အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ မတ် ၂၀၂၄

၂၀:၃၁:၁၁
1443008

အီရန်သည် ဒရုန်းနည်းပညာဖြင့် ကမ္ဘာ့ တတိယအဆင့်တွင် ရှိ / ဗိုလ်ချုပ်ကြီး ဟာဂျီ ဇါဒေဟ်

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟာဂျီ ဇါဒေဟ် က ယနေ့ စစ်ပွဲသည် အတိတ်စစ်ပွဲများနှင့် ကွဲပြား ပြီး အားကောင်းသည့် အာရုံကြောများ လိုအပ် ကြောင်း ပြောကြားခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး  ဟာဂျီ ဇါဒေဟ် မှ  ဒရုန်းနည်းပညာစင်တာသို့ လာရောက်လည်ပတ်စဉ် ကျောင်းများ နှင့် ကောလိပ်များမှ ကျောင်းသားများသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အစ္စလာမ့် တော်လှန်ရေး၏ အစ ကတည်းကပင် ပထမဆုံးသော တပ်ဖွဲ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကနှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုအောက်တွင အီရန်အပေါ် ထားရှိသော ရှစ်နှစ်ကြာ စစ်ပွဲအတွင်း ကျောင်းသားလူငယ်များသည် အလ္လာဟ် ဟို အရှင်မြတ် အား ယုံကြည်ကိုးစားပြီး မိမိတို့၏  အသက်ကိုစွန့်ကာ မ္ဘာလုံးဆိုင်ရာ မောက်မာမှုကို အနိုင်ယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှစ်နှစ်ကြာ စစ်ပွဲအတွင်း မျိုးဆက်သစ်လူငယ် အများစု ပါဝင်ခဲ့ကြပြီး အနစ်နာခံမှု အများဆုံး ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး  ဟာဂျီ ဇါဒေဟ်  မှ ပြောကြားရင်း မီဒီယာနယ်ပယ်တွင် စစ်ပွဲတစ်ခုဖြစ်ပွားနေပြီး မည်သည့်ဒေသအတွက်မျှ မသတ်မှတ်ထားကြောင်း ယုံကြည်ချက်နှင့် ဆန္ဒ၏တိုက်ပွဲသည် အလွန်အရေးကြီးပြီး ခက်ခဲသည်။ မျိုးဆက်သစ်လူငယ်တွေ ဒီစစ်ပွဲကို အပြည့်အဝ သတိထားသင့် ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရန်သူသည် အီရန် ၏ ပထဝီဝင်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ရန် မအောင်မြင် သောအခါ စစ်မြေပြင်ကို ပြောင်းလဲကာ စိတ်ပိုင်းဆိုင်ရာနှင့် ဉာဏစစ်ပွဲကို စတင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး  ဟာဂျီ ဇါဒေဟ်   ပြောကြားခဲ့ပါတယ်။

ဤစစ်ပွဲတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း အီရန်သည် သမားရိုးကျ စစ်ဆင်ရေးနယ်ပယ်တွင် အလွန်အားကောင်းကြောင်း ရှစ်နှစ်ကြာ စစ်ပွဲအတွင်း ယနေ့ခေတ်ကဲ့သို့ လက်နက်များ တိုးတက်လာပါက ရန်သူကို နှစ်နှစ်အတွင်း အောင်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ယနေ့တွင် အီရန်သည် ဒရုန်းနည်းပညာဖြင့် ကမ္ဘာပေါ်တွင် တတိယအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး  ဟာဂျီ ဇါဒေဟ်  မှ ပြောကြားခဲ့ပါ တယ်။

****************************************************************

END / 251