အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၈ မတ် ၂၀၂၄

၂၂:၁၅:၅၇
1447519

စဲဟ်ရီအချိန် ဝါဖြေချိန် တွင် စူရဟ်ကဒ်ရ် သေလာဝသ် ပြု ခြင်း ၏ အကျိုးဆဝါးဗ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် စဲဟ်ရီအချိန် ဝါဖြေချိန် တွင် စူရဟ်ကဒ်ရ် သေလာဝသ် ပြု ခြင်း ၏ အကျိုးဆဝါးဗ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤ ဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာ ရှိပါတယ်။

 

الامام الصادق (عليه السلام):

ما مِنْ مُؤْمِنٍ صَامَ فَقَرَأَ إِنَّا أَنْزَلْنَاهُ فِی لَیْلَةِ الْقِدْرِ عِنْدَ سَحُورِهِ وَ عِنْدَ إِفْطَارِهِ إِلَّا کَانَ فِیمَا بَیْنَهُمَا کَالْمُتَشَحِّطِ بِدَمِهِ فِی سَبِیلِ اللَّهِ.

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« ရိုဇဟ်ထားသူ မည်သည့် မိုအ်မင် မဆို စဲဟ်ရီ စားချိန် နှင့် ဝါဖြေချိန်တွင် စူရဟ် ကဒ်ရ် ၏ သေလာဝသ် ပြုမည်ဆိုလျင် ၎င်းအနေဖြင် စဲဟ်ရီအချိန် နှင့် ဝါဖြေချိန် နှစ် ခု အတွင်း အလ္လာဟ် ၏ လမ်း တွင် မိမိသွေးကို စတေးခဲ့သည့် သွေးမြေကျခဲ့သည် ဆဝါးဗ် ကို ရရှိမည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊  အတွဲ ၉၇ ၊ စာမျက်နှာ ၃၄၄

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ စဲဟ်ရီ စားချိန် နှင့် ဝါဖြေချိန် တွင် စူရဟ် ကဒ်ရ် ကို သေလာဝသ် ပြုနိုင်အောင် ကြိုးစား ရမည်။ သေလာဝသ် ပြု နိုင်အောင် မမေ့ အောင် သတိပြုရမည် ဖြစ်ပါတယ်။ ဤကဲ့သို့သေလာဝသ် ပြုခြင်း ဖြင့် ကြီးမားသည့် အကျိုးဆဝါးဗ် ကို ဆွတ်ခူး နိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251