အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၉ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၃၀:၃၉
1441270

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ်ဇမာန်း (အ.ဂျ) ချစ်နှစ်သက်အောင် နေနည်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အလ်ဂိုက်ဗဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام الصادق (عليه السلام):

مَن سَرَّهُ أنْ يَكونَ مِن أصحابِ القائِمِ فَليَنتَظِر وَ لْيَعَمل بِالوَرَعِ .

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

«   အကြင်မည်သူမဆို အေမာမ် မဲဟ်ဒီ (အ.ဂျ)၏ သာဝကတော်များ တွင် ပါဝင်လိုလျှင်  အေမာမ်  (အ.ဂျ) အား သက္က်ဝါးတရား (သီလ၊သမာဓိ) ကို ဆုပ်ကိုင်ပြီး စောင့်မျှော် နေရမည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ အလ်ဂိုက်ဗဟ် ကျမ်း  ၊ စာမျက်နှာ ၂၀၀

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက်နေလား ? မနေလားဆိုတာ ကို စိစစ်လေ့လာ နိုင်မည် ဖြစ်ပါတယ်။အေမာမ်  (အ.စ) ၏   ဟဒီးစ်တော် အတိုင်း နေနိုင်အောင် ကြိုးပမ်း ရမည် ဖြစ်ပါတယ်။ ပြီးနောက်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားသူတိုင်း ကိုလည်း အေမာမ် ဆွာဒစ်က် (အ.စ) ၏  ဟဒီးစ် တော် ကို မျှ ဝေပေးရမည် ဖြစ်ပါတယ်။ ဤ အေမာမ် ၏ ဟဒီးစ်တော် အတိုင်း လိုက်နာ နေထိုင်ကြမည်ဆိုလျှင် ကျနော်တို့ သည် အေမာမ် ဇမာန်း (အ.ဂျ) ၏ အချစ်တော် များ တွင် ပါဝင်လာမည် ဖြစ်ပါတယ်။

****************************************************************

END / 251