အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၆ ဧပြီ ၂၀၂၄

၂၀:၁၇:၂၁
1449557

ရှောင်ကြဥ်ရမည့် အကျင့် နှစ်ခု

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ရှောင်ကြဥ်ရမည့် အကျင့် နှစ်ခု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အလ်ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام الصادق (عليه السلام):

ایاك والكسل والضجر فانهما يمنعاك حظك من الدنيا و الأخرة.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« ပျင်းရိခြင်း နှင့် ဇွဲ လျော့ ခြင်း အား ရှောင်ကြဥ်ပါလေ။ အကြောင်းသည်ကား ဤ အကျင့် နှစ်ခု သည် သင်တို့၏ လောကီ နှင့်  လောကုတ္တရာ ၏ အကျိုး(များ) ကို တားဆီးမည် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း  ၊  ၁၊၈၅၊၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည် ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဤပျင်းရိခြင်း နှင့် ဇွဲလျော့ ခြင်းကြောင်း ဆုံးရှုံးခဲ့ရမှုများကို လည်း ကျနော်တို့ အနည်း နှင့်အများ တွေ့ကြုံဖူးပြီး ဖြစ်ပေမည်။ ပမာအား ဖြင့် စာကျက်ပျင်း၍ စားမေးပွဲကျခြင်း ၊ ဇွဲလျော့၍ အောင်မြင်ရမည့် အလုပ် မအောင်မြင် ခြင်းတို့ အား ကိုယ်တိုင်ကြုံဖူးကြသို့မဟုတ် တွေ့ဖူး မြင်ဖူးပြီး ဖြစ်ပါတယ်။

****************************************************************

END / 251