အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၂ မတ် ၂၀၂၄

၁၉:၃၇:၂၃
1446176

အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဝါဖြေပေးခြင်းဆဝါးဗ် နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အလ်မအာစင်န် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام موسى الكاظم (عليه السلام):

فطرک أخاك الصائم افضل من صيامك.

အေမာမ် မူစာကာဇင်းမ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«သင်တို့ အနေဖြင့် မိမိတို့ ၏ သာသနာ့ ညီနောင် အား ဝါဖြေပေးခြင်း ( ဆဝါးဗ်) သည် သင်တို့ ကိုယ်တိုင် ရိုဇဟ် ထားသည့် ဆဝါးဗ် ထက် ပိုမို မြင့်မြတ်ပါသည်။  »

ကျမ်းကိုး ။ ။ အလ်မအာစင်န် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၉၆

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ဝါဖြေပေးခြင်း ၏ ဆဝါးဗ် မည်မျှ ကြီးကျယ် မြင့်မြတ် ကြောင်း သိရှိရမည် ဖြစ်ပါတယ်။ သို့သော် ဝါဖြေ ပေးသည့် အချိန်တွင် အထူး သတိပြု ရမည့် အချက်များ ရှိပါတယ်။ မိမိ ဝါဖြေပေးမည့် ပစ္စည်းများသည် သန့်ရှင်းဖို့ ၊ဟလာလ် ဖြစ်ဖို့ အရေးကြီး သလို အသုံးပြုသည့် ငွေသည်လည်း သန့်ရှင်းဖို့ လိုပါတယ်။ ပြီးနောက် ပြစားလိုသည့် နီယသ်လည်း အတတ်နိုင်ဆုံး မပါအောင် သတိပြုရမည် ဖြစ်ပါတယ်။ ပြီးနောက် ဝါဖြေပေးသည့် အစားအစာများ သည် ကျန်းမာရေး အရ ညီညွတ် သည့်အစားအစာများ ဖြစ်ပါက ပို၍ နေနဲ့လ ၊ ရွှေနဲ့ မြ ဖြစ်ပါတယ်။ ပြီးနောက် အိုလမာယေ အက်ခ်လာက် ၏အမြင် အရ စျေးမှ အစားအစာများ နှင့် ဝါဖြေ ပေးခြင်းထက်  မိမိကိုယ်တိုင် ဝဇူနဲ့ တစ်ကွ ချက်ပြုတ်ပြီး ဝါဖြေ ပေးလျင် ပို၍ ကောင်းပါတယ်။ အကြောင်း မှာ စျေးရှိ  အစားအစာ အများ အပြားသည် ဆင်းရဲသားများ ကြည့်ပြီး မစားနိုင်သည့် အတွက် မကျန်းမာသူများ ကြည့်ပြီးတော့ မစားနိုင်ရှာသည့် အတွက် နစဲရ် ထိထားသည့် အစားအစာ အများစု ဖြစ်ပါတယ်။

****************************************************************

END / 251