အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၃ ဧပြီ ၂၀၂၄

၂၀:၃၀:၄၇
1448788

စစ်မှန်သည့် အာလင်မ် နှင့် လက်ထပ်ခြင်း ၏ အားသာ ချက်များ

အခုခေတ် မိန်းကလေးအများစု၏ ခံစားချက်ကကတော့ အာလင်မ် (မောင်လာနာ) သို့မဟုတ် ဘာသာရေး ကိုင်းရိုင်း သူ မုတ်ဆိတ် ထားသည့် ယောက်ျားလေး နှင့် လက်မထပ်လိုကြပေ။ ၎င်းတို့ဘက်မှ လက်ထပ် ရန် ကမ်းလှမ်း လာလျှင်လည်း တားမြစ်ငြင်းဆိုကြပါတယ်။ ၎င်းတို့အနေဖြင့် ရုပ်ရှင်မင်းသား ပုံစံ မော်ဒန် ပုံစံ ယောက်ျား လေးများ ကို ပိုမို၍ နှစ်သက်ပြီး အိမ်ထောင် ပြုလို ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အခုခေတ် မိန်းကလေးအများစု၏  ခံစားချက်ကကတော့ အာလင်မ် (မောင်လာနာ)  သို့မဟုတ် ဘာသာရေး ကိုင်းရိုင်း သူ မုတ်ဆိတ် ထားသည့် ယောက်ျားလေး နှင့် လက်မထပ်လိုကြပေ။  ၎င်းတို့ဘက်မှ လက်ထပ် ရန် ကမ်းလှမ်း လာလျှင်လည်း တားမြစ်ငြင်းဆိုကြပါတယ်။ ၎င်းတို့အနေဖြင့် ရုပ်ရှင်မင်းသား ပုံစံ မော်ဒန် ပုံစံ ယောက်ျား လေးများ ကို ပိုမို၍ နှစ်သက်ပြီး အိမ်ထောင် ပြုလို ကြပါတယ်။

ဤမိန်းကလေးများ အနေဖြင့် စစ်မှန်သည့် မောင်လာနာ (စစ်မှန်သည့် အာလင်မ် ) ၏ ကောင်းကွက်များ နှင့် ထို စစ်မှန် သည့် အာလင်မ်များ နှင့် အိမ်ထောင် ပြုခြင်း ၏ ကောင်းကျိုးများကို သူတို့မသိကြပေ။ သို့မဟုတ်ပါက ထိုမိန်းကလေးများ သည် အာလင်မ် အစစ်အမှန် များ နှင့် လက်ထပ်ဖို့ သဘောတူ နှစ်သက် ကြမည် ဖြစ်ပါတယ်။

ဒါကြောင့် စစ်မှန် အာလင်မ်များ ၏ အားသာချက် အချို့ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

(၁) စစ်မှန် ဖြောင့်မတ်သည့်  သာသနာ့ ပညာရှင် (အာလင်မ်) သည် ခန်းဝင်ပစ္စည်း မတောင်းချေ။

(၂) စစ်မှန်သည့် သာသနာ့ပညာရှင်သည် မိမိဇနီး နှင့်ပတ်သည့် တာဝန်များ ကို သိသည့် အတွက် ဇနီးသည် ၏ ရပိုင်ခွင့်များ မဆုံးရှုံးတော့ချေ။

(၃) စစ်မှန်သည့် သာသနာ့ပညာရှင်သည် မိမိဇနီး အား ပျော်ရွှင် ကျေနပ် အောင် ထားပေမည်။

(၄) စစ်မှန်သည့် သာသနာ့ပညာရှင်သည် မိမိဇနီး ၏ အိမ်မှူကိစ္စများ တွင်လည်း ကူညီ ပေးပါသည်။

(၅) စစ်မှန်သည့် သာသနာ့ပညာရှင်သည် မိမိဇနီး အားဟေဂျာဗ် ဖြင့် နေခိုင်းပါတယ်။အကြောင်းမှာ  ဟေဂျာဗ် မဝတ်သူ အမျိုးသမီးသည် ရှိုင်တွာန် ၏ ခိုင်းရသူ ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။

(၆) စစ်မှန်သည့် သာသနာ့ပညာရှင်သည် မိမိဇနီး ၏ လောကီ လောကုတ္တရာ အတွက် သောက ထားသူဖြစ် ပါတယ်။ ထိုကြောင့် မိမိ ဇနီးသည်အား သာသနာ ကိုင်းရှိုင်းသူမ ဖြစ်အောင် ပြုလုပ် ပေးပြီး နမာဇ် ဝတ်ပြုရန် ရိုဇဟ် ထားရန် စသည့် ဘာသာရေး ဆိုင်ရာ တာဝန်ဝတ္တရား များ ကို မပျက်မကွက် ထမ်းဆောင်ရန် တိုက်တွန်း သူဖြစ်ပါတယ်။

(၇) စစ်မှန်သည့် သာသနာ့ပညာရှင်သည် ဇနီး သည် လူ့အဖွဲ့အစည်းတွင် ဘာသာရေး ကိုင်းရှိုင်းသူ ၊ ယဥ်ကျေးသူ  လူအများစု ၏ ဂုဏ်ပေး အလေးပေးခြင်း ကို ခံရသူ မ ဖြစ်ပါတယ်။

(၈) စစ်မှန်သည့် သာသနာ့ပညာရှင်သည် မိမိ ဇနီး ၊ သားသမီး ဆိုင်ရာ ထမ်းဆောင်ရမည့် တာဝန်များ (စားဝတ်နေရေး စသည်ဖြင့်)  ကို ကျေပြွန်စွာ ထမ်းဆောင်သူ ဖြစ်ပါတယ်။

****************************************************************

END / 251