အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂ မတ် ၂၀၂၄

၂၀:၃၀:၂၁
1441743

ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေးခြင်း အကြောင်း တစေ့ တစောင်း

ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေးခြင်း ဆိုသည်မှာ ရှီအဟ်များ၏ တတိယမြောက် အေမာမ် နှင့် အေမာမ်ဟိုစိုင်းန် (အ.စ) ၏ သစ္စာရှင် သဝကာများ ၏ ဆင်းရဲဒုက္ခ နှင့် ဖိနှိပ် ရက်စက် ခံရခြင်းအတွက် ငိုကြွေး ဖြစ်ပါတယ်။ အေမာမ်များ (အ.စ) ၏ ဟဒီးစ်တော်များတွင် ၎င်းကို အလေးပေး တိုက်တွန်း ထားပြီး အပြစ် များကို ခွင့်လွှတ်ခြင်းနှင့် ဂျန္နသ် သုခဘုံကို ရရှိ မည် ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။ ဆက်လက်ပြီး လေ့လာကြည့် ပါမည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေးခြင်း ဆိုသည်မှာ ရှီအဟ်များ၏ တတိယမြောက် အေမာမ် နှင့် အေမာမ်ဟိုစိုင်းန် (အ.စ) ၏ သစ္စာရှင် သဝကာများ ၏ ဆင်းရဲဒုက္ခ နှင့် ဖိနှိပ် ရက်စက် ခံရခြင်းအတွက် ငိုကြွေး ဖြစ်ပါတယ်။ အေမာမ်များ (အ.စ) ၏ ဟဒီးစ်တော်များတွင် ၎င်းကို အလေးပေး တိုက်တွန်း ထားပြီး အပြစ် များကို ခွင့်လွှတ်ခြင်းနှင့် ဂျန္နသ် သုခဘုံကို ရရှိ မည် ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။  အချို့သော ရီဝါယသ် တော် များတွင် ကောင်းကင်တမန်များ နှင့် တမန်တော်မြတ် များ (အ.စ) သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မိုဇီဘသ်များ (ခ) ဖိနှိပ်ခံရမှုများရက်စက်ခံရမှုများ ဒုက္ခသောက ရောက်ခဲ့မှုများ အသတ်ခံရမှု စသည် ဖြင့် အပေါ် ငိုကြွေးခဲ့ ကြပါတယ်။

ရှီအဟ် ပညာရှင်တို့ မှ  အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေးရခြင်း၏ အကြောင်းရင်းမှာ လွတ်လပ်မှုနှင့် ဖိနှိပ်မှုဆန့်ကျင်ရေးကျောင်းသည် အမြဲတမ်းရှင်သန်နေမည်ဟု ယုံကြည်သည့် အတွက်ကြောင့်ဖြစ်ပြီး ထိုအတွက်ကြောင့် တိုက်တွန်း ကြခြင်း ဖြစ်ပါတယ်။  ထို့အပြင် ၎င်း၏ အကျိုးခံစားခွင့်များသည် အေမာမ် ဟိုစိုင်းန် (အ.စ) အား ချစ်မြတ်နိုးကြောင်း ဖော်ပြခြင်း နှင့်  အာဇာနည်အဖြစ် ခံယူခြင်းအပါအဝင် အေမာမ် (အ.စ) နှင့် အေမာမ် (အ.စ) ၏ စံနှုန်းများအပေါ် သစ္စာစောင့်သိမှုအား အသစ်ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး ဤ လုပ်ငန်း သည် အစ္စလာမ် သာသနာ၏ ရှင်သန်မှုအတွက် အကြောင်းရင်းဖြစ်သည်ဟု သက်ဝင်ယုံကြည် ကြပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် အေမာမ် ၏ အဇါ အပေါ်ငိုကြွေးခြင်း အပြင် (အေမာမ်၏ အဇါ အတွက် ငိုကြွေးအောင်ပြုခြင်း ၊ သပါကီ(ခ) (မိမိကိုယ်ကို ငိုကြွေးသည်ဟန်ဆောင် ခြင်း) ဆိုသည့် ဤလုပ်ရပ်များ အတွက် ပြုလုပ်ရန် တိုက်တွန်းထားပြီး ဤလုပ်ရပ်များ အတွက် ဆဝါးဗ် များကိုလည်း ဖော်ပြခဲ့ပါတယ်။

အေမာမ်ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေးခြင်း ၏ ကြီးကျယ်မြင့်မြတ်မှုအကြောင်း

အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေး ခြင်းသည် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ကရ်ဗလာ ဖြစ်ရပ်တွင် အေမာမ် (အ.စ) နှင့် အေမာမ် ၏ သစ္စာရှင် အပေါင်းအပါများ ကျရောက်ခဲ့သော ဖိနှိပ်ရက်စက်မှုများ နှင့် ဘေးဆိုးများကြောင့် ငိုကြွေးရခြင်း ဖြစ်ပါတယ်။  ဤ ငိုကြွေးခြင်းလုပ်ရပ်၏ ကြီးကျယ်မြင့်မြတ် မှု နှင့် ပတ်သက်ပြီး တမန်တော်မြတ်မိုဟမ္မဒ်  (ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ထံမှရီဝါယသ်တော် ဆင့်ပြန်ချက် အများ အပြားလာရှိပါသည်။ ထိုရီဝါယသ်တော် များသည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဆင်းရဲ ဒုက္ခများ၊ ရက်စက်ခံရမှုများအတွက် ငိုကြွေးခြင်းအပေါ် အလေးပေး တိုက်တွန်း ဖော်ပြခဲ့ပြီး ၎င်းအတွက် ကြီးစွာ သော ဆဝါးဗ် ဆုလာဘ်ကို လည်းဖော်ပြထားပါတယ်။

ရှီအဟ် ဟဒီးစ်ပါရဂူများ မှ တစ်ပါး ဖြစ်သည့် ရှိက်ခ် ဆူဒူက် သည် ရိုင်ယန်းဘင်န် ရှဘီးဘ် ထံ မှ ဆင့်ပြန်ထား သည်မှာ မုဟော်ရမ် လ ရက်နေ့  အေမာမ် ရေဇာ(အ.စ)ထံတော်တွင် ရောက်လေ၏။ ထိုအချိန် ကိုယ်တိုင် မိမိ၏ ဘိုးတော် အေမာမ် ဟိုစိုင်းန် (အ.စ)၏ ဆင်းရဲဒုက္ခများ မိန့်ကြားဖော်ပြပြီး မိန့်တော်မး၏။ "အို ရှဘီးဘ် ၏ သား၊ အကယ်အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ငိုကြွေးပြီး မင်းရဲ့ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာမည်ဆိုလျှင် ဤလုပ်ရပ်အစား  မင်းရဲ့ အပြစ်တွေအားလုံး သေးငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ၊ များ သည်ဖြစ်စေ နည်းသည်ဖြစ်စေ  ကို အလ္လာဟ် ဟို အရှင်မြတ် သခင်မှ ခွင့်လွတ်ပေးလိမ့်မည်ဖြစ်ပါ   သည်။ "

အေမာမ် အလီ ဘင်န် ဟိုစိုင်းန် (အ.စ) သည် မိမိ ဖခင်ဖြစ်သူ၏ ရက်စက် စွာ နှိပ်စက်သတ်ဖြတ်ခံခဲ့ရ မှုအပေါ်  အနှစ်၊ နှစ်ဆယ်ကြာ ငိုကြွေးခဲ့ပြီး မိမိ ရှေ့တွင် အစားအစာများ ချထားသည့်အခါတိုင်း ငိုကြွေးခဲ့ကြောင်း အေမာမ် ဆွာဒစ်က် (အ.စ)  ထံ မှ ဆင့်ပြန် လာရှိပါတယ်။ အချို့သော ရီဝါယသ်တော် များတွင် ကောင်းကင် တမန်များ၊ တမန်တော်မြတ် များ(အ.စ) ၊ မြေကြီးနှင့် ကောင်းကင်၊ ကန္တာရနှင့် ပင်လယ်မှ တိရစ္ဆာန်များသည် လည်း အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ဝမ်းနည်းခြင်းအတွက် ငိုကြွေးခဲ့ကြသည်ဟု ဆိုထားပါ တယ်။

ထိုနည်းတူစွာ ကာမေလ်လွတ်ဇ်ဇေယာရသ် စာအုပ်တွင် အေမာမ် ဆွာဒစ်က် (အ.စ) ထံမှဆင့်ပြန် လာရှိသည်မှာ - အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေး မျက်ရည် ကျမည် ။ထိုမျက်ရည် သည် ယင်ကောင်၏ တောင်ပံအရွယ်ရှိမည် ဆိုလျှင်လည်း အလ္လာဟ် ဟိုအရှင်မြတ် သည် ၎င်းအားဆုလာဘ် ချီးမြှင့် ပေးသနားတော် မူမည် ဖြစ်ပါတယ်။ ဂျန္နသ် သုခဘုံ ထက် နည်းသည် ဆု ဖြစ်မည် မဟုတ်ချေ။ ဤကဲ့သို့သော ကြီးမြတ်သောဆုလာဘ်များကို ခံစားရမည့်အခြေအနေမှာ ယုံကြည်ချက်များ ၊ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့်ပတ်သက်သည့် မအ်ရေဖသ် ၊ အေမာမ် (အ.စ) ရည်ရွယ်ချက်များ ထို အပြင် အလ္လာဟ်ဟို အရှင်မြတ်သတ်မှတ်ထားသည် ဟလာလ် နှင့် ဟရာမ် များ ကို လိုက်နာခြင်း [9] တို့လည်း ရှိဖို့ လိုအပ်ပါတယ်။

အေမာမ် ရေဇာ (အ.စ) မိန့်ကြားတော်မူသည်မှာ -

    یَا ابْنَ شَبِیبٍ إِنْ کُنْتَ بَاکِیاً لِشَیْءٍ فَابْکِ لِلْحُسَیْنِ بْنِ عَلِیِّ بْنِ أَبِی طَالِبٍ(ع) فَإِنَّهُ ذُبِحَ کَمَا یُذْبَحُ الْکَبْشُ وَ قُتِلَ مَعَهُ مِنْ أَهْلِ بَیْتِهِ ثَمَانِیَةَ عَشَرَ رَجُلًا مَا لَهُمْ فِی الْأَرْضِ شَبِیهُون‏.    

အဓိပ္ပာယ် ။ ။ ( အို ရှဘီးဘ် ၏ သား ၊ သင်သည် ငိုချင်လျှင် သိုးကဲ့သို့ အသတ်ခံရသော ဟိုစိုင်းန် အစ်ဘ်နေ အလီ (အ.စ) အပေါ် ငို ပါလေ။ ဟိုစိုင်းန် အစ်ဘ်နေအလီ (အ.စ) နှင့် အတူ ၎င်း၏ ဆွေမျိုးသားချင်း တဆယ့်ရှစ်ယောက်သည် လည်း ရှဟီးဒ် အလုပ် ခံခဲ့ရပါသည်။ မြေပထဝီ ပေါ်တွင် ပမာမဲ့သူများ ဖြစ်ကြပါသည်။) ရည်ညွှန်း - ရှိက်ခ် ဆူဒူက်  ၊ အလ်အမာလီ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၇၆ ခုနှစ် ၊ စာမျက်နှာ ၁၃၀

 

အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ငိုကြွေး ရန် တိုက်တွန်း ရခြင်း၏ အကြောင်းရင်းကိုလေ့ကြည့်လျှင်

ရှီအဟ် ပညာရှင်များ မှ တစ်ပါး ဖြစ်သူ အာယာသွလ္လာဟ် မိုရ်သဇာ မိုသွဟရီ ၏ အဆိုအရ အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ်  ငိုကြွေး ရန် အေမာမ် များ (အ.စ) ၏ အလေးပေးတိုက်တွန်း ထား မှု အများ အပြား လာရှိပါသည်။ ဤကဲ့သို့ အလေးပေး တိုက်တွန်း ရခြင်း မှာ  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး နှင့် အေမာမ်(အ.စ) ၏ လွတ်လပ်ရေး လမ်းစဥ် နှင့် အေမာမ် (အ.စ) ၏ မတရား ဖိနှိပ် ရက်စက်မှု များကို တော်လှန်မှုသည် ထာဝစဉ်တည်မြဲစေလိုသောကြောင့် ဖြစ်ပါတယ်။ အာယာသွလ္လာဟ် မိုရ်သဇာ မိုသွဟရီ အဆိုအရ ဤ အေမာမ် များ (အ.စ) တိုက်တွန်း ချက်သည် မိမိ တို့၏ခေတ်ကာလတွင် တက်ကြွသည့်  တော်လှန်ရေ’ ရေစီးကြောင်းကို ပေါ်ပေါက်စေခဲ့ပြီး အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အမည်သည် ဖိနှိပ်မှု ဆန့်ကျင်ရေး တော်လှန်ရေး၏ဆောင်ပုဒ်ဖြစ်လာခဲ့ပါဟု ဖြစ်ပါ တယ်။

အလားတူပင် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ကရ်ဗလာ  ၏ ရှဟီးဒ်တော်များ (ခ) အာဇာနည်များသည် အမှန်တကယ်တွင် အာရှုရာ  ရှဟာဒသ် (အလ္လာဟ့်လမ်းတွင် အသက်စတေးခြင်း ) ကဲ့သို့ ယဉ်ကျေးမှု ကို ပြန်လည်နိုးထ ရှင်သန် လာစေရန် နှင့် အေမာမ် (အ.စ) ထံ သစ္စာခံမှု နှင့် ၎င်းတို့မှတဆင့် လူသားများ၏ အတွေးအခေါ် နှင့် နာမ် ပိုင် ရေးဆိုင်ရာ ဆင့်ကဲတိုးတက်လာရန် ဖြစ်ပါသည်။ ဤသို့ဖြစ် ဤအလုပ်သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ်  ချစ်ခြင်းမေတ္တာ ထားခြင်း နှင့် ချစ်ခင်မြတ်နိုး ကြောင်း ကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုပါတယ်။ အေမာမ်ခိုမေနီ အနေဖြင့် လည်း အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ငိုကြွေး ခြင်း နှင့် အဇါဒါရီ ပြုခြင်း ကို အစ္စလာမ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးသည့်  အကြောင်းအရင်း ဖြစ်ကြောင်း မိတ်ဆက်ခဲ့ပါတယ်။

ငိုကြွေးအောင် လုပ်ခြင်း နှင့် ငိုသည့် အသွင်ဆောင်ခြင်း အကြောင်း

ရှီအဟ်အေမာမ် များ (အ.စ) သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အဇါဒါရီ တွင် အေမာမ်အပေါ် ငိုကြွေးခြင်းအပြင်  (အခြားသူ) ငိုကြွေးအောင် ပြုခြင်း နှင့် သဗါကာ (ခ)  ငိုသည့် အသွန် ဆောင်ခြင်း) ကို တိုက်တွန်း ထားပါသည်။ ထိုလုပ်ရပ်များ အတွက် ဆုများ (ဆဝါးဗ်များ) ကိုလည်း မိန့်ကြားထားပါသည်။ ရှိက်ခ် ဆူဒူက် သည် အေမာမ် ရေဇာ (အ.စ) ထံ မှ ဆင့်ပြန် ထားပါသည်။ "အကြင် မည်သူမဆို ငါတို့ (အဲဟ်လေ့ဘိုက်(သ) (အ.စ) ) ဘေးဒုက္ခ၊ရက်စက်ခံရမှုများကို သတိပြီး  ငိုကြွေးမည်ဆိုလျှင် တစ်နေ့ (ကေယာမသ်နေ့တွင်) တွင်  မျက်စိများ ငိုကြွေး ကြလိမ့်မည်။ (သို့သော်  အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ သောကဒုက္ခ ရက်စက်ခံရမှုများ အပေါ် ငိုကြွေးသည့် ) မျက်စိများ သည် ငိုကြွေးမည် မဟုတ်ချေ။" ထိုနည်းတူစွာ အေမာမ် ဘာကဲရ် (အ.စ) နှင့် အေမာမ် ဆွာဒစ်က် (အ.စ) တို့မှ ဆင့်ပြန်လာရှိပါသည်။  "အကြင် မည်သူမဆို  (အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဆင်းရဲ ဒုက္ခ များ ) အပေါ် ငိုကြွေးမည် သို့မဟုတ် တစ်ဦး တစ်ယောက် ကို ပင်ဖြစ်စေ  ငိုကြွေး အောင်ပြု  မည်ဆိုလျှင်  ငါတို့သည် ၎င်း အတွက် ဂျန္နသ် သုခဘုံ အား အာမခံပါသည်။ ပြီးနောက် မငိုနိုင်သူ အနေဖြင့် မိမိ ကိုယ်ကို အဇါဒါပုံစံ ဖြင့် ငိုသည့် အသွင်ဆောင် မည် ဆိုလျှင်လည်း ဤ ဆဝါးဗ် ကို ရရှိမည် ဖြစ်ပါတယ်။ “

၁၄ ရာစုမှ ပညာရှင်တစ်ဦးဖြစ်သည့် ရှိက်ခ် အဘာစ် ကွမ်းမီ ၏ အဆိုအရ သဗါကာ ဆိုသည်မှာ ပြစား ခြင်း မဟုတ်ချေ။ အကြောင်း မှာ အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငို ကြွေးခြင်းသည် အေဗါဒသ် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ပြီးနောက် ပြစားခြင်းသည် အေဗါဒသ် တွင် ခွင့်မပြုထားသည့် အတွက် ကြောင့် ဖြစ်ပါတယ်။ သဗါကာဆိုသည်မှာ  ငိုကြွေးသူများ နှင့် အတူ ငိုသည့် အသွင် ဆောင်ခြင်း ကိုခေါ်ဆိုပါတယ်။ အမှန်တော့ ပြစား ခြင်း နှင့် ဟန်ဆောင်ပြခြင်း ဆိုသည်မှာ  မိမိကိုယ်ကို လူကောင်း ဖြစ်ကြောင်း ဖော်ထုတ် ပြသရန် လူကောင်းများ ပုံစံ အတိုင်း  အတုလုပ်ပြခြင်း  ဖြစ်ပါတယ်။

အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေးခြင်း နှင့် ပတ်သက်သည့် ကဗျာများ အကြောင်း

အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ငိုကြွေးခြင်း ကိစ္စ ကို  ပါရှန်ကဗျာများတွင် ထင်ဟပ်စေခဲ့ပါ တယ်။ ဥပမာအားဖြင့် ၁၃ ရာစု ၏ ကဗျာဆရာ ဝေဆာလ် ရှီးရာဇီး မှ အောက်ပါအတိုင်း ကဗျာ စပ်ဆို ထားပါတယ်။

 

بدین امیــــد که این گریه را ثــــواب دهند             عجــــب نــــباشد اگر عالمــــی به آب دهند

به قطـــــره‌ای که فشــــانی تو را به روز جزا                    ز دست ســـاقی کوثــــر، شـــراب ناب دهند

ولی به گریه مشو غَرّه و به طاعت کوش             گرت هــــواست که بر گریـــه‌ات ثواب دهند   

 

ကဗျာ၏ အဓိပ္ပာယ် -  ငိုကြွေးခြင်းသည် ဆဝါးဗ် ဖြစ်သည်ဆိုသည့် မျှော်လင့်ချက် ဖြင့် ငိုကြွေးပါတယ်။ လူသာဆန်မှု လူ့အခွင့်အရေး ကို ပြည့်ဝ အောင် ပြုလုပ်ပေးသည်ဆိုလျှင်မည်သည့်  အံ့သြစရာ မှမရှိချေ။ မျက်ရည်တစ်စက် အေမာမ်ဟိုစိုင်းန်(အ.စ) အတွက် သည် သင်အား ကေယာမသ်နေ့ တွင် စာကီယေ ကောင်စဲရ် ၏ လက်တော်ဖြင့် ဖျော်ရည်စစ်စစ် ချီးမြှင့်ခြင်းခံရမည်ဖြစ်ပါတယ်။ သို့သော် ငိုရုံမျှဖြင့် မရပ်လိုက် ပါနှင့်။ မလုံလောက်ချေ။  အကယ်၍ သင်၏ ငိုကြွေးမှုအပေါ် ဆဝါးဗ် ပေးစေလိုလျှင်  အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်များကိုနားခံမှု နှင့် အလ္လာဟ် ၏ ကျေးကျွန် ပီသအောင် ကြိုးစားရမည်ဖြစ်ပါတယ်။

 

မူရင်း ရည်ညွှန်းများ

  1. ابن قولویه، جعفر بن محمد، کامل الزیارات، تصحیح: عبدالحسین امینی، نجف، دار المرتضویه، ۱۳۵۶ش.
  2. ابن میثم بحرانی، قواعد المرام فی علم الکلام، تحقیق: سید احمد حسینی، قم، مکتبة آیة الله المرعشی النجفی، ۱۴۰۶ق.
  3. ایجی- میرسید شریف، شرح المواقف، تصحیح: بدرالدین نعسانی، قم، الشریف الرضی (افست قم)، ۱۳۲۵ق.
  4. جعفری، یعقوب، آشنایی با چند اصطلاح قرآنی، «مکتب اسلام»، شماره ۱۰۰، سال ۳۳.
  5. wikishia.net
  6. حمصی رازی، سدید الدین، المنقذ من التقلید، قم، مؤسسة النشر الاسلامی، ۱۴۱۲ق.
  7. دایرة المعارف قرآن کریم، «احباط و تکفیر» بایگانی شده از نسخه اصلی در شهریور ۱۳۹۶ش.
  8. راغب اصفهانی، حسین بن محمد، مفردات الفاظ القرآن، تحقیق: صفوان عدنان داودی، سوریه-لبنان، دارالعلم -الدارالشامیه، ۱۴۱۲ق.
  9. شبر، سید عبدالله، حق الیقین فی معرفة اصول الدین، قم، انوار الهدی، ۱۴۲۴ق.
  10. شعیری، محمد بن محمد، جامع الاخبار، نجف، مطبعه حیدریه، بی‌تا.
  11. طباطبایی، محمدحسین، المیزان فی تفسیر القرآن، قم، مکتبة النشر الاسلامی، ۱۴۱۷ق.
  12. عیاشی، محمد بن مسعود، تفسیر العیاشی، تصحیح: سید هاشم رسولی محلاتی، تهران، المطبعه العلمیه، ۱۳۸۰ق.
  13. قاضی عبدالجبار و قوام الدین مانکدیم، شرح الاصول الخمسه، تعلیق: احمد بن حسین ابی‌هاشم، بیروت، داراحیاء العربی، ۱۴۲۲ق.
  14. گروه دانشنامه کلام اسلامی، «احباط و تکفیر»، در مجله تخصصی کلام اسلامی، شماره ۳۹، پاییز ۱۳۸۰ش.
  15. مجلسی، محمدباقر، بحار الانوار، بیروت، دار احیاء التراث العربی، ۱۴۰۳ق.
  16. محمدی گیلانی، تکملة شوارق الالهام، قم، مکتبة الاعلام الاسلامی، ۱۴۲۱ق.
  17. محمدی، علی، شرح کشف المراد، قم،‌ دار الفکر، ۱۳۷۸ش.
  18. محمود عبدالرحمان عبدالمنعم، معجم المصطلحات و الالفاظ الفقهیة، قاهره، ۱۹۹۹م.

**************************************************************

END / 251