အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ မတ် ၂၀၂၄

၀၇:၁၈:၀၁
1442938

ဗလီဝတ်ကျောင်းတော် ၏ ကြီးကျယ်မြင့်မြတ်မှု

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဗလီဝတ်ကျောင်းတော် ၏ ကြီးကျယ်မြင့်မြတ်မှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မီးဇန်နိုလ်ဟေက်မဟ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

الجُلوسُ فِي المَسجِدِ لاِنْتِظارِ الصَّلوةِ عِبادَةٌ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  မတ်စ်ဂျစ်ဒ် (ခ) ဗလီဝတ်ကျောင်းတော် တွင် နမာဇ် ဝတ်ပြုရန်  ထိုင်၍ စောင့်ခြင်းသည်လည်း အေဗါဒသ် ဖြစ်ပါသည်။  »

 

ကျမ်းကိုး ။ ။ မီးဇန်နိုလ်ဟေက်မဟ် ကျမ်း ၊ ဟဒီးစ်တော် အမှတ် ၈၃၀၄

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့သည် နမာဇ် အချိန် မတိုင်မီ ကြို၍ မတ်စ်ဂျစ်ဒ် (ခ) ဗလီဝတ်ကျောင်းတော် သို့သွားရောက်ရမည် ဖြစ်ပါတယ်။ ပြီးနောက် ဖေက်ရ် ပြု ၊ကျမ်းတော်မြတ် ကုရ်အာန်သေလာဝသ် ပြုရင်း အဇါအချိန် ကိုစောင့်စားရမည် ဖြစ်ပါတယ်။ ပြီးနောက် အဇါန် ပေးသည့် အခါ အဇါန်သံ ပြန်၍ လိုက်ကျော့ ပေးရပါမည်။ နမာဇ် အတွက် ဗလီ သို့ စောလာတာ မှန်ပေမဲ့  နမာဇ် ဝတ်ပြုရန် ထိုင်စောင့်ရင်း တရားတော် မှ ခွင့်မပြုထားသည့် ဟိုအကြောင်း ဒီအကြောင်း လောကီ အကြောင်း ပြောခြင်း များကို ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251