အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၃ မတ် ၂၀၂၄

၂၀:၃၀:၁၃
1446358

ကမ္ဘာကျော် အမေရိကန် သိပ္ပံပညာရှင် ပါမောက္ခ Henry Musharraf သည် အစ္စလာမ် ဘာသာသို့ ကူးပြောင်း

အမေရိကန်၏ ကမ္ဘာကျော် ပင်မဆဲလ် သိပ္ပံပညာရှင် Henry Larson သည် အစ္စလာမ်ကို လက်ခံလိုက် ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News  သတင်း အထာက်အထားများ အရ အစ္စလာမ်၏ ရန်သူများ၏ မှားယွင်းသော ဝါဒဖြန့်မှုများနှင့် မွတ်စလင်များ ၏ ပုံပျက်ပန်းပျက် ဖြစ်နေသော်လည်း၊ အကောင်းဆုံး ဘာသာအဖြစ် အစ္စလာမ်ကို လက်ခံ သူဦးရေ တိုးများလာနေပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး အရေးကြီးတာက အစ္စလာမ်ကို လက်ခံတဲ့ လူတွေ ထဲမှာ ပညာတတ်တွေနဲ့ သိပ္ပံပညာရှင်တွေပါကြောင်း ဖြစ်ပါတယ်။

နောက်ဆုံးဖြစ်ရပ်သည် ပင်မဆဲလ်နယ်ပယ်မှ ကမ္ဘာကျော် အမေရိကန် သိပ္ပံပညာရှင် ပရော်ဖက်ဆာ Henry Larson သည် အစ္စလာမ်လောကသို့ ဝင်ရောက်လာခြင်းနှင့် ဆက်စပ်နေပါတယ်။ မီဒီယာသတင်းရင်းမြစ်များ၏ အဆိုအရ နာမည်ကျော် အမေရိကန် သိပ္ပံပညာရှင် ပါမောက္ခ Henry Larson သည် အစ္စလာမ်ဘာသာကို လက်ခံခဲ့ပြီး ၎င်း၏ အမည်သစ်မှာ အဗ်ဒိုလ်ဟက်  ဖြစ်ပါတယ်။  Henry Larsen သည် ကလေမဟ် ဖတ်နေသည့် ဗီဒီယို ကလစ် တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပါတယ်။

မီဒီယာများ၏ ဖော်ပြချက်အရ  ပါမောက္ခ Henry Larson  သည် လမြတ် ရမ်တွာန် ၏ ပထမ ရက် ရိုဇဟ် လည်းထားခဲ့ကြောင်း မကြာမီ  အိုမရဟ် ပြုရန် အတွက်လည်း မက္ကဟ် မြို့ သို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

ပရော်ဖက်ဆာ Henry Larson သည် ပင်မဆဲလ်ဆေးပညာနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်းအမည်များထဲမှ တစ်ဦးဖြစ်ပြီး အထင်ရှားဆုံး သိပ္ပံပညာရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ပရော်ဖက်ဆာ Henry Larson သည် နာမည်ကြီး အမေရိကန် တက္ကသိုလ် ဟားဗတ်မှာ ပါမောက္ခ တစ်ဦး ဖြစ်ပြီး မျိုးရိုးလိုက် မျက်စိကွယ်ခြင်းကို ကုသရန် ပင်မဆဲလ်ဆေးကို တီထွင်ခဲ့သူဖြစ်ပြီး၊ မကြာသေးမီက US Food and Drug Administration မှ စမ်းသပ်မှု၏ တတိယအဆင့်နှင့် နောက်ဆုံးအဆင့်အတွက် အတည်ပြုခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏ ရက်စက် ကြမ်းကြုတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး နယ်ချဲ့  အစ္စရေးသည် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် နေကြောင်း သတိပြုသင့်ပါတယ်။ အကူ အညီပေး ရေးလမ်းကြောင်းကို ရောက်သွားတဲ့ ပါလက်စတိုင်း တွေအတွက်လည်း ဗုံးတွေ မိုးရွာနေပါတယ်။ ဂါဇာတွင် အစ္စရေး တို့၏ ရက်စက် ကြမ်းကြုတ်မှုကို မြင်တွေ့ပြီးနောက် အနောက်ကမ္ဘာမှ ထင်ရှားကျော်ကြားသူ အများအပြား သည် မကြာသေးမီ ရက်ပိုင်းအတွင်း အစ္စလာမ်ကို လက်ခံခဲ့ကြကြောင်း သတိပြု သင့်ပါတယ်။

****************************************************************

END / 251