အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၈:၀၄
1441092

ဘာဇါရ်ရေ ရှမ်း အကြောင်း တစေ့တစောင်း

ဘဇါရ်ရေရှမ်း သို့မဟုတ် ဘဇါရ် ဟမီဒီယဟ် ဆိုသည်မှာ ဒမတ်စကတ်မြို့ ၏ သမိုင်းဝင် စျေး တစ်ခု ဖြစ်ပါတယ်။ ယဇီးဒ်ဘင်န် မိုအာဝေယဟ် ၏ အမိန့်ဖြင့် ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများကို ဤစျေး တွင် လှည့်လည် ပြခဲ့ခြင်းဖြစ်ပါတယ်။ မုဟော်ရမ် လ ၏ အဇါဒါရီများ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မဆွာ အေဗ် (ဆင်းရဲဒုက္ခများ) ကို တင်ပြသည့်အခါ ဤ စျေး အကြောင်းလည်း ပါဝင်ပါတယ်။ ဆက်လက်၍ လေ့လာ ပါမည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘဇါရ်ရေရှမ်း သို့မဟုတ် ဘဇါရ် ဟမီဒီယဟ် ဆိုသည်မှာ ဒမတ်စကတ်မြို့ ၏ သမိုင်းဝင် စျေး တစ်ခု ဖြစ်ပါတယ်။ ယဇီးဒ်ဘင်န် မိုအာဝေယဟ် ၏ အမိန့်ဖြင့် ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများကို ဤစျေးတွင် လှည့်လည် ပြခဲ့ခြင်းဖြစ်ပါတယ်။ မုဟော်ရမ် လ ၏ အဇါဒါရီများ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ)  ၏ မဆွာအေဗ် (ဆင်းရဲဒုက္ခများ) ကို တင်ပြသည့်အခါ ဤ စျေး အကြောင်းလည်း ပါဝင်ပါတယ်။ ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) သည် ဒမတ်စကတ်မြို့ ၏ အရေးကြီးတကာအရေးအကြီး ဆုံးစျေးဖြစ်ပြီး မြို့ ဟောင်းပိုင်းတွင် ရှိပြီး မတ်စ်ဂျစ်ဒ် ဒေ ဂျာမေအ် အမဝီ ၏အနီးတွင် တည်ရှိပါတယ်။

တည်နေရာ ကိုကြည့်မည်ဆိုလျှင်

ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) သည် ဒမတ်စကတ်မြို့ဟောင်း၏ အစိတ်အပိုင်းတစ်ခုတွင် တည်ရှိ သည့်  အရေးကြီးတကာအကြီး ဆုံးဈေးဖြစ်ပါ တယ်။  ဤဈေးသည် အရှည် ၆၀၀ မီတာခန့် အကျယ် ၁၅  မီတာ နှင့် အမြင့် ၈ မီတာရှိပြီး ၎င်းသည် အဆုံးတွင် မတ်စ်ဂျစ်ဒ် ဒေ ဂျာမေအ် အမဝီ ရှိပါတယ်။ ၎င်း၏ လက်ရှိအဆောက်အဦးသည် အော်တိုမန်ခေတ်မှ စတင်ခဲ့ပါသည်။ စူလ်သာန် အဗ်ဒိုလ်ဟမီးဒ် သည် ခရစ် နှစ် ၁၇၈၀ ခုနှစ်တွင် အထပ်နှစ်ထပ်ဖြင့် တည်ဆောက်ခဲ့ပြီး ထိုအချိန်နောက်ပိုင်းတွင် ဘဇါရ် ဟမီဒီယဟ် အဖြစ်ကျော်ကြားခဲ့ပါတယ်။ သို့သော် ပါရှန်းစာအုပ်တချို့မှာ ဟမီဒီယဟ် လို့ အမည်ပေးရခြင်းရဲ့ အကြောင်းရင်းက ခန်နကာဟ် (ခ) ဓမ္မရိပ်သာ သို့မဟုတ် အဲဟ်မဒီယဟ် မဒရ်စဟ် နှင့် ဟမီဒီယဟ် ဗလီဝတ်ကျောင်တို့ ရှိနေသည့် အတွက်ကြောင့် ဟု ဆိုပါတယ်။ ရောမအင်ပါယာအဆုံးတွင် ဂျူပီတာ ဗိမာန်တော်၏ ကော်လံအကြွင်းအကျန်များ ကျန်ရှိနေသေးသည်ဟု ဆိုပါတယ်။ ဘဇါရ်ရေရှမ်း (ခ) ဒမတ်စကတ်မြို့၏စျေး) သည်  ဇေယာရသ် ပြုသူများ နှင့် နိုင်ငံခြား ခရီးသွားများ ၏ စိတ်ဝင်စားဖွယ် နေရာများ ထဲမှ တစ်ခု ဖြစ်ပြီး ၎င်းတို့ လာရောက် လည်ပတ်လေ့ ရှိပါ တယ်။

ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများ ဤစျေးမှ ဖြတ်သွားကြ ခြင်းကိုလေ့လာကြည့်မည်ဆိုလျှင်

အာရှုရာ  ၏အဖြစ်အပျက်ပြီးနောက် ယဇီးဒ်ဘင်န် ဒမတ်စကတ် မြို့ကိုအလှဆင်ပြီး ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများ မြို့ထဲသို့ခေါ်ဆောင်ခဲ့ပါတယ်။ ဒမတ်စကတ် မြို့သူမြို့သားများ သည် မြင်ကွင်းကိုကြည့်ရှုရန် စုရုံးကြပြီး ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများ ဤ မြို့ရှိ  လမ်းများနှင့် ဈေးများတွင် လူများ စုဝေူ၍ ကြည့်ကြရန် လည့်လည် ပြသခဲ့ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ပြုလုပ်သည့် အဇါဒါရီ မဂျ်လစ်များ တွင် ဘဇါရ်ရေရှမ်း ကို အများအပြား ဖော်ပြကြပါတယ်။  မုဟော်ရမ် လ ဆဖရ် လတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ)  ၏ မဆွာအေဗ် (ခ) ဆင်းရဲဒုက္ခများ) ကိုဖော်ပြရာတွင် ယဇီးဒ် ၏ ထိုင်ဝိုင်း နန်းတော် တွင် ဝင်ရောက်ခြင်း၊ ဘဇါရ်ရေရှမ်း (ခ) ဒမတ်စကတ်မြို့၏စျေး တွင် လှည့်လည် ပြသ ခံရခြင်း ၊ ဒမတ်စကတ်မြို့သူမြို့သား ၏ အပြုအမှုများ ပါဝင်ပါသည်။အီရန်နိုင်ငံရှိ အချို့သောမြို့များတွင် ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) ပတ်သက်သည့် သရုပ်ပြ ဇာတ်များ ပြကြပါတယ်။

ပါရှန်း စာပေ တွင် လေ့လာကြည့်မည်ဆိုလျှင်

ဘဇါရ်ရေရှမ်း (ခ) ဒမတ်စကတ်မြို့၏စျေး) သည် ပါရှန်းစာပေနှင့် စကားပုံများ၊ ယေနာယဟ်များ အများအပြား အသုံး ပြုကြပါတယ်။ ထိုနည်း တူစွာ မုဟော်ရမ် လ ၏ အဇါဒါရီမဂျ်လစ်များ  ဖတ်ရွတ်ကြ သည့် ကဗျာများ၊ နောင်ဟဟ် များတွင် ဘဇါရ်ရေရှမ်း (ခ) ဒမတ်စကတ်မြို့၏စျေး အား အများအပြား အသုံး ပြုထားပါတယ်။

မူရင်း ရည်ညွှန်းများ

  1. دمشق القدیمه؛ سوق الحمیدیه، انتشار: ۵ می، ۲۰۱۴م، بازبینی: ۲۹ فروردین ۱۳۹۶ش.
  2. دهخدا، علی‌اکبر، لغت‌نامه دهخدا.
  3. شهیدی، غلامحسین، بازار شام، دایرة المعارف تشیع، ج۳، نشر شهید سعید محبی، تهران، ۱۳۸۰ش.
  4. قائدان، اصغر، اماکن سیاحتی و زیارتی دمشق، تهران، مشعر، ۱۳۸۸ش.
  5. wikishia.net
  6. محدثی، جواد، فرهنگ عاشورا، قم، نشر معروف، چاپ سیزدهم، ۱۳۸۸ق.
  7. مقرم، عبدالرزاق، مقتل الحسین علیه‌السلام، بیروت، مؤسسه الخرسان للمطبوعات، ۱۴۲۶ق/۲۰۰۷م.

**************************************************************

END / 251