အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၇ မတ် ၂၀၂၄

၁၁:၄၇:၄၉
1445075

အလ္လာဟ် နှင့်နီးကပ်မှု ရရန် မည်ကဲ့သို့ ချဉ်းကပ်ရမည်နည်း?

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ် နှင့်နီးကပ်မှု ရရန် မည်ကဲ့သို့ ချဉ်းကပ်ရမည်နည်း? နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလ်ဟေကန်မ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

ما تقرب متقرب بمثل العبادة.

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

« အလ္လာဟ် ဟို အရှင်မြတ် အား ခဝပ်ကိုးကွယ်မှုပြု ခြင်း ကဲ့သို့ မည်သည့် အရာမျှ အလ္လာဟ် ဟို အရှင်မြတ် နှင့် နီးကပ်မှု ကို မဆွတ်ခူးပေးနိုင်ချေ။ »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကန်မ် ကျမ်း ၊ စာမျက်နှာ ၁၉၉ ၊ ဟဒီးစ်တော် အမှတ် ၃၉၄၂

မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး အလ္လာဟ်ဟို အရှင်မြတ် ၏ နီးကပ်မှု ရရန် ဘာလုပ်ရမည်ဆိုသည်ကို ကွက်ကွက် ကွင်းကွင်း သိရှိ ရမည် ဖြစ်ပါတယ်။ အေဗါဒသ် ကိုခဝပ်ကိုးကွယ်ခြင်း ကို ပြုရမည် ဖြစ်ပါတယ်။ နမာဇ်ဝတ်ပြု ခြင်းသည် လည်း အကောင်းတကာ အကောင်းဆုံး မြတ်အလ္လာဟ် အား အေဗါဒသ် ပြုခြင်း ခဝပ်ကိုးကွယ်ခြင်း ဖြစ်ပါတယ်။ နမာဇ်ကို နေ့စဥ် ငါးကြိမ်ရအောင် ဝ်ပြုရမည်မှာ အရွယ် ရောက် မွတ်စလင်မ် တိုင်း ၏ မပြုမနေရတာဝန် ဖြစ်ပါတယ်။

****************************************************************

END / 251