အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၈ မတ် ၂၀၂၄

၂၀:၃၀:၀၉
1447514

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အဖိုးတန် ဆုံးမစကား နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

 

اِنّ اَنفاسَکَ أَجزاءُ عُمرِکَ فَلاتُفنها اِلاّ فی طاعَةٍ تُزلِفُک.

 

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဤအသက်ရှုသံများသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခုစီဖြစ်ပါသည်။ သင့်ကို အလ္လာဟ် ဟိုအရှင်မြတ် ထံ ပိုနီးကပ်စေသော နာခံမှု နည်းလမ်းမှတပါး (အခြားအရာများ အတွက်) ၎င်းတို့ကို မဖြုန်းတီးမိစေရန် သတိထား ပါလေ။  »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ၃၄၃၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် မိမိ၏ ထွက် သက် ဝင်သက်ကိုတောင်  အလ္လာဟ် ဟိုအရှင်မြတ် ၏ နှစ်မြို့ မှု နီးကပ်မှု မှ အပ အခြား ကိစ္စများ အတွက် မဖြုန်း တီး မိစေရန် အထူး သတိရှိရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ကျနော်တို့ အနေဖြင့် မိမိ ၏ ထွက်သက် ဝင်သက်များ ကို အလ္လာဟ် ဟိုအရှင်မြတ် ၏ နှစ်မြို့ မှု နီးကပ်မှု အတွက် အသုံးပြုနေပါ သလား ? သို့မဟုတ် အခြား ကိစ္စများ အတွက် သုံးနေပါသလား? ဆိုသည်ကို အလ္လာဟ် ဟို အရှင်မြတ် ပြီးလျှင် ကျနော်တို့ ကိုယ် ကျနော်တို့ အသိဆုံး ဖြစ်ပါတယ်။

****************************************************************

END / 251