အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁ မတ် ၂၀၂၄

၂၀:၂၆:၁၀
1441466

နိုကဘာယေဘနီအစ္စရာအီ အကြောင်း သိကြောင်းစရာ

နိုကဘာယေဘနီအစ္စရာအီ ဆိုသည်မှာ ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) ၏ အုပ်စု တစ်ဆယ့် နှစ်စု ၏ ကိုယ်စားလှယ် တော် တစ်ဆယ့်နှစ်ဦး ( အ(စ်)ပါသွ် ဘနီအစ္စရာအီ) ဖြစ်ပြီး ဟဇရသ် ယအ်ကူဗ် (အ.စ) ၏ သားများ ဖြစ်ပါသည်။ အလ္လာဟ်ဟိုအရှင်မြတ် ၏ အမိန့်တော်ဖြင့် ဟဇရသ် မူစာ (အ.စ) (ပရောဖက် မောရှေ) ၏ လက်တော်ဖြင့် ရွေးချယ်ခြင်းခံရသူများ ဖြစ်ပါတယ်။ ဆက်လက်ပြီးလေ့လာကြည့်မည်။


 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

နိုကဘာယေဘနီအစ္စရာအီ ဆိုသည်မှာ ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) ၏ အုပ်စု တစ်ဆယ့် နှစ်စု  ၏ ကိုယ်စားလှယ် တော် တစ်ဆယ့်နှစ်ဦး ( အ(စ်)ပါသွ် ဘနီအစ္စရာအီ) ဖြစ်ပြီး ဟဇရသ် ယအ်ကူဗ် (အ.စ) ၏ သားများ ဖြစ်ပါသည်။ အလ္လာဟ်ဟိုအရှင်မြတ် ၏ အမိန့်တော်ဖြင့် ဟဇရသ် မူစာ (အ.စ) (ပရောဖက် မောရှေ) ၏ လက်တော်ဖြင့် ရွေးချယ်ခြင်းခံရသူများ ဖြစ်ပါတယ်။  ၎င်းတို့၏တာဝန်မှာ အလ္လာဟ် ဟို အရှင်မြတ် မှ  ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) တို့အား ပေးထားသည့် ပဋိညာဉ်ကို ကာကွယ် ရန်ဖြစ်ပါ သည်။ နိုကဘာအ် (  ဣ သ ရေ လ မျိုးနွယ် ၏ ကိုယ်စားလှယ်တော် တစ်ဆယ့်နှစ်ဦး ) သည် ဘိုက်သိုလ် မိုကဒက်စ် ( ယေရုရှလင်) ဘက်မှ ပြောင်းရွေ့ ရန်အတွက် ရက်စက် ညှဉ်းပန်း ဖိနှိပ်သည့် လူမျိုး စု ၏ သတင်း အချက် အလက်များ စုဆောင်းရန် လည်း တာဝန်ရှိပါ သည်။ဟဇရသ် မူစာ (အ.စ) သည် ၎င်းတို့ အား မိမိ တို့ ရရှိသော သတင်း အချက် အလက်များ ကို မိမိ တို့ ၏ လူမျိုး အား မပေးစေရန် တောင်းဆိုခဲ့ ပါတယ်။ (သို့သော်) အများစုမှာ ဤအမိန့်ကို မနာခံခဲ့ကြပေ။

 

ရှီအဟ်စွန်နီ ၏ရင်းမြစ်များတွင် တမန်‌တော်မြတ် (ဆွ) ထံမှ ရီဝါတော်များ ဆင့်ပြန်ထားကြပြီး တမန်တော် မြတ် (ဆွ) ၏ အရိုက်အရာကို ဆက်ခံမည် အရေအတွက် မှာလည်း ဆယ့်နှစ်ဦး (၁၂ဦး) ဖြစ်၍ နိုကဘာအ် ဘနီ အစ္စရာအီ  (  ဣ သ ရေ လ မျိုးနွယ် ၏ ကိုယ်စားလှယ် တော် တစ်ဆယ့်နှစ်ဦး ) ၏ အရေအတွက်နှင့် ညီမျှနေကြောင်း တူနေ ကြောင်း လာရှိပါသည်။ ဤ ဟဒီးစ်တော်များ ရီဝါယသ်တော်များ ကို ခလီဖဟ်၁၂ပါး  အဖြစ် ကျော်ကြားပါတယ်။ ရှီအဟ် ပညာရှင်များ အနေဖြင့် ဤ ဟီးစ်တော်များ ရီဝါယသ်တော်များ ကို အေမာမ် ဆယ့်နှစ်ပါး ၏ အေမာမ်မသ် ကို သက်သေထူရန် အတွက် အသုံး ပြုကြပါတယ်။

နိုကဘာ ၊ ဟဇရသ် မူစာ (အ.စ) ၏ ကိုယ်စားလှယ်တော် များကိုလေ့လာကြည့်မည်ဆိုလျှင်

နိုကဘာယေဘနီအစ္စရာအီ သည် မိမိတို့၏ လူမျိုးစု အုပ်စု တို့တွင်  ဟဇရသ် မူစာ (အ.စ) ၏ ကိုယ်စားလှယ်တော် များ ဖြစ်ကြတယ်။ အချို့သော ရီဝါဘသ်တော်များ အရ ၎င်းတို့အား အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော်နှင့် တမန်တော်  မူစာ (အ.စ)  ၏ လက်တော် ဖြင့် ရွေးချယ်ခဲ့ပါတယ်။ သဖ်စီးရ် ပညာရှင်များ ၏ အဆိုအရ နိုကဘာ  သည် ဘနီ အစ္စရာအီ (ဟဇရသ် ယအ်ကူဗ် (အ.စ) ၏ အမျိုးအနွယ်) တစ်ဆယ့်နှစ်နွယ်တွင် ပါဝင်ပြီး မျိုးနွယ်စုတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။

နိုကဘာသည် မိမိလူမျိုးစု ၏ အကြီးအကဲ ဖြစ်ပြီး အားကောင်းသောမဲများနှင့် အထူးရာထူးတစ်ခုရ ရှိထားပါတယ်။ အချို့သောသဖ်စီးရ် စာအုပ်များတွင် နိုကဘာ ကို မိမိ လူမျိုး ၏ခေါင်းဆောင်အဖြစ် ဦးသျှောင်နှင့် ဘုရင် ပင်  အုပ်စုတစ်စုသည် နောက်ပိုင်းတွင် တမန်တော် များဖြစ်လာသည်ဟုလည်း ယုံကြည် ကြပါ တယ်။

အချို့ က သူတို့ကို မြင့်မြတ်သောရာထူး ပေးထားပြီးသူတို့ကို ကျမ်းဂန်ရ များဟု မှတ်ယူကြပြီး ၎င်းတို့ကို ရိုးရိုး တမန်တော်များ ထက် သာလွန်ပြီး အူလူအဇ်မ်နဘီများ ( နဘီကြီး (အ.စ) ငါးပါး ) ထက် နိမ့် သည်ဟု ယူဆကြပါတယ်။

စူရဟ် မာအေဒဟ် ၏ အာယသ်တော် အမှတ်  ၁၂ တွင် အလ္လာဟ် ဟို အရှင်မြတ်သည်  ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) များထဲမှ ခေါင်းဆောင်ဆယ့်နှစ်ဦးကို ရွေးချယ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၎င်းတို့၏ အဆင့်အတန်း  ကုရ်အာန်တွင်  ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိချေ။သဖ်စီးရ် ပညာရှင်များ သည် ၎င်းတို့နှင့်ပတ်သက်သည့် အမြင်အမျိုးမျိုးရှိကြပါ တယ်။

တမန်တော်မြတ်(ဆွ) ၏ အရိုက်အရာ ဆက်ခံသူများ  နှင့် နိုကဘာယေဘနီအစ္စရာအီ တို့၏ ဆင်တူမှု လေ့လာကြည့်မည်ဆိုလျှင်

တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)၏ ထံမှဆင့်ပြန်သည့် ဟဒီးစ်တော်များတွင် ကိုယ်တော်၏ အရိုက်အရာ ကို ဆက်ခံ မည့်သူများ အရေအတွက်ကို ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) ၏ နိုကဘာ  အရေအတွက်အဖြစ် ဖော်ပြ ထားပါ တယ်။ ဤဟဒီးစ်တော်များ၏ ပေါင်းချုပ် မှာ ခလီဖဟ် ၁၂ဦး အဖြစ် ကျော်ကြားပါ သည်။တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) ၏ အရိုက်အရာ ကို ဆက်ခံမည့်သူများ အရေအတွက်မှာ ၁၂ ဦး ဖြစ်ပြီး အားလုံးမှာ ကိုရိုင်းရှ် မျိုးနွယ်ဝင်များ ဖြစ်ကြပါတယ်။ ရှီအဟ် ပညာရှင်များ အနေဖြင့် ဤ ဟီးစ်တော်များ ရီဝါယသ်တော်များ ကို အေမာမ် ဆယ့်နှစ်ပါး ၏ အေမာမ်မသ် ကို သက်သေထူရန် အတွက် အသုံး ပြုကြပါတယ်။ အခြားသော ဟဒီးစ် တော်အရ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် မိမိ အွန်မသ် ၏  ကံကြမ္မာ ကို ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်)  နှင့် တူညီသည်ဟု ဆိုထားပါတယ်။ တမန်တော်မြတ် (ဆွ) သည် မဒီနာ မြို့ ၌ မိမိအား ကိုယ်စားပြုကိုယ်စားလှယ်တော် အဖြစ် ‌ရွေး ချယ်ရန် ဘိုက်အသ် အွတ်က်ဗာ (သစ္စာခံ ရန် ကတိကဝတ်ပြုခြင်း ) ရာတွင် အန်ဆွာတို့ မှ  ဆယ့်နှစ်ဦး ကို ရွေးချယ်ခဲ့ပါတယ်။

သဖ်စီးရ် အလ်မီးဇာန် တွင်  အလာမဟ် ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ မှ  နိုကဘာ ကို အစ္စလာမ့် ဘာသာ၏ အူလူလ်အမရ် (အေမာမ် ၁၂ ပါး (အ.စ) ) နှင့်  နှိုင်းယှဉ်ပြီး ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) တွင်   ဘာသာရေး နှင့် လောကရေးရာ ကိစ္စများ အတွက်  ၎င်း နိုကဘာ ဘက်သို့ ဦးလှည့်ကြသည်ဟု ဆိုထား ပါတယ်။

နိုကဘာယေဘနီအစ္စရာအီ ၏ တာဝန် ဝတ္တတရားများ  အကြောင်း

ကုရ်အာန်အာယတ်တော်များ အရ နိုကဘာ သည် ဘနီ အစ္စရာအီ ( ဣ သ ရေ လ မျိုးနွယ် ) များထံမှ အလ္လာဟ်ဟို အရှင်မြတ် ယူထားသော ပဋိညာဉ်ကို ထိန်းသိမ်းရန် တာဝန်ရှိပါတယ်။ ထို့ပြင် ၎င်းတို့သည် မူဆာ (အ.စ)  ကိုယ်စား ဘိုက်သိုလ်မိုကဒက်စ် ( ယေရုရှလင်) မြို့ သို့  သွားရောက်ပြီး ရက်စက် ညှဉ်းပန်း ဖိနှိပ်သူများ၏ သတင်းအချက်အလက်များ စုဆောင်း ရန် ဖြစ်ပါတယ်။ ခါနာန်ပြည်၊ ရှာမတ်သ် သို့မဟုတ်  ရှာမ်း (ခ) ဆီးရီးယား နိုင်ငံ ၏ ယေရိခေါမြို့  တို့ရှိ ရက်စက် ညှဉ်းပန်း ဖိနှိပ်သူများ (လူမျိုး ) ၏ သတင်းအချက်အလက်များ လေ့လာတွေ့ရှိချက်များကို မှတ်တမ်းတင်ပြီးနောက် ဟဇရသ် မူစာ (အ.စ) ထံ သို့ ပြန်သွားပြီး အဆိုပါဒေသရှိ ပြည်သူများ၏ ကြီးမြတ်မှုအကြောင်းကို ပြောဆိုတင်ပြ ညခဲ့ကြပါတယ်။   [26]ဟဇရသ် မူစာ  (အ.စ)  မှ ၎င်းတို့အား မိမိ လူမျိုး ရှေ့ တွင် သတင်းပေး ခြင်း နှင့်  ကြောက်လန့် ပြုခြင်း ကို ရှာင်ကြဉ် ရန် တောင်းဆို ခဲ့ပါတယ်။ သို့သော် နှစ်ဦး [28] သို့မဟုတ် အများဆုံး ငါး ဦး ထက်မ နည်းမှလွဲ၍ အခြားသူများသည်  ဟဇရသ် မူစာ (အ.စ) ၏ အမိန့်ကို မနာခံကြချေ။

နိုကဘာယေဘနီအစ္စရာအီ ၏  အမည်များ အကြောင်း

စွန်နီ သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် စအ်လဘီ မှ မိမိ ၏ သဖ်စီးရ် ကျမ်းတွင် ၎င်း နိုကဘာ ၏ အမည် များကို ရေးသား ‌ဖော်ပြထားပါသည်။ ၎င်းတို့၏ အမည် များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ရှာမေလ် ဘင်န် ရာန်

၂။ ရှာကာသွ် ဘင်န် ဟူရီ

၃။ ကာလစ်ဗ်ဘင်န် ယူက်နာ

၄။ မကာယေလ်ဘင်န် ယူစွဖ်

၅။ ယူရှအ် ဘင်န် နုန်

၆။ ကန်သွမ် ဘင်န် အရ်ကွန်

၇။ မဒိ ဘင်န် အဒီ

၈။ ဂျဒီဘင်န် ကာမင်န်

၉။ ဘယာနိုန် ဘင်န် မလ်ကီယာ

၁၀။ နဖ်သာလီ မဲဟ်ရ် ဘင်န် ဝတ်က်စီ

၁၁။ စမလာအေလ် ဘင်န် ဟမ်လ်

၁၂။ စာဘူရ် ဘင်န် မလ်ကီးယာ တို့ ဖြစ်ပါတယ်။

အခြားရင်းမြစ်အချို့တွင် နိုကဘာ ၏အမည်များကို အနည်းငယ်ကွာခြားမှုဖြင့် ဖော်ပြထားပါတယ်။

မူရင်း ရည်ညွှန်းများ

  1. آلوسی، سید محمود، روح المعانی فی تفسیر القرآن العظیم، تحقیق علی عبدالباری عطیه، بیروت، دارالکتب العلمیه، ۱۴۱۵ق.
  2. ابوالفتوح رازی، حسین بن علی، روض الجنان و روح الجنان فی تفسیر القرآن، مشهد، آستان قدس رضوی، ۱۴۰۸ق.
  3. ابن‌ابی‌زینب، محمد بن ابراهیم، الغیبة، تحقیق علی‌اکبر غفاری، تهران، نشر صدوق، ۱۳۹۷ق.
  4. ابن‌حموش، مکی بن ابی‌طالب، الهدایة إلی بلوغ النهایة، شارجه، جامعة الشارقه، ۱۴۲۹ق.
  5. ابن‌حنبل، احمد، مسند احمد بن حنبل، بیروت، موسسه الرساله، ۱۴۱۶ق.
  6. wikishia.net
  7. ابن‌سلیمان، مقاتل، تفسیر مقاتل بن سلیمان، بیروت، دار إحیاء التراث العربی، ۱۴۲۳ق.
  8. ابی‌یعلی موصلی، احمد بن علی، مسند ابی‌یعلی، دمشق، دارالمأمون للتراث، تحقیق حسین سلیم أسد، ۱۴۰۴ق.
  9. اربلی، علی بن عیسی، کشف الغمة فی معرفة الأئمة، تحقیق سید هاشم رسولی محلاتی، تبریز، بنی‌هاشمی، ۱۳۸۱ق.
  10. بزار، احمد بن عمرو، مسند البزار، تحقیق محفوظ الرحمن زین الله، مدینه، مکتبه العلوم و الحکم، ۱۹۹۳ق.
  11. بیضاوی، عبدالله بن عمر، أنوار التنزیل و أسرار التأویل، بیروت، دار إحیاء التراث العربی، ۱۴۱۸ق.
  12. ثعالبی، عبدالرحمن بن محمد، تفسیر الثعالبی مشهور به الجواهر الحسان فی تفسیر القرآن، بیروت، دار إحیاء التراث العربی، ۱۴۱۸ق.
  13. ثعلبی، احمد بن محمد، الکشف و البیان المعروف تفسیر الثعلبی، بیروت، دار إحیاء التراث العربی، ۱۴۲۲ق.
  14. جرجانی، عبدالقاهر بن عبدالرحمن، درج الدرر فی تفسیر القرآن العظیم، عمان اردن، دارالفکر، ۱۴۳۰ق.
  15. خزاز رازی، علی بن محمد، کفایة الأثر فی النص علی الأئمة الإثنی عشر، تحقیق عبداللطیف حسینی کوه‌کمری، قم، بیدار، ۱۴۰۱ق.
  16. دینوری، عبدالله بن محمد، الواضح فی تفسیر القرآن الکریم، بیروت، دارالکتب العلمیة، ۱۴۲۴ق.
  17. دیوبندی، محمود حسن، تفسیر کابلی، تهران، نشر احسان، چاپ یازدهم، ۱۳۸۵ش.
  18. زمخشری، محمود بن عمر، الکشاف عن حقائق غوامض التنزیل و عیون الأقاویل فی وجوه التأویل، بیروت، دارالکتاب العربی، چاپ سوم، ۱۴۰۷ق.
  19. سمرقندی، نصر بن محمد، تفسیر سمرقندی مشهور به بحرالعلوم، بیروت، دارالفکر، ۱۴۱۶ق.
  20. سیوطی، الدر المنثور فی التفسیر بالماثور، قم، مکتبه آیت‌الله المرعشی نجفی، ۱۴۰۴ق.
  21. شعرانی، ابوالحسن، پژوهش‌های قرآنی علامه شعرانی در تفاسیر مجمع البیان، قم، بوستان کتاب، ۱۳۸۶ش.
  22. شیخ صدوق، محمد بن علی، الخصال، تصحیح علی‌اکبر غفاری، قم، جامعه مدرسین، ۱۳۶۲ش.
  23. شیخ صدوق، محمد بن علی، من لایحضره الفقیه، تحقیق علی‌اکبر غفاری، قم، دفتر انتشارات اسلامی، ۱۴۱۳ق.
  24. صادقی تهرانی، محمد، ترجمان فرقان: تفسیر مختصر قرآن کریم، قم، شکرانه، ۱۳۸۸ش.
  25. صمدی، قنبرعلی، «امامت اثنی عشر»، در دانشنامه کلام اسلامی، جلد اول، قم، موسسه امام صادق (ع)، ۱۳۸۷ش.
  26. طباطبایی، سید محمدحسین، المیزان فی تفسیر القرآن، بیروت، مؤسسة الأعلمی للمطبوعات، چاپ دوم، ۱۳۹۰ق.
  27. طبرانی، سلیمان بن احمد، التفسیر الکبیر: تفسیر القرآن العظیم، اربد اردن، دارالکتاب الثقافی، ۲۰۰۸م.
  28. طبرانی، سلیمان بن احمد، المعجم الکبیر، تحقیق حمدی بن عبدالمجید السلفی، موصل، مکتبة العلوم والحکم، چاپ دوم، ۱۴۰۴ق.
  29. طبرسی، فضل بن حسن، تفسیر جوامع الجامع، قم، حوزه علمیه قم، مرکز مدیریت، ۱۴۱۲ق.
  30. طبرسی، فضل بن حسن، مجمع البیان فی تفسیر القرآن، تهران، ناصر خسرو، چاپ سوم، ۱۳۷۲ش.
  31. طبری، محمد بن جریر، جامع البیان فی تفسیر القرآن، بیروت، دارالمعرفة، ۱۴۱۲ق.
  32. طیب، عبدالحسین، اطیب البیان فی تفسیر القرآن، تهران، انتشارات اسلام، چاپ دوم، ۱۳۶۹ش.
  33. عاملی، ابراهیم، تفسیر عاملی، تهران، کتاب‌فروشی صدوق، ۱۳۶۰ش.
  34. مؤسسه معارف اسلامی، معجم الاحادیث الامام المهدی، قم، انتشارات مسجد مقدس جمکران، ۱۴۲۸ق.
  35. مغنیه، محمدجواد، التفسیر الکاشف، قم، دارالکتاب الإسلامی، ۱۴۲۴ق.
  36. میبدی، احمد بن محمد، کشف الاسرار و عدة الابرار، تهران، امیرکبیر، چاپ پنجم، ۱۳۷۱ش.

 

**************************************************************

END / 251