အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၁ မတ် ၂၀၂၄

၁၉:၄၄:၅၃
1443775

လမြတ် ရမ်တွာန် တွင် သရာဝီးဟ်နမာဇ်

လမြတ် ရမ်တွာန် တွင် သရာဝီးဟ် နမာဇ် ဖတ်ခြင်း နှင့်ပတ်သက်ပြီး အနည်းငယ်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ အသေးစိတ်အား သက်ဆိုင်ရာ အာလင်မ်များမှ တင်ပြခဲ့ကြပီးဖြစ်ပါတယ်။ တင်ပြနေတုန်း ဖြစ်ပါတယ်။ တင်ပြ ရခြင်း မှာမည်သူမှားသည် မည်သူမှန်သည့် ကိုတင်ပြလိုသည့်ထက် မိမိတို့အား မြတ်အလ္လာဟ် ချီးမြှင့်ထားသည့် အဲက်လ်ကို (အသိဉာဏ် ၊ ဆင်ခြင်တုံတရား ) အသုံးပြုရန် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မေးခွန်း - သရာဝီးဟ် နမာဇ် သည် အဲဟ်လေ့စွန္နသ် အကြား အကွဲအလွဲများ အသွင်ဖြင့် လာရှိပါသည်။ ထိုကြောင့် မဇ်ဟဗ် အဲဟ်လေ့ဘိုက် (အ.စ)(ခ) (ရှီအဟ်) တွင် သရာဝီးဟ် နမာဇ် သည် မည်သည့် အခြေအနေ တွင်ရှိပါသနည်း?

အဖြေ - အဲဟ်လေ့စွန္နသ် (စွန်နီ ) များ အနေဖြင့် ဤနမာဇ် (သရာဝီးဟ် နမာဇ် ၏ ဖတ်နည်းအမျိုးမျိုး) ကို ဒုတိယ ခလီဖွာ၏ အမိန့် ဖြင့် စပြီး ဖတ်ခဲ့ကြပါသည်။ ပြီးနောက် ဂျမာအသ် ဖြင့် ဖတ်ခဲ့ကြပါသည်။ သို့သော် အဲဟ်လေ့ဘိုက် (အ.စ) ဘက်မှ ဆင့်ပြန် လာရှိသည့် ရီဝါယသ်တော် တစ်ခု အရ တမန်တော်မြတ် မိုဟမ္ဒ် (ဆွ) သည် ဤကဲ့သို့သော်မည်သည့်နမာဇ် ကိုမှ ဝတ်ပြုတော်မူခြင်း မရှိခဲ့ချေ။ ထိုနည်းတူစွာ ဟဒီးစ်တော်များ အရ နာဖေလဟ် နမာဇ်များ ကို ဂျမာအသ် ဖြင့် ဖတ်ခြင်းသည် ဗေဒအသ် ဖြစ်ပါသည်။ပြီးနောက် နဂျာအေဇ် (ခွင့်မပြုထားခြင်း) ဖြစ်ပါသည်။

ရည်ညွှန်း - www.islamquest.net/ur/archive,fa6885


အနှစ်ချုပ်

ဤအတွက်ကြောင့် ဒုတိယ ခလီဖွာ ဟဇရသ် အိုမရ် အား စံမှတ်ကျောက် အဖြစ် လက်ခံသူများ စွန္နသ် ညီနောင် များသည် သရာဝီးဟ် နမာဇ် အား  ၈ ရကတ် ၊ ရကတ် ၂၀ အဖြစ် ဝတ်ပြုကြပါတယ်။

ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက် (အ.စ) ကို စံမှတ်ကျောက်  အဖြစ် လက်ခံထားကြသည့် ရှီအဟ် ညီ‌နောင် များသည် ကိုယ်တော်မြတ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (အ.စ) မှ မည်သူမှဝတ်ပြုခဲ့ကြခြင်း မရှိကြသည့် အတွက်  သရားဝီးဟ် နမာဇ် အား ဝတ်မပြုကြခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251