အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၆ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၃၁:၀၄
1440620

ဟဒီးစ် စေ ဘဇ်အဟ် အကြောင်း လေ့လာကြည့်ပါစို့

ဟဒီးစ် စေ ဘဇ်အဟ် ဆိုသည်မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့်ပတ်သက်ပြီး မဟာတမန်တော်မြတ် (ဆွ) ၏ ကျော်ကြားသည့် ဟဒီးစ်တော် တစ်ပါးဖြစ်ပါတယ်။ ၎င်းဟဒီးစ်တော် တွင် ကိုယ်တော်မြတ် (ဆွ) မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို မိမိ ကိုယ်ခန္ဓာ ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း မိန့်ကြား တော်မူခဲ့ ပြီး သခင်မ၏ ပီတိ သည် မိမိ ၏ ပီတိ ဖြစ်ကြောင်း သခင်မ၏ စိတ်ဆိုး ၊ စိတ်အနှောင့်အယှက် ဖြစ်မှုသည် မိမိ၏ စိတ်ဆိုး ၊ စိတ်အ‌နှောင့်အယှက် ဖြစ်ကြောင်းမိန့်တော်မူထားပါတယ်။ ဆက်လက်၍ လေ့လာမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဒီးစ် စေ ဘဇ်အဟ် ဆိုသည်မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့်ပတ်သက်ပြီး မဟာတမန်တော်မြတ် (ဆွ) ၏ ကျော်ကြားသည့် ဟဒီးစ်တော် တစ်ပါးဖြစ်ပါတယ်။  ၎င်းဟဒီးစ်တော် တွင် ကိုယ်တော်မြတ် (ဆွ) မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို မိမိ ကိုယ်ခန္ဓာ ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း မိန့်ကြား တော်မူခဲ့ ပြီး သခင်မ၏ ပီတိ သည် မိမိ ၏ ပီတိ ဖြစ်ကြောင်း သခင်မ၏ စိတ်ဆိုး ၊ စိတ်အနှောင့်အယှက် ဖြစ်မှုသည် မိမိ၏ စိတ်ဆိုး ၊ စိတ်အ‌နှောင့်အယှက် ဖြစ်ကြောင်းမိန့်တော်မူထားပါတယ်။ ဤဟဒီးစ်တော်သည် ရှီအဟ် ၊စွန်နီ ကျမ်းကိုး အရင်းအမြစ်များတွင် ဆင့်ပြန်လာ ရှိပါသည်။ အဆိုပါ ဟဒီးစ် စေ ဘဇ်အဟ် ဖြင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) အစ်ဆမသ် (မအ်စူမ်ဖြစ်ကြောင်း) နှင့် ဖေဒက် ခြံကိစ္စ သခင်မကြီး၏ ဖြောင့်မတ် ၊မှန်ကန်ခြင်း ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုရိုသေ လေးစား တာဝန် ဖြစ်ကြောင်းတို့ကို သက်သေ ပြနေပါတယ်။

ဤအတွက်ကြောင့် အချို့ စွန်နီ ကျမ်းကိုး အရင်းအမြစ်များအရ အဘူဂျာလ်၏သမီးအား ဟာဇရသ် အလီ (အ.စ)  အတွက် ကိုယ်တော်မြတ် (ဆွ) မှ သွားတောင်းပေးချိန် တွင် ထုတ်ပြန်ခဲ့သည်ဟုဆို ထားပါသည်။ သို့သော်  ရှီအဟ် အာလင်မ်များ ၏ အမြင်အရ ဤတင်ပြမှုသည် လုပ်ကြံ ဇာတ်ဖြစ်ကြောင်း အဲဟ်လေ့ ဘိုက်(သ) (အ.စ) အပေါ် ရန်ငြိုးထား၍ ဟဒီးစ် အတုများ ကို ပြုလုပ်ထားကြောင်း ဆိုထားလေ၏။

ဟဒီးစ်တော်၏ စာသား နှင့် အဆင့်နေရာ ကိုလေ့လာကြည့်မည်ဆိုလျှင်

ဟဒီးစ် စေ ဘဇ်အဟ် သည်  တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံမှ မိမိ၏ သမီးတော် ဟဇရသ် ဖွာတွေမဟ် (စ.အ) အတွက် မိန့်ကြားခဲ့ခြင်းဖြစ်ပါသည်။ “ ဖွာတွေမဟ် (စ.အ) သည် ငါ၏ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းဖြစ်ပါတယ်။  အကြင်မည်သူ မဆို သည် ငါ့သူမ အား နာကျင်စေ ၊ စိတ်ဆိုး ၊ စိတ်အ‌နှောင့် အယှက် ဖြစ်စေ ခြင်း သည် ကျွန်ုပ် အား စိတ်ဆိုး ၊ စိတ်အ‌နှောင့်အယှက် ၊ နာကျင်စေ ခြင်း ဖြစ်ပြီး အကြင်မည်သူ မဆို သူမအား  ပီတိ ဖြစ်စေခြင်း သည် ကျွန်ုပ် အား ပီတိ ဖြစ်စေခြင်း ဖြစ်ပေတယ်။ “ဤ ဟဒီးစ်တော် အကြောင်းအရာကို ရှီအဟ် နှင့် စွန်နီ အကိုးအကားအရင်းမြစ်များ အသီးသီးတွင် ဖော်ပြထား ပါတယ်။ ဟဇရသ် အလီ (အ.စ) အစ်ဗ်နေအဘာစ် (4) အဘူဇဲရ်ဂဖါရီ  နှင့် သခင်မကြီး ဟဇရသ် ဇဲဟ်ရာ (စ.အ) တို့ သည် ဤ ဟဒီးစ်တာ် ၏ ဆင့်ပြန်သူများ ဖြစ်ကြပါတယ်။

စွန်နီသဖ်စီးရ်ပညာ ရှင်  ဂျလာလွတ်ဒီးန် စူယူသီ အနေဖြင့်  ဤဟဒီးစ်တော် တွင် ရှီအဟ် နှင့် စွန်နီ အတူတူ ဟု ခံယူထား ပါတယ်။ စွန်နီသဖ်စီးရ်ပညာ ရှင်   ဖခ်ရေ ရာဇီး သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ် တော်များ အချို့ ၏ သဖ်စီးရ် ကို ပြန်ဆိုရာ တွင် ဤ ဟဒီးစ်တော် ကို အသုံး ပြုထားပါတယ်။

ဘဇ်အဟ် (بَضعة) သို့မဟုတ် ဘေဇ်အဟ် (بِضعه) ဆိုသည်မှာ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း  တစ်ခု ဆို လိုခြင်း ဖြစ်ပါတယ်။ ဤအတိုင်းအရ ပြောရမည်ဆိုလျှင် «فُلان بَضْعَةٌ مِنِّی» ဆိုပြီး အလွန်နီးကပ်သူအတွက် ပြောဆိုပါသည်။ တစ်နည်းအား ဖြင့် ထိုပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း  ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါ တယ်။ «بَضْعَةٌ مِنِّی» ဆိုသည့် စကားစု အား အစ္စလာမ့် တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ဟဇရသ် အလီ (အ.စ) နှင့် အေမာမ် ရေဇာ  (12) အတွက်လည်းဘဲ မိန့်ကြားတော် မူခဲ့ပါတယ်။

ကလာမ်မီ ပညာရပ်နှင် ဖေက်ဟီပညာရပ်တွင် အသုံးပြုထားခြင်းများ

ဟဒီးစ် စေ ဘဇ်အဟ် အား အချို့ ကလာမ်မီ ပညာရပ်ကို သက်သေ ထူရန် အတွက် အသုံးပြုထားပါတယ်။

(၁) ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ အစ်ဆွမသ်(မှားယွင်းမှုမရှိ ခြင်း) - ကလာမ်မီ ပညာရပ်ပညာရှင်များ အနေ ဖြင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ အစ်ဆွမသ်(မှားယွင်းမှုမရှိ ခြင်း) ကို သက်သေ ထူရန် ဤဟဒီးစ် ကို အသုံးပြုခဲ့ပါတယ်။ ရှီအဟ် မရ်ဂျာ တော်များ မှတစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် စိုဘဟာနီ ( အီရန် သက္ကရာဇ် ၁၃၀၈ မွေးဖွား )  ၏ အဆိုအရ ဟဒီးစ် စေ ဘဇ်အဟ် ဆိုင်ရာ ရေဝါယသ် တော် များ တွင်  သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ ပီတိ နှင့် နာကျင်မှု၊သဘောမကျမှု ကို တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ပီတ နှင့် နာကျင်မှု ၊ အလ္လာဟ် ဟို အရှင်မြတ် ၏ ပီတိ နှင့် နာကျင်မှု အဖြစ် စံ သတ်မှတ် ချက် အဖြစ် သတ်မှတ် ခဲ့ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ်သည် ကောင်းမြတ်သည့် အလုပ်များ မှ အပ ဂိုနဟ် (အပြစ် ကျူးလွန်ခြင်း ) မိမိ၏ အမိန့်မနာ ခံ ခြင်း ကို မနှစ်သက် မနှစ်မြို့ တော် မူပေ။ အကယ်၍ ဟဇရသ် ဇဲဟ်ရာ (စ.အ) ဂိုနဟ် အပြစ် တစ်ခု အား ကျူးလွန် မည် လျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ကျေနပ်တော်မူမည် မဟုတ်ချေ။ ဟဒီးစ် စေ ဘဇ်အဟ် သည်  အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေနပ် နှစ်မြိ မှု အား သခင်မဖွာတွေမဟ် (စ.အ) ၏ ကျေနပ် နှစ်မြို့ မှု နှင့် ချိတ်ဆက်ထား ပါတယ်။

*ဟဇရသ် ဖွာတွေမဟ် (စ.အ) သည် စကြာဝဠာ ရှိ အမျိုးသမီး များ ထက် သာလွန် မြင့်မြတ်ခြင်း - စွန်နီသဖ်စီးရ်ပညာ ရှင်   ရှဟာဘွတ်ဒ် ဒီးန် အာလူစီ ( ဟီဂျရီ ၁၂၇၀ ခုနှစ် ကွယ်လွန် ) ဤဟဒီးစ်တော် အား အာယသ်တော် «وَإِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَهَ اصْطَفَاكِ وَطَهَّرَكِ وَاصْطَفَاكِ عَلَىٰ نِسَاءِ الْعَالَمِينَ» ၏ အောက်တွင် အသုံးပြုထားပါသည်။ (15) ဟဇရသ် ဖွာတွေမဟ် (စ.အ)သခင်မကြီး သည် ဟဇရသ် မယ်ရယန်း သခင်မကြီး အပါအဝင် ကမ္ဘာ့အမျိုးသမီးများထက် သာလွန် မြင့်မြတ် မှုကို ရည်ညွှန်းထားပါတယ်။

*ဖေဒက်ခြံတော် ကိစ္စ တွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မှန်ကန် ကြောင်း ကို လည်း ဤ ဟဒီးစ်တော် ကို အသုံး ပြုထားပါတယ်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ဝဖါးသ် ဖြစ်တော်မူပြီးနောက် ဟဇရသ် ဇဲဟ်ရာ (စ.အ) မကျန်းမမာဖြစ်ကာ အိပ်ရာ ပေါ်တွင် ရှိက်ခ်ခိုင်းန် ကို ဆန္ဒပြ ကန့်ကွက်ခဲ့သည် ကိစ္စ တွင်လည်း ဤ ဟဒီးစ်တော် ကို  ကိုးကားထားပါတယ်။

ထိုနည်းတူစွာ အဲဟ်လေ့ဘိုက်(သ) (အ.စ) ရိုသေလေးစား ရန်ကိစ္စ အဖေအတွက် သားသမီး ၏ သက်သေထွက်ဆိုချက် ကို လက်မခံခြင်း သို့မဟုတ်ပြောင်းပြန် သားသမီးအတွက် အဖေ ၏ သက်သေ ထွက်ဆိုချက်ကို လက်မခံခြင်း ကိစ္စ အမေများ နှကိ့ သမီးများ နှင့် အိမ်ထောင်ပြုခြင်းသည် ဟရာမ် ဖြစ်ကြောင်း ကိစ္စ မိဘ နှစ်ပါး အား ရိုသေလေးစားရန် အရေးကြီးကြောင်း ကိစ္စ အမျိုးသမီးများ ကဗဲရ်များ၏ ဇေယာရသ် ပြုခွင့် ရှိသည့် ကိစ္စ  (23) များ တွင် ဤ ဟဒီးစ်တော် အား အကိုး အကား ပြုထား ပါတယ်။

ဟဒီးစ် စေ ဘဇ်အဟ် အား ဟဇရသ် အလီ (အ.စ)  အားဆန့်ကျင် ၍ အသုံး ပြုခြင်းကို လေ့လာကြည့် မည်ဆိုလျှင်

ပင်မဆောင်းပါ - အဘူဂျာလ်၏သမီးအား ဟာဇရသ် အလီ (အ.စ)   သွားတောင်းသည့် ကိစ္စ  ကိုလေ့လာ ရပါမည်။ အချို့သော တင်ပြချက်များ အရ ဟဒီးစ် စေ ဘဇ်အဟ် သည် အဘူဂျာလ်၏သမီးအား ဟာဇရသ် အလီ (အ.စ)   သွားတောင်းသည့် ကိစ္စ   အတွက် ဖြစ်သည်ဟု ဆိုထားကြပါတယ်။ အစ်ဗ်နေဟန်ဘဲလ် ( ဟီဂျရီ ၂၄၁ ခုနှစ် ကွယ်လွန် ) ၏ အဗ်ဒိုလ္လာဟ် ဘင်န် ဇိုဘိုင်းရ် ထံမှ  ဆင့်ပြန်ချက်အရ ဟဇရသ် အလီ (အ.စ) သည် အဘူဂျာလ်၏သမီးအား လက်ထပ်ရန် အကြောင်း ပြောဆိုသည့်အခါ ထိုသတင်း သည် ကိုယ်တော်မြတ် (ဆွ) ထံ ရောက်သွားပြီး ဟဇရသ် မှ  (အရဘီ - «اِنّما فَاطِمَةُ بَضْعَةٌ مِنِّی یُوذینی ما آذَاها».) မိန့်ကြားတော်မူခဲ့သည် ဟုဆိုထားပါတယ်။ ဤကိစ္စ အား  အခြား အကိုးအကား အရင်းအမြစ်များ တွင် မတူညီသည့် စာသားများ ဖြင့် ဖော်ပြထားပါတယ်။

ဆယက်ဒ် မိုရ်သဇာ ရှီအဟ် ကလာမ်ပညာရှင် ( ဟီဂျရီ သက္ကရာဇ် ၃၅၅ မှ ၄၃၆ ) ဤ တင်ပြမှုကို လုပ်ကြံဇာတ်များ ဖြစ်ကြောင်း လက်ခံ ဆိုထားပါတယ်။ အေမာမ် ဆွာဒဏ်က် (အ.စ) ၏ ရီဝါယသ်တော် တစ်ခု အရ လည်း ဤဇာတ်လမ်း သည် လုပ်ကြံ ဇာတ်လမ်း ဖြစ်ကြောင်း လာရှိပါတယ်။ အဘူ ဟိုရိုင်ရာ သည် ဤဇာတ်လမ်း ကို တင်ပြသည့် ဟဒီးစ် အတုကို ဆင့်ပြန်သူများ မှ တစ်ဦး ဖြစ်ပါတယ်။  ထိုနည်း တူစွာ ဟိုစိုင်းန် ကရာ ဘီစီ ၊ မစ်ဝရ်ဘင်န်မခ်ရမဟ် ဇိုဟ်ရာ တို့သည်လည်း ဤလုပ်ကြံ ဇာတ်လမ်း ကို တင်ပြသူများ ဖြစ်ကြပြီး ၎င်းတို့အား အေလ်မေရေဂျာ ပညာအရ အားနည်းသူများ(အမှန်သူများ) ၊ စိတ်ချရသူ များ မဟုတ်ကြောင်း မိတ်ဆက် ဖော်ပြထားပါသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ရီဝါယသ်တော်များ သည် လက်ခံ နိုင်စွမ်း မရှိသည့် ရီဝါယသ်တော်များ ဖြစ်ပါတယ်။

ဆယက်ဒ် မိုရ်သဇာ သည်  ကရာ ဘီစီ အား နစေဘီ (အဲဟ်လေ့ဘိုက်(သ) (အ.စ) အားမုန်းတီးသူ) အဖြစ် လက်ခံ ထားပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ရန် ငြိုးထားသူ ဟု ဆိုထားပါတယ်။  ဤကယ်၍ ဤလုပ်ကြံ ဇာတ်သည် အဖြစ်မှန်ပါက ဟဇရသ် အလီ (အ.စ) ၏ ရန်သူများဖြစ်သည့် ဘနီ အိုမိုင်ယဟ် နှင့် ၎င်း၏ ဘက်တော်သားများသည် ဟဇရသ် ၏ ပုံရိပ် (ဂုဏ်သိက္ခာ )ကို ဖျက်စီးရန် နှင့် မိမိတို့၏ ရည်ရွယ် ချက်များ ကို အောင်မြင်အောင် ဤအဖြစ်အပျက်ကို အသုံးမပြုခဲ့ကြပါသနည်းဆိုသည့် အချက်ဖြစ်ပါတယ်။

အစ္စလာမ်သမိုင်း ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဂျအ်ဖရ်မိုရ်သဖာ အာမိုလီ ( ဟီဂျရီ ၁၄၄၁ ခုနှစ် ကွယ်လွန်) သည် အဘူဂျာလ်၏သမီးအား ဟာဇရသ် အလီ (အ.စ)   သွားတောင်းသည့် ကိစ္စ  သည် မှန်ကန်မှု မရှိကြောင်း ကို အထောက်အထား ၁၃ ခု ပေး၍ ဖော်ပြထားပါတယ်။

မူရင်း ရည်ညွှန်းများ

  1. ابن‌ابی‌الحدید، عبدالحمید، شرح نهج البلاغه، تحقیق محمد ابوالفضل ابراهیم، بی‌جا، دار احیاء الکتب العربیه، بی‌تا.
  2. ابن‌اثیر، مجدالدین، النّهایة فی غریب الحدیث والأثر، تحقیق محمود محمد طناحی، قم، اسماعلیلیان، چاپ چهارم، ۱۳۶۴ش.
  3. ابن‌بطریق، یحیی، عمدة عیون صحاح الاخبار فی مناقب امام الابرار، قم، النشر الاسلامی، ۱۴۰۷ق.
  4. ابن‌حنبل، احمد، مسند احمد، بیروت، دار صادر، بی‌تا.
  5. wikishia.net
  6. ابن‌سجستانی، سلمان، سنن ابی‌داود، بیروت، دار الفکر، ۱۴۱۰ق.
  7. ابن‌شاذان، فضل، الایضاح، تحقیق جلال‌الدین حسینی، تهران، مؤسسة انتشارات، ۱۳۵۱ش.
  8. ابن‌شاهین، عمر، فضائل سیدة النساء، تحقیق ابواسحاق، القاهرة، مکتبة التربیة الاسلامیة، ۱۴۱۱ق.
  9. ابن‌عربی، محمد، احکام القرآن، بیروت، دار الفکر، بی‌تا.
  10. ابن‌قدامه، عبدالله بن احمد، المغنی، بیروت، دار الکتاب العربی، بی‌تا.
  11. ابن‌ماجه، محمد، سنن ابن‌ماجة، تحقیق محمد فؤاد، بی‌جا، دار الفکر، بی‌تا.
  12. ابن‌مغازلی، علی، مناقب علی بن ابی‌طالب، بی‌جا، انتشارات سبط النبی، ۱۴۲۶ق.
  13. ابن‌منظور، محمد بن مکرم، لسان العرب، بیروت، دار صادر، بی‌تا.
  14. ایجی، عبدالرحمان بن احمد، المواقف، تحقیق عبدالرحمن عمیرة، بیروت، دار الجلیل، ۱۴۱۷ق.
  15. بخاری، محمد بن اسماعیل، صحیح البخاری، بیروت، دار الفکر، ۱۴۰۱ق.
  16. تستری، محمدتقی، قاموس الرجال، تحقیق مؤسسة النشر الاسلامی، قم: النشر الاسلامی، ۱۴۲۸ق.
  17. خزاز قمی، علی، کفایة الاثر فی النص علی الائمّة الاثنی‌عشر، تحقیق عبداللطیف حسینی، قم، بیدار، ۱۴۰۱ق.
  18. راغب اصفهانی، حسین بن محمد، مفردات الفاظ القرآن، تحقیق صفوان عدنان داوودی، بی‌جا، طلیعة النور،۱۴۲۶ق.
  19. سبحانی، جعفر، پژوهشی در شناخت و عصمت امام، مشهد، بنیاد پژوهش‌های اسلامی، ۱۳۸۹ش.
  20. سید مرتضی، علی بن حسین، الشافی فی الامامة، تهران، مؤسسه الصادق(ع)، چاپ دوم، ۱۴۱۰ق.
  21. سید مرتضی، علی بن حسین، تنزیه الانبیاء، قم، الشریف الرضی، ۱۲۵۰ق.
  22. سیوطی، جلال‌الدین، الثغور الباسمه فی مناقب السیدة فاطمة، جمعیة الآل والاصحاب، چاپ اول، ۱۴۳۱ق.
  23. شهید اول، محمد بن مکی، ذکری الشیعة فی احکام الشریعة، تحقیق مؤسسة آل البیت، قم، مؤسسة آل‌البیت، ۱۴۱۹ق.
  24. شیخ صدوق، محمد بن علی، الاعتقادات، تحقیق عصام عبدالسید، بیروت، دار المفید، چاپ دوم، ۱۴۱۴ق.
  25. شیخ صدوق، محمد بن علی، الامالی، قم، مؤسسة البعثة، ۱۴۱۷ق.
  26. شیخ صدوق، محمد بن علی، الخصال، تحقیق علی‌اکبر غفاری، بی‌جا، جماعة المدرسین فی الحوزة العلمیه، بی‌تا.
  27. شیخ صدوق، محمد بن علی، من لایحضره الفقیه، تحقیق علی‌اکبر غفاری، قم، جامعه مدرسین، الطبعة الثانیة، ۱۴۰۴ق.
  28. شیخ طوسی، محمد بن حسن، الامالی، قم، دار الثقافة، ۱۴۱۴ق.
  29. شیخ مفید، محمد بن محمد، الامالی، بیروت، دار المفید، ۱۴۱۴ق.
  30. فتال نیشابوری، محمد، روضة الواعظین، قم، منشورات الرضی، بی‌تا.
  31. فخر رازی، محمد بن عمر، التفسیر الکبیر، تهران، دار الکتب العلمیة، بی‌تا.
  32. فضلی، عبدالهادی، اصول الحدیث، بیروت، مؤسسة ام القری للتحقیق والنشر، چاپ سوم، ۱۴۲۱ق.
  33. مجلسی، محمدباقر، بحار الانوار، بیروت، مؤسسة الوفاء، ۱۴۰۳ق.
  34. مرتضی عاملی، جعفر، الصحیح من سیرة الإمام علی، قم، ولاء المرتضی، ۱۴۳۰ق.
  35. مغربی، نعمان بن محمد، شرح الاخبار فی فضائل الائمة الاطهار، تحقیق محمد حسینی جلالی، قم، مؤسسة النشر الاسلامی، بی‌تا.
  36. نیشابوری، مسلم بن حجاج، صحیح مسلم، بیروت، دار الفکر، بی‌تا.
  37. بحرانی، هاشم، البرهان فی تفسیر القرآن، قم، مؤسسة البعثة، بی‌تا.
  38. ابن‌شهرآشوب، محمد بن علی، مناقب آل ابی‌طالب(ع)، قم، علامه، چاپ اول، ۱۳۷۹ق.

**************************************************************

END / 251