အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၅ မတ် ၂၀၂၄

၂၀:၂၂:၃၄
1444627

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီစစ်သာနီ မှ သရှ်ဟွဒ် ကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီစစ်သာနီ  အီ  မှ သရှ်ဟွဒ်  ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

အကယ်၍ (နမာဇ်တွင်) မတ်တပ်ထရပ် သသည့် အချိန် သရှ်ဟွဒ် မဖတ်ရသေးကြောင်း သတိရလာလျင် ဘာလုပ်ရမည်နည်း?

အဖြေ

ထပ်ပြီးတော့ ထိုင်ပြီး သရှ်ဟွဒ် ဖတ်ရမည် ဖြစ်ပါတယ်။

 

မေးခွန်း

နမာဇ် တွင် သရှ်ဟွဒ် မေ့သွားလျင် သရှ်ဟွဒ် ပြန်ပြီးတော့ ဖတ်ရမည်လား? သို့မဟုတ်  စဂျ်ဒဟ် စဟူ ပြုရ မည်နည်း ?

အဖြေ

သရ်ဟွဒ် ၏ကဇွာ ပြုရန် ဝါဂျစ်ဗ် မဟုတ်ချေ။ စဂျ်ဒဟ် စဟူ ၂ ခါ ပြုရမည် ဖြစ်ပါတယ်။

 

မေးခွန်း

သရှ်ဟွဒ် တွင် ရှဟာဒသ် စာလေစဟ် ( اشھد ان امیر المومنین و امام المتقین علیا ولی اللہ و اولادہ المعصومین حجت اللہ ) ဖတ်ခြင်း အတွက် မည်ကဲ့သို့ အမိန့် ရှိပါသနည်း?

အဖြေ

အဲဟ်သေယာသွ် သွေ ဝါဂျစ်ဗ် အရ နမာဇ် ၏ သရှ်ဟွဒ် တွင်ရှဟာဒသ် စာလေစဟ် ဖတ်ခြင်းသည် မပိုင်ချေ။

 

မေးခွန်း

( နမာဇ် ) ၏ ဒုတိယ ရကအတ်သ် တွင် ကူနူးသ် နှင့် သရှ်ဟွဒ် မေ့သွားမည် ဆိုလျင်  နမာဇ် ပျက်သွားပါသလား?

အဖြေ

မပျက်ပါ။ အကြောင်းမှာ ကူနူးသ် ဖတ်ခြင်းသည်  မွတ်စ်သဟဗ် ဖြစ်ပါသည်။  သရှ်ဟွဒ် မေ့ သွား သည် အခြေအနေတွင် စဂျ်ဒဟ် စဟူ ၂ ခု ပြုရမည် ဖြစ်ပါစသည်။

 

မေးခွန်း

သရှ်ဟွဒ် တွင် ဆလ်ဝသ်ဖတ်ပြီးနောက် အအ်ဂျေလ် ဖရဂျဟွန်းမ် နှင့် ပတ်သက်၍ မည်သည့်အမိန့် ရှိပါသနည်း?

အဖြေ

ပြဿနာ မရှိချေ။ (ဖတ်နိုင်ပါတယ်။ )

 

မေးခွန်း

အကယ်၍ တစ်ဦးတစ်ယောက် သည် သရှ်ဟွဒ် တွင် ဆလ်ဝသ် ဖတ်ပြီးနောက် အအ်ဂျေလ် ဖရဂျဟွန်းမ် ဖတ်လျင် ထိုသူ၏ နမာဇ် မှန်ပါသလား ? (ပိုင်ပါသလား? )

အဖြေ

မည်သည့် ပြဿနာ မှ မရှိပါ။ သို့သော် ဆလ်ဝသ် ပြီးနောက်  ''و تقبل شفاعتہ وارفع درجتہ''  ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယိ

မှတ်ချက်  ။ ။ သရှ်ဟွဒ် အကြောင်း သိသင့် သည့် အရာများ သိသွားပြီးဟု မျှော်လင့်ပါတယ်။ အင်န်ရှာအလ္လာဟ် လက်တွေ့ ကျင့် သုံး နိုင်ကြပါစေ။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251