အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၂ မတ် ၂၀၂၄

၁၂:၄၂:၀၉
1443896

ပထမဝါဖြေရမည်လား? သို့မဟုတ် နမာဇ် ဝတ်ပြုရမည်လား?

စွန်နီမွတ်စလင်မ်များသည် လမြတ်ရမ်တွာန် တွင် ရိုဇဟ်ထားပြီးနောက် မဂ်ရိဘ် အဇန်သံကြားပြီး ဝါဖြေကြပါတယ်။ ရှီအဟ် မွတ်စလင်မ်များကတော့ နမာဇ်မဂ်ရဗ်ဘ်နှင့် အေရှာကို ဆောက်တည်ပြီးမှ သို့မဟုတ် မဂ်ရိဘ် နမာဇ် ကို ဆောက်တည်ပြီးမှ ဝါဖြေကြပါတယ်။ ဤအတွက်ကြောင့် ဤလုပ်ရပ် နှစ်ခု အား အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) ၏ ဟဒီးစ်တော် ဖြင့် စိစစ်ကြမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပထမ ဝါဖြေရမည်လား?သို့မဟုတ် နမာဇ် ဝတ်ပြုရမည်လား? ဆိုသည့် မေးခွန်း အကယ်၍ ဦးခေါင်း တွင်ပေါ်ပေါက် လာပါက အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏ အောက်ဖော်ပြပါ ဟဒီးစ်တော် အား‌လေ့လာ ပြီး အဖြေကိုသိရှိ ရမည် ဖြစ်ပါတယ်။

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်တော် မူသည် ။

« နမာဇ်အား ဝါဖြေခြင်းထက် အလျင် ရှေ့တန်းတင်ပါ။ အကယ် ၍ အခြား ဝါအရင်ဖြေခြင်းကို နှစ်သက်သည့် အုပ်စု တစ်စု တစ်ခု နှင့် အတူ ထိုင်နေသည့် အခါ ၎င်းတို့ကို မဆန့်ကျင် ပါနှင့်။ ၎င်းတို့ နှင့် အတူ ဝါဖြေပါ။ ထိုအပြင် ပထမ နမာဇ် ကိုအလျင် ဝတ်ပြုပါ။ အကြောင်းသည်ကား နမာဇ်သည် ဝါဖြေခြင်းထက် ပိုမို၍ မြင့်မြတ်သည့် အတွက်ကြောင့် (ကောင်းမွန်သည့်အတွက်ကြောင့်) ဖြစ်ပါသည်။ သင်၏ နမာဇ် အား ရိုဇဟ် ထားထားသည့် အ‌ခြေအနေတွင် ရေးမှတ်ခြင်း ခံရပေမည်။ ပြီးနောက် ဤလုပ်ရပ်သည် ကျွန်ုပ် ၏အမြင်တွင် ပို၍ နှစ်သက်ဖွယ်လုပ်ရပ် ဖြစ်ပါသည်။ »

ရည်ညွှန်း - المقنعة ၊ စာမျက်နှာ ၃၁၈

 

****************************************************************

END / 251