အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၆ မတ် ၂၀၂၄

၁၁:၀၂:၀၉
1444763

ရိုဇဟ် သည်အလ္လာဟ် ဟိုအရှင်မြတ် နှင့် ဆိုင်ကြောင်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ရိုဇဟ် သည်အလ္လာဟ် ဟိုအရှင်မြတ် နှင့် ဆိုင်ကြောင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ခေဆွာလ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

قالَ اللّهُ تباركَ و تعالى: كُلُّ عَمَلِ ابنِ آدَمَ هُو لَهُ، غَيرَ الصِّيامِ هُو لي و أنا أجزِي بهِ .

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« ဟဇရသ် အာဒမ် (အ.စ) ၏ သားသမီးများ (လူသားများ) ပြုလုပ်သည့် လုပ်ရပ်မှန်သမျှ သည် ၎င်းတို့ နှင့် သက်ဆိုင်ပေသည်။ သို့သော် ရိုဇဟ် သည် ငါ (အလ္လာဟ်) နှင့် သက်ဆိုင် ပေသည်။ ပြီးနောက် ငါသာလျှင် ဤအတွက် ဆဝါးဗ် ချီးမြှင့် ပေးသနားတော် မူမည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ အလ်ခေဆွာလ်၊ ၄၂ /၄၅

သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် ရိုဇဟ် ၏ကြီးကျယ် မြင့်မြတ် မှု ကို သိရှိနိုင်ပါတယ်။ ဤအတွက်ကြောင့် ရိုဇာဟ် ထားလျှင် အလ္လာဟ် အတွက် ဖြစ်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251