَاهُ وَ مَنْ كَسِلَ عَنْ أَمْرِ دُنْيَاهُ فَهُوَ عَنْ أَمْرِ آخِرَتِهِ أَكْسَلُ .

 

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  လောက ၏ အလုပ် အတွက် ပျင်းရိသူ အကြင်မည်သူမဆို အား ကျွန်ုပ် မနှစ်သက်ချေ။ အကြာင်မည်သူမဆို လောကီဆိုင်ရာ အလုပ်(များ)တွင်  ပျင်းရိပျင်းတွဲ ပြုလုပ်သူသည် မိမိ ၏ လောကုတ္တရာ (ခ) အာခေရသ် ဆိုင်ရာ အလုပ် (များ) တွင်လည်းပျင်းရိပျင်းတွဲ ပြုလုပ် လေ၏။   »

ကျမ်းကိုး ။ ။ ကာဖီ ကျမ်း ၊ အတွဲ ၅၊ စာမျက်နှာ ၈၅ ၊ ဟဒီးစ်တော် အမှတ် ၄

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် လောကီ ကိစ္စများ တွင် ပျင်းရိပျင်းတွဲ ပြုလုပ်မည် ဆိုလျှင် လောကုတ္တရာ (ခ) အာခေရသ် ကိစ္စတွင်လည်း ပျင်းရိ ပျင်းတွဲမည်ဖြစ် ပါတယ်။ ပမာအား ဖြင့် ရုပ် သွားဖို့ ကျောင်း သွားဖို့ အလုပ်သွားဖို့ အချိန် ဆွဲသူသည် နမာဇ် ဖတ်ဖို့ ရိုဇဟ် ထားဖို့ ခွမ်းစ် ထုတ်ဖို့ စသည်ဖြင့် ကိစ္စများတွင်လည်း အချိန် ဆွဲပေမည်။ စာကျက်ရမည် ပျင်းလျင် စာမေးပွဲ ကျရှုံးမည် ဖြစ်ပါတယ်။ အလုပ် လုပ်ရန် ပျင်းလျင် ထမင်းငတ်ပေမည်။ နမာဇ် ဖတ်ရန် ပျင်းလျင်  ကဇွာ ဖြစ်သွားမည် ဖြစ်ပါမည်။

****************************************************************

END / 251