အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၅ မတ် ၂၀၂၄

၂၂:၅၃:၁၁
1446807

အခြားဖေရ်ကဟ်များ ၏ မတ်စ်ဂျစ်ဒ် များ တွင် နမာဇ် ဝတ်ပြုလို့ ရပါသလား ?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အခြားဖေရ်ကဟ်များ ၏ မတ်စ်ဂျစ်ဒ် များ တွင် နမာဇ် ဝတ်ပြုလို့ ရပါသလား ? နှင့် ပတ်သက်သည့် ရှရီအီ မတ်စ်အလဟ်အမှတ် ၅၆၁ (အာရဘီစာအုပ်) ကိုတင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အခြားဖေရ်ကဟ်များ ၏ မတ်စ်ဂျစ်ဒ် များ တွင် နမာဇ် ဝတ်ပြုလို့ ရပါသလား ? ဆိုင်ရာ ရှရီအီ မတ်စ်အလဟ်အမှတ် ၅၆၁ (အာရဘီစာအုပ်) ကိုတင်ပြလိုက်ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ၏ ရှရီအီ မတ်စ်အလဟ်အမှတ် ၅၆၁ (အာရဘီစာအုပ်) ကိုတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အောက်ပါ အတိုင်းဖြစ်ပါတယ်။

မတ်စ်အလဟ် အမှတ် ၅၆၁

« ရှိသမျှ မတ်စ်ဂျစ်ဒ်တိုင်း တွင် နမာဇ် ဝတ်ပြုခြင်းသည်   မွတ်စ်သဟဗ် ဖြစ်ပါသည်။ မွတ်စလင်မ်များ ၏ မည်သည့် ဖေရ်ကဟ် ၏ မတ်စ်ဂျစ်ဒ် တွင်ဖြစ်ပါစေ။ အတူတူဖြစ်ပါသည်။ သို့သော် မတ်စ်ဂျစ်ဒ် ‌ဒေ ဇေရာရ်  သို့မဟုတ် မွတ်စလင်မ်များ ၏ စည်း လုံးရေးကို ပျက်အောင် ရည်ရွယ်ချက် ဖြင့် ဆောက်ထားသည့် မတ်စ်ဂျစ်ဒ်  တွင် နမာဇ် ဝတ်ပြု ခြင်းသည်  မပိုင်ချေ။  »

အကြံပြုချက် - အထူးသတိပြုရမည့် အချက်မှာ စွန်နီ ဖြစ်စေ ၊ ရှီအဟ် ဖြစ်စေ ၏ မတ်စ်ဂျစ်ဒ်တိုင်း(ခ)ဗလီ ဝတ်ကျောင်းတိုင်း နမာဇ် ဝတ်ပြုခွင့် ပေးထားသော်လည်း မတ်စ်ဂျစ်ဒ် ‌ဒေ ဇေရာရ်  သို့မဟုတ် မွတ်စလင်မ်များ ၏ စည်း လုံးရေးကို ပျက်အောင် ရည်ရွယ်ချက် ဖြင့် ဆောက်ထား သည့်  စွန်နီ ဖြစ်စေ ၊ ရှီအဟ် ဖြစ်စေ ၏ မတ်စ်ဂျစ်ဒ်  တွင် နမာဇ် ဝတ်ပြု ခြင်း ကို ခွင့် မပြုထား ကြောင်း တွေ့ရမည် ဖြစ်ပါတယ်။ ဤအချက်ကိုကြည့်၍ သိရှိ ရမည်အချက်မှာ မွတ်စလင်မ် အချင်းချင်း (စွန်နီ၊ ရှီအဟ်) အကြား စည်းလုံးရေး ပျက်အောင် ဆောက်ထား သည့် ဗလီ ဝတ်ကျောင်းတော် တွင်  နမာဇ် ဖတ်ခြင်း မပိုင်ဟုဆိုထားလျှင် ရှီအဟ် အချင်းချင်း စည်းလုံး ရေး ပျက်အောင် ပြုထားသည့် ဗလီ ဆိုလျှင် ပို၍ ဆိုးဝါး ပေမည်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251