အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃ မတ် ၂၀၂၄

၂၀:၃၁:၀၇
1441991

ရိုဇဟ်ထားလျက် အင်တာနက် ပေါ်မှာ မကောင်းသည့်၊ညစ်ညမ်းသည့် ဓာတ် ပုံများကို ကြည့်ခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ရိုဇဟ်ထားလျက် အင်တာနက် ပေါ်မှာ မကောင်းသည့်၊ညစ်ညမ်းသည့် ဓာတ်ပုံများ ကို ကြည့်ခြင်း နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ရိုဇဟ်ထားလျက် အင်တာနက် ပေါ်မှာ မကောင်းသည့်၊ညစ်ညမ်းသည့် ပုံများ ကို ကြည့်ခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ရိုဇဟ် ထားထားသည့် အခြေအနေတွင်  အင်တာနက် ကိုအသုံး ပြုပြီး ရုတ်တရက် (မကောင်းသည့် ။ ညစ်ညမ်းသည့်) ဓာတ်ပုံ တက်လာပြီး ကြည့်မိမည်ဆိုလျှင် မည်သို့ အမိန့် ရှိပါသနည်း ?

အဖြေ

ရိုဇဟ်မပျက်ပါ။ သို့သော် ရှရီအသ် တရားတော် အရ ဤကဲ့သို့ အခြေအနေမျိုးတွင် မကြည့်ရန်သင့်တော်ပေသည်။ ( ကြည့်ခြင်းကို ရှောင်ရပါမည်။ )

အကြံပြုချက် - အထူးသတိပြုသင့်ပါတယ်။ ယနေ့ တစ်ချို့ ရိုဇဟ်ထားခြင်း ဆိုသည မှာ အစားအသောက် ရှောင်ခြင်းဟုသာ ထင်နေကြပါတယ်။ ရိုဇဟ်ထားသည် မိမိ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို ရှရီအသ် နည်း အရ စောင့် ထိန်းရမည် ဖြစ်ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် ထံ အဲဟ်လေ့ဘိုက်(အ.စ) အား အချစ်ထားသူတိုင်း ရိုဇဟ် ရှိသည့် အချိန် ဖြစ်စေ မရှိသည့်အချိန် ဖြစ်စေ အင်တာနက် ပေါ်ရှိ မကောင်းသည့် ဓာတ်ပုံများ ညစ်ညမ်းသည့် ဓာတ်ပုံများကို ကြည့်ခြင်းမှာ ရှောင် နိုင်စွမ်း ပေးသနားပြီး အတိတ်က ဂိုနဟ်များကို ခွင့်လွတ် ပေးရန် တောင်းခံအပ်ပါတယ်။ အင်တာနက် ပေါ်ရှိ မကောင်းသည့် ဓာတ်ပုံများ ညစ်ညမ်းသည့် ဓာတ်ပုံများကို‌ ကြည့်ခြင်း မှာ ရှောင်ကြဥ်ရသလို Like စသည်ဖြင့် ပေးခြင်း ၊ သဘောကျ ထောက်ခံသည့် ကော်မန့် များ ရေးခြင်း ၊ ရှယ်ပေးခြင်းတို့ကိုလည်း ရှောင်ရပါမယ်။ ထိုပြင် ညစ်ညမ်းသည့် ပို့စ်များ ၊ အောက်တန်းကျသည့် ပို့စ်များ ၊သူတစ်ပါး ကိုဆဲဆိုသည့် အရှက်ကွဲသည့် ပို့စ်များ သိက္ခာချသည့်ပို့စ်များ စသည် တို့ကိုလည်း ရှောင် ရန် အားပေးအားမြှောက် မပြုရန် မထောက်ခံရန် အရေးကြီး လိုအပ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251