အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃၁ မတ် ၂၀၂၄

၁၄:၃၈:၂၉
1447962

လမြတ်ရမ်တွာန်၏ နှလုံးသားသည် ကဒ်ရ် ညမြတ် ဖြစ်ကြောင်း

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လမြတ်ရမ်တွာန်၏ နှလုံးသားသည် ကဒ်ရ် ညမြတ် ဖြစ်ကြောင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။

 

الامام الصادق (عليه السلام):

قلب شهر رمضان لیلة القدر.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« လမြတ် ရမ်တွာန် ၏ နှလုံးသား သည် ကဒ်ရ် ညမြတ် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊  အတွဲ ၁၀၃ ၊ စာမျက်နှာ ၆၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ လမြတ်ရမ်တွာန် ၏ နှလုံးသား ဖြစ်သည့် ကဒ်ရ် ညမြတ် အား အထူးတန်ဖိုးထား ရမည်ဖြစ်ပါတယ်။ ရှီအဟ် အကီဒါဟ် အရ ကဒ်ရ် ညမြတ် ဖြစ်နိုင်ချေရှိသည့် ညများ မှာ လမြတ် ရမ်တွာန် ၏ ၁၉ ရက်ည ၊ ၂၁ ရက်ည နှင့် ၂၃ ရက်ည များဖြစ်ပါတယ်။ အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ဟဒီးစ်တော် တစ်ပါး အရ  ၂၃ ည အား အလေးပေး တိုက်တွန်း ထားပါတယ်။ လမြတ် ကဒ်ရ် ဟာ လပေါင်း ၁၀၀၀ ထက် သာလွန် မြင့်မြတ်သည့် အတွက် နှစ်ပေါင်း ၈၀ ကျော် ထက် သာလွန် မြင့်မြတ်ပါတယ်။ ထိုပြင် နှလုံး ရပ်သွား လျင် လူ သေနိုင်သည် ကို အခြေခံ ၍ လမြတ် ရမ်တွာန် ၏ နှလုံးသား ဖြစ်သည့် ကဒ်ရ် ညမြတ်သည့် မည်မျှ အရေးပါ ကြောင်း သိနိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251