အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁ ဧပြီ ၂၀၂၄

၁၈:၁၈:၁၄
1448262

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဘဝနှင့် ပတ်သက်သည့် ဆုံးမစကား ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စဖီးနသိုလ်ဘဟာရ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

کن علی عمرك أشح منك علی درهمك ودینادك.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«မိမိ၏ အသက် (ဘဝ) အား ရွှေဒင်္ဂါး၊ ငွေ ဒင်္ဂါး ထက် ပိုမို၍ တွန်တို ပါလေ။ ( မိမိ၏ ဘဝ အား အဓိပ္ပာယ်မဲ့ ၊ အကျိုးမဲ့ အလုပ်များ ကို လုပ်ခြင်း ဖြင့် လက်မလွတ်ပါစေနှင့်။)   »

ကျမ်းကိုး ။ ။ စဖီးနသိုလ်ဘဟာရ် ကျမ်း ၊ အတွဲ ၂  ၊ စာမျက်နှာ ၂၅၈

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် မိမိတို့၏ ဘဝကို တန်ဖိုး ရှိသည့် အဓိပ္ပာယ် ရှိသည့် အလုပ်များ အတွက် အသုံးပြုရပါမည် ဖြစ်ပါတယ်။ လက် ရှိ ခေတ် တွင် လူတွေ အနေဖြင့် ရွှေ နှင့် ငွေ ကို သုံးသည့် အချိန် တွင် ကပ်စေးနည်း တွန်တိုကြသလို ကျနော် တို့ အနေဖြင့်လည်း မိမိ ဘဝကို တွန်တိုသင့်ပါတယ်။ ဆိုလိုသည်မှာ အလကား အချိန်မဖြုန်းမိအောင် အဓိပ္ပာယ် မဲ့  အလုပ်များ ကို မလုပ်မိစေရန် အထူး သတိပြုရမည် ဖြစ်ပါတယ်။

****************************************************************

END / 251