အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၆ မတ် ၂၀၂၄

၁၂:၁၆:၃၈
1444798

ရိုဇဟ်ထားရန် အဘယ်ကြောင့် ဝါဂျစ်ဗ် ဖြစ်ရပါသနည်း?

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အပြစ်ဒုစရိုက် (ဂိုနဟ်) လုပ်ပြီး ပီတိ ဖြစ်ခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလလွတ်ရှ်ရှရာအေအ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الرضا علیه السلام :

الإمامُ الرِّضا علیه السلام ـ في علّةِ وُجوبِ الصَّومِ ـ: لِكَي يَعرِفُوا ألَمَ الجُوعِ و العَطَشِ، و يَستَدِلُّوا على فَقرِ الآخِرَةِ، و لِيكونَ الصائمُ خاشِعا ذَليلاً مُستَكينا مَأجُورا مُحتَسِبا عارِفا صابِرا على ما أصابَهُ مِن الجُوعِ و العَطَشِ، فَيَستَوجِبَ الثَّوابَ مَع ما فيهِ مِنَ الإمساكِ عنِ الشَّهَواتِ، و لِيكونَ ذلكَ واعِظا لَهُم في العاجِلِ، و رائضا لَهُم على أداءِ ما كَلَّفَهُم و دَليلاً لَهُم في الأجرِ، و لِيَعرِفوا شِدَّةَ مَبلَغِ ذلكَ على أهلِ الفَقرِ و المَسكَنَةِ في الدنيا، فَيُؤَدُّوا إلَيهِم ما فَرَضَ اللّهُ لَهُم في أموالِهِم.

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

« အေမာမ်ရေဇာ (အ.စ) အနေဖြင့် ရိုဇဟ် ဝါဂျစ်ဗ် ဖြစ်ရသည့် အကြောင်း ကို ရှင်းပြတော်မူပြီး မိန့်တော် မူသည်မှာ - (ရိုဇဟ် အားအလ္လာဟ်ဟိုအရှင်မြတ် မှ ဝါဂျစ်ဗ် ပြုထားတော်မူပါသည်။ ) အကြောင်း မှာ လူသားအနေဖြင့် ဆာလောင်ခြင်း၏ ဝေဒနာ နှင့် ရေငတ်ခြင်းဝေဒနာကို ခံစားနိုင်ရန် ဖြစ်ပါသည်။ ထိုပြင်ပြင် အာခေရသ် (‌တမလွန်ဘဝ ) တွင် မိမိတို့၏ ၏ ကံကြမ္မာကို သိရှိနိုင်စေရန်အတွက် ဖြစ်ပါသည်။ ထိုပြင် ရိုဇဟ်ထားသူသည် ဆာ‌လောင် ခြင်း နှင့် ရေငတ်ခြင်း တို့၏ ရလာဒ် ကြောင့် (မြတ်အလ္လာဟ်ကို ) ကြောက်ရွံ့ သူ၊ ကျိုးနွံသူ၊ နှိမ့်ချ သူ၊ အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်မြို့ခြင်း နှင့် ဆဝါးဗ်ကို ရလိုသူ၊ အာ‌‌ရေဖ် (အလ္လာဟ်အားသိရှိနားလည်သူ ) နှင့် သည်းခံသူ ဖြစ်ရန် ဖြစ်ပါသည်။ ထိူဂုဏ်ပုဒ်များ ကြောင့် ဆဝါးဗ်ရထိုက်သူ ဖြစ်ရန် ဖြစ်ပါသည်။ ထိုပြင် ရိုဇဟ် သည် (စိတ်ရိုင်း၏) လိုအင်ဆန္ဒ ကို ကင်းဝေးစေသည့် အကြောင်းကို လည်း ဖြစ်စေပါသည်။ ထိုပြင် ဤ‌ ရိုဇဟ်သည် ၎င်းရိုဇဟ်ထားသူ အတွက် သတိပေးချက်နှင့် ဆုံးမစကားကို ဖြစ်စေပါမည်။ပြီးနောက် မိမိတာဝန် ဝတ္တရာများကို ထမ်းဆောင်နိုင်ရန် အသင့် ဖြစ်စေပါမည်။ ပြီး ဆဝါးဗ် ရရန်အတွက် လူထုကို လမ်းညွှန် ပေးမည် ဖြစ်ပါသည်။ ပြီးနောက် ဤလောက ၏ ဆာလောင် ငတ်မွတ်ခြင်း ရေဆာခြင်း တို့ကိုခံစားနေသည့် သူဆင်းရဲများ အတွက် ကိုယ်ချင်းစာ ခံစားပေးနိုင်ရန် ဖြစ်ပါသည်။ နောက်ဆုံး ဥစ္စာပစ္စည်းနှင့် စည်းစိမ်များ နှင့်ပတ်သက်၍ အလ္လာဟ်ဟို အရှင်မြတ် ဝါဂျစ်ဗ် အဖြစ် သတ်မှတ်ထားသည့် ပေးဆောင်ရမည့် (ခွမ်းစ် ၊ဇကားသ်) တာဝန် များ ကို ပေးဆောင် နိုင်ရန် ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ အလလွတ်ရှ်ရှရာအေအ် ကျမ်း ၊ ၂၇၀

မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ရိုဇဟ် အား မြတ်အလ္လာဟ် အဘယ်ကြောင့် ဝါဂျစ်ဗ် မဖြစ်မနေ ပြုထားကြောင့် သိရှိရမည် ဖြစ်ပါသည်။ ထိုပြင် ရိုဇဟ် ထားပြီး ဟဒီးစ်တော် လာ အထက်ဖော်ပြ ပါ အရည် အချင်းများ ဖော်ပေါက်လာအောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ရိုဇဟ်ထားပြီး အဆိုပါအရည်အချင်းများ မကိန်းအောင်လာလျှင် ပြန်လည် စိစစ်ရန် လိုအပ်ကြောင်း သိရမည် ဖြစ်ပါတယ်။

*************************************************************

END / 251