အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၀ မတ် ၂၀၂၄

၂၀:၀၈:၂၈
1443480

မွတ်စလင်မ်တို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း၏ ရလဒ်

အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မွတ်စလင်မ်တို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း၏ ရလဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام السجاد علیه السلام:

 

منْ کَفَّ عَنْ أَعْرَاضِ الْمُسْلِمِینَ أَقَالَ اللَّهُ تَعَالَی عَثْرَتَهُ یَوْمَ الْقِیَامَةِ.

 

အေမာမ် စဂျာဒ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကြင်မည်သူမဆို  မွတ်စလင်မ်များကို အသရေဖျက်ခြင်းမှ ရှောင်ကြဉ် မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် ကေယာမသ် (ကမ္ဘာ့ တရားစီရင်မည့်နေ့ ) တွင် ၎င်း ၏ အမှား များ အတိမ်းအစောင်း များ ကို ခွင့်လွတ်ပေး တော်မူမည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၂ ၊ စာမျက်နှာ ၂၅၆

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် မွတ်စလင်မ်များကို အသရေဖျက်ခြင်း ၊ သိက္ခာ ချခြင်း ကို ရှောင်လျင် မည်သည့် အကျိုး ကို ရှရှိမည် ဖြစ်ကြောင်း သိရှိရပါတယ်။လူတိုင်းသည် ပြစ်မဲ့ မအ်စးမ် မဟုတ်သည့် အတွက်ကြောင့် အမှား နှင့် တိမ်းစောင်းမှု အနည်းနှင့်အများ ရှိကြပါတယ်။ မွတ်စလင်မ် ကို သိက္ခာ ချခြင်း အသေရည် ဖြစ်ခြင်း ကို‌ရှောင်လျင် ဤမျှကြီးမားသည့် အကျိုး ရမည် ဆိုလျှင် မွတ်စလင်ထက် အဆင့် ကြီး အဆင့်မြင့်သည့် မိုအ်မင် ကို သိက္ခာ ချခြင်း အသရေဖျက်ခြင်းမှ ရှောင်မည်ဆိုလျှင် မည်မျှ ကြီးမား  သည့် အကျိုးရမည်နည်း? ဒါကြောင့် မိမိ ကိုယ်ကို ရှီအဟ်တစ်ယောက် မိုအ်မင် တစ်ယောက် မွတ်စလင်တစ်ဦးဟု ခံယူထားလျှင် မိုအ်မင်တစ်ဦး  မွတ်စလင်မ် တစ်ဦး ၏ သိက္ခာ ကို ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များ ၊မနာလိုချက်များ စသည် ဖြင့် အပြင် နှင့်ဖေ့ဘုတ် စသည်တို့တွင် သိက္ခာ ချခြင်း အသရေဖျက်ခြင်းများ မပြုရန် အထူး ကြိုးစားရမည်ဖြစ်ပါတယ်။

****************************************************************

END / 251