အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၇ မတ် ၂၀၂၄

၁၉:၁၅:၂၇
1447253

ကျမ်းတော်မြတ် ကုရ်အာန် အားသေလာဝသ်ပြုချိန် ကေရာအသ်ပြုချိန် အသံ ထွက်ခြင်း

ဟဇရသ် အာယာသွလ္လာဟ် ခါဒင်းန်မွတ်ဇ်ဇာကေရီးန် မှ ကျမ်းတော်မြတ် ကုရ်အာန် အားသေလာဝသ်ပြုချိန် ကေရာအသ်ပြုချိန် အသံ ထွက်ခြင်း ကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဗ်နာသတင်းဌာန ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် ခါဒင်းန်မွတ်ဇ်ဇာကေရီးန်  မှ ကျမ်းတော်မြတ် ကုရ်အာန် အားသေလာဝသ်ပြုချိန် ကေရာအသ်ပြုချိန် အသံ ထွက်ခြင်း  ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် ခါဒင်းန်မွတ်ဇ်ဇာကေရီးန် ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ဝန်ဆောင်မူ (ဟဒီယဟ်) ယူ၍ ဖြစ်စေ မယူ၍ ဖြစ်စေ ကျမ်းတော်မြတ်ကုရ်အာန် အား သေလာဝသ် ပြုချိန် ကေရာအသ် ပြုချိန် တွင် အသံ ထွက်ရန် လိုအပ်ပါသလား?

အဖြေ

ဝန်ဆောင်မူ (ဟဒီယဟ်) ယူ၍ ဖြစ်စေ မယူ၍ ဖြစ်စေ ကျမ်းတော်မြတ်ကုရ်အာန် အား သေလာဝသ် ပြုချိန် ကေရာအသ် ပြုချိန် တွင် အသံ ထွက်ရန် အရေးကြီးလိုအပ်ပါတယ်။ အသံမထွက်လျင် သေလာဝသ် အထ မမြောက် ချေ။ အသံထွက်ရမည် မှာ အနည်းဆုံး နမာဇ် စဟိုရ်အစဲရ် ၏ ပထမ နှစ်ရကတ် အတွက် စူရဟ်များ ကိုအသံတိုးတိုးနှင့် ဖတ်သည့် အနေအထား မိမိကိုယ်တိုင် ကြားရသည့် အနေအထား ဆိုလျင် လုံလောက်ပြီး ဖြစ်ပါတယ်။ အသံမထွက်ဘဲ စိတ်နှင့် သေလာဝသ်ပြုလျင် သေလာဝသ် အထ‌မြောက် မည် မဟုတ်ပေ။

အကြံပြုချက် - အထူးသတိပြုရမည့် အချက်မှာ ကျမ်းတော်မြတ် ကုရ်အာန် အား တစ်ဦးတည်း သေလာဝသ် လုပ်သည် ဖြစ်စေ ကုရ်အာန် ခွာနီ ၌ ဖြစ်စေ သေလာဝသ် ပြုချိန် အသံ ကို မိမိ ကိုယ်တိုင် ကြားရသည့် အနေအထား လောက် အသံထုတ်ပြီး ဖတ်ရပါမယ်။ အသံအကျယ်ကြီး ဖြင့် သူများ တွေ ပါ စိတ်အ နှောက်အယှက် ဖြစ်အောင် သေလာဝသ် ပြုခြင်း ကိုလည်း ရှောင်ကြဥ် ရပါမည်။ မောသွားလိုဆိုပြီး စိတ် နှင့် သေလာဝသ် ပြုခြင်း ကို လုံးဝ ရှောင်ရမည် ဖြစ်ပါတယ်။ အသံ မထုတ်ဘဲ စိတ် နဲ့ သေလာဝသ် ပြုမည်ဆိုလျင် သေလာဝသ် အထမြောက် မည် မဟုတ်သည့် အတွက် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251