အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၉ မတ် ၂၀၂၄

၂၀:၂၆:၂၁
1443301

အကောင်းတကာအကောင်းဆုံး ကုသိုလ် ကောင်းမူ

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အကောင်းတကာအကောင်းဆုံး ကုသိုလ် ကောင်းမူ နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

 

أحسَنُ الإِحسانِ مُؤاساةُ الإِخوانِ .

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  သာသနာ့ ညီနောင်များ အား ကိုယ်ချင်းစာတရားထားခြင်း ၊ လေးစားမှုပြုခြင်း ဖြင့် ဆက်ဆံခြင်း သည် အကောင်း တကာ အကောင်း ဆုံး ကုသိုလ် ကောင်းမူ ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ အတွဲ ၂  ၊ စာမျက်နှာ ၄၀၃ ၊ ဟဒီးစ်တော် အမှတ် ၃၀၂၃

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် မိမိတို့၏ သာသနာ့ ညီနောင်များ နှင့်မည်သို့ ဆက်ဆံရမည်ဆိုသည့် အချက်ကို အထင်အရှား သိရှိရမည်ဖြစ်ပါတယ်။ မောင်လာအလီ (အ.စ) အနေဖြင့် မိမိ ၏ သာသနာ့ ညီနောင် မိုအ်မင် များ အပေါ် ကိုယ်ချင်းစာ တရားထားဖို့ လေးစားဖို့ မိန့်ဆိုထားလျက် မိမိ နှင့်အဆင်မပြေသည့် အခါ မိမိ ၏ သာသနာ့ ညီနောင် အား ဆဲဆိုခြင်း အပုတ်ချခြင်း ၊သိက္ခာချခြင်း တရားစွဲခြင်း စွပ်စွဲ ခြင်း စသည် တို့ကို ပြုလုပ် မည်ဆိုလျှင် တစ်နေ့ အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) အား  မည်သို့ မျက်နှာ ပြမည်နည်း? အလ္လာဟ် ထံ မည်သို့ အဖြေပေးမည်နည်း? အင်န်ရှာအလ္လာဟ်   ၊ ကျနော်တို့ ယောက်တိုင်း မိမိ ၏ သာသနာ့ ညီနောင် များ အပေါ် အေမာမ် အလီ (အ.စ) ၏ မိန့်မှာ ဆိုဆုံးမထားသည့် ဤ ဟဒီးစ်တော် အတိုင်း ဆက်ဆံ နိုင် ရန် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251