အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၇ ဧပြီ ၂၀၂၄

၂၀:၁၈:၁၈
1449838

ဂျန္နသ်သီ(ခ)သုခဘုံသား နောင်တရမည့် အချိန်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဂျန္နသ်သီ(ခ)သုခဘုံသား နောင်တရမည့် အချိန် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လေအာလီ အလ်အခ်ဗါရ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

اِنّ اَهلَ الجَنَّةِ لایَندِمونَ عَلی شَیءٍ مِن اُمورِ الدُنیا اِلاّ علی ساعَةٍ مرَّتْ بِهِم فی‌الدّنیا لَمْ یَذكُروا اللَّهَ فیها.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« ဧကန်မလွဲ ဂျန္နသ်သီ (ခ) သူခဘုံသား တို့သည် (မနက်ဖန် ) တွင် လောကီ တွင် နေခဲ့စဥ် အလ္လာဟ် ဟိုအရှင်မြတ် အား တမ်းတသတိမရခဲ့ သည့် အချိန် (မအောက်မေ့ခဲ့သည့်အချိန်)  (များ) မှ အပ အခြား မည်သည့် ကိစ္စ အတွက် နောင် တရမိကြောင်း  ထုတ်ဖော်ကြမည် မဟုတ်ချေ။»

ကျမ်းကိုး ။ ။ အေလာ လေအာလီ အလ်အခ်ဗါရ် ကျမ်း ၊ စာမျက်နှာ ၁၅

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့်  အလ္လာဟ်ဟို အရှင်မြတ် အား တမ်းတ သတိရခြင်း  သည် မည်မျှ တန်ဖိုးကြီးမား ကြောင်း သိနိုင်မည် ဖြစ်ပါတယ်။ ဂျန္နသ်(ခ)သုခဘုံ တွင် စံမြန်းရမည့်သူတောင် လူ့လောကတွင် အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတ သတိမရမိသည့် အပေါ် နောင်တ ရကြမည် ဆိုအချက် ကို အထူးစဥ်းစားပြီး ၊ အမြဲတမ်း အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတ သတိရဖို့ အောက်မေ့ဖို့ ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251