အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၀ မတ် ၂၀၂၄

၂၀:၂၆:၀၈
1445802

စဲဟ်ရီ စားနေချိန် ဖဂျရ်အဇာန် ပေးပြီးကြောင်း သိရသည့်အခါ ဘာလုပ်ရမည်နည်း ?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ စဲဟ်ရီ စားနေချိန် ဖဂျရ်အဇာန် ပေးပြီးကြောင်း သိရသည့်အခါ ဘာလုပ်ရမည်နည်း ? ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ စဲဟ်ရီ စားနေချိန် ဖဂျရ်အဇာန် ပေးပြီးကြောင်း သိရသည့်အခါ ဘာလုပ်ရမည်နည်း ?  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အကယ်၍ လူ(မိုအ်မင်သို့မဟုတ်မိုအ်မေနဟ်( တစ်ဦးတစ်ယောက်သည် စဲဟ်ရီ စားနေပါတယ်။ ထိုအချိန် သူအနေဖြင့် ဖဂျရ်အဇန် ဆိုပြီးကြောင်း ပေးပြီးကြောင်း သိရသည့်အခါ တရားတော် အရ ဘာလုပ်ရမည်နည်း ?

အဖြေ

အကယ်၍  မိုးလင်းကြောင်း (ဖဂျရ်အချိန်ရောက်ကြောင်း) သိရလျှင် စားနေသည့် အစား ကို အပြင်ထွေးထုတ်ရန် အရေးကြီးပါသည်။ အကယ်၍ တမင် မျိုချ မည် (စားမည်) ဆိုလျှင် ၎င်း ၏ ရိုဇဟ် သည် ပျက်သွားပါသည်။ ထိုပြင် ကဖ္ဖ်ရဟ် ပါ ပေးဆောင်ရန် ဝါဂျစ်ဗ် ဖြစ်သွားပါသည်။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ သံသယဖြစ်နေသည့် အခြေအနေ တစ်ခု အား ဘာလုပ်ရမည်ဆိုတာ သေချာ သိရှိသွားဖြစ်ပါတယ်။ ထိုပြင် ကဖ္ဖ်ရဟ် မည်သို့ ပေးဆောင် ရမည် ဆိုသည်ကို လည်း ဓမ္မသတ်ကျမ်းများ ဖော်ပြထားပြီး ဖြစ်ပါတယ်။ မိုအ်မေနီးန်များ လွယ်ကူစွာသိရှိရန် အတွက် ဖော်ပြရမည်ဆိုလျှင် (၁) ငွေဝယ်ကျွန် တစ်ယောက်ကို လွတ်ပေးရပါမည်။ (သို့မဟုတ်) ရက်ပေါင်း ၆၀ ရိုဇဟ် ပြန်ထားရပါမည်။ ၃၁ရက် အားဆက်တိုက် ထားရန် အရေးကြီးပါတယ်။ သို့မဟုတ် မရှိဆင်းရဲသား မိုအ်မင် အယောက် ၆၀ ကို ထမင်းကျွေးရပါမည်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251