အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ မတ် ၂၀၂၄

၁၀:၀၈:၀၄
1446453

ဗလီ ၊ အေမာမ် ဘာရာ နှင့် မဒရ်စာ ဆောက်ရန် အတွက် ဖေသ်ရဟ် ပေးလို့ ရပါသလား ?

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဗလီ ၊ အေမာမ် ဘာရာ နှင့် မဒရ်စာ ဆောက်ရန် အတွက် ဖေသ်ရဟ် ပေးလို့ ရပါသလား ? နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေ လာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဗလီ ၊ အေမာမ် ဘာရာ  နှင့် မဒရ်စာ ဆောက်ရန် အတွက် ဖေသ်ရဟ် ပေးလို့ ရပါသလား ? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါ တယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ဗလီ ၊ အေမာမ် ဘာရာ  နှင့် မဒရ်စာ ဆောက်ရန် အတွက် ဖေသ်ရဟ် ပေးလို့ ရပါသလား ?

အဖြေ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ   နှင့် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ တို့ အနီး ၌ (အမြင်အရ) အဲဟ်သေယာသွ် ဝါဂျစါဗ် အရ ဖေသ်ရဟ် အား ဗလီ ၊ အေမာမ်ဘာရာ နှင့် မဒဲရ်စာ ဆောက်ရန် အတွက် မပေးရန် ဖြစ်ပါသည်။တစ်နည်းအားဖြင့် ဤ(ဖေသ်ရဟ်) သည် ထိုက်တန်သူများ၏ ရပိုင်ခွင့် ဖြစ်ပါသည်။ (ပေးရန်တိုက် သူများကိုသာ ပေးရပါမည်။)

အကြံပြုချက် - အထူးသတိပြုသင့်ပါတယ်။ ဖေသ်ရဟ် အား ထိုက်တန်သည့် သူများ ကို ပေးရန် ဖြစ်ပါတယ်။ အခြား နေရာများ အတွက် မသုံးမိရန် သတိပြုရမည် ဖြစ်ပါတယ်။ ရှီအဟ်ဖေရ်ကဟ်အရ ဖေသ်ရဟ်ထိုက်သူများ မှာ (၁) မရှိဆင်းရဲသားဖြစ်ရမည်။ (မရှိဆင်းရဲသားဆိုသည်မှာ ဝင်ငွေနဲ့ ထွက်ငွေ(ဖြန်းတီးခြင်းမပါ)  မမျှသူ ကိုခေါ်ဆိုပါတယ်။ ) (၂) အရက်သေစာသောက်စားသူမဖြစ်ရပါမည်။ (၃) နမာဇ် ဝတ်မပြုသူမဖြစ်ရပါ။ (၄) လူသိရှင်ကြား ဂိုနာဟ် လုပ်သူမဖြစ်ရပါ၊ ( ပမာအားဖြင့် မုတ်           ဆိတ် ရိတ်သူ နှင့် ဟေဂျာဗ် မရှိသူ သည်လည်း လူသိရှင်ကြား ဂိုနာဟ် ပြူသူများ ဖြစ်ပါတယ်။ ) ဖေသ်ရဟ် ကို ဂိုနာဟ် အလုပ်များ တွင် အသုံး ပြုသူမဖြစ်ရန် ဖြစ်ပါတယ်။ နောက်တစ်ချက် အရေးအကြီးဆုံး မှာ ဆယက်ဒ် မဟုတ်သူ ၏ ဖေသ်ရဟ် အား ဆယက်ဒ် ကို မပေးရန် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251