အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃ မတ် ၂၀၂၄

၂၀:၂၉:၄၀
1441989

ရှအ်ဗာန် လမြတ် သည် ရစူလွလ္လာဟ် (ဆွ) လ ဖြစ်၏

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ရှအ်ဗာန် လမြတ် သည် မိမိ လ ဖြစ် ကြောင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ် အန်နဝါရ် ကျမ်း   မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

شَعْبَانُ  شَهْرِي وَ  رَمَضَانُ  شَهْرُ  اَللَّهِ  عَزَّ وَ جَلَّ فَمَنْ صَامَ مِنْ شَهْرِي يَوْماً كُنْتُ شَفِيعَهُ يَوْمَ اَلْقِيَامَةِ وَ مَنْ صَامَ  شَهْرَ  رَمَضَانَ أُعْتِقَ مِنَ اَلنَّارِ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

« ရှအ်ဗာန်လမြတ်သည် ကျွန်ုပ် ၏ လဖြစ်ပါသည်။ ပြီးနောက် လမြတ် ရမ်တွာန် သည် အလ္လာဟ် ဟို အရှင်မြတ် ၏ လ ဖြစ်ပါသည်။ အကြင်မည်သူမဆို ကျွန်ုပ်၏ လတွင် ရိုဇဟ် ထားမည်ဆိုလျှင် ကေယာမသ် နေ့ တွင် ၎င်း အတွက် ကျွန်ုပ် ရှဖာအသ် ပြုပေးမည် ဖြစ်ပါသည်။ ပြီးနောက် အကြင်မည်သူမဆို လမြတ် ရမ်တွာန် တွင် ရိုဇဟ် ထားမည်ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ်သည် ၎င်း အား ဂျဟန္န်၏ မီး မှ လွတ်မြောက်စေ မည် ဖြစ်ပါသည်။»

ကျမ်းကိုး ။ ။ ။ ဘေဟာရိုလ် အန်နဝါရ် ကျမ်း  ၊ အတွဲ ၉၃ ၊ စာမျက်နှာ ၃၆၄

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ရှအ်ဗာန် လမြတ် နှင့် ရမ်တွာန် လမြတ်တွင် ရိုဇဟ် ထားခြင်း အကျိုး ကို ထင်ရှား စွာ သိရှိ ရမည် ဖြစ်ပါတယ်။ မိုအ်မင်သက်ဝင် ယုံကြည်သူတိုင်း လမြတ်ရှအ်ဗာန် ၏ ရိုဇဟ်များ နှင့် လမြတ် ရမ်တွာန် ၏ ရိုဇဟ် အပြည့် ထားနိုင် အောင်  အထူး ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ရိုဇဟ် နှင့် ဆိုင်ရာ ရှရီအီ စည်းမျည်း စည်းကမ်း များကိုလည်း သေချာ နားလည် အောင် လေ့လာ ထားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251