အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၉ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၇:၃၂
1441264

သီချင်းဆိုခြင်း သို့မဟုတ် ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဒိုအာ ကို သီချင်း အလိုက် ဖြင့် ဖတ် ခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ သီချင်းဆိုခြင်း သို့မဟုတ် ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဒိုအာ ကို သီချင်း အလိုက် ဖြင့် ဖတ် ခြင်း နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ သီချင်းဆိုခြင်း သို့မဟုတ် ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဒိုအာ ကို သီချင်း အလိုက် ဖြင့် ဖတ် ခြင်း  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

သီချင်းဆိုခြင်း သို့မဟုတ် ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဒိုအာ ကို သီချင်း အလိုက် ဖြင့် ဖတ်ခြင်း နှင့်ပတ်သက် ပြီး ဘယ်လို အမိန့် ရှိပါသလဲ ?

အဖြေ

ဂေနာ ဆိုသည်မှာ မကောင်းသည်သူများ စုဝေးသည့် နေရာတွင် (ပါတီများတွင်၊နိုက်ကလပ်များတွင်) သီးသန့် သီဆိုသည့် အလိုက်နှင့် အသွား ဖြစ်ပါသည်။ ပမာအားဖြင့် သီချင်း သို့မဟုတ် သီဆိုခြင်း စသည်တို့ ရှရီအတ် တွင် ဟရာမ် ဖြစ်ပါသည်။ ထိုနည်းတူစွာ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဒိုအာ ကို သီချင်း အလိုက် ဖြင့် ဖတ်ခြင်းလည်း ဟရာမ် ဖြစ်ပါသည်။

အကြံပြုချက် - အထူးသတိပြုသင့်ပါတယ်။ ယနေ့ တစ်ချို့ ကစီဒဟ်များ ကဗျာများ ကို သီချင်း အသွားများနှင့် ဖတ်နေကြပါတယ်။ သီချင်းအသွားနဲ့ သီဆိုထားသည့် ကစီဒဟ်များ ကဗျာများကိုလည်း သေချာ မသိဘဲ အတု ခိုး၍ လိုက်ဆိုနေကြပါတယ်။ ကျွမ်းကျင်သူများ လည်း ဤ ကိစ္စအတွက် ပြောပြသင့်ပါတယ်။ အထူးသဖြင့် သောကြာနေ့ ခွသ်ဗဟ်များ မဂျ်လစ်တရားပွဲများတွင် ထည့်သွင်း ဖော်ပြသင့်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251