၁၂ ဧပြီ ၂၀၂၄ - ၂၀:၂၆
ပါလက် စတိုင်း ပြည်သူများ၏ အကျိုး စီးပွားကို ဦးစား ပေးမည်ဟု ဟားမတ်စ် ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ်  ပြောကြား

ဟားမတ်စ်ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် ဧပြီ ၁၀ ရက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ သူ့ရဲ့သားတွေဟာ အဖွဲ့အတွက် တိုက်ခိုက်ရေးသမားတွေ မဟုတ်ကြောင်း ဧပြီ ၁၁ ရက်မှာ ငြင်းဆိုခဲ့ပြီး သူတို့ရဲ့ သေဆုံးရမှုက ဆွေးနွေးပွဲတွေကို သက်ရောက်မှု ရှိ မရှိ မေးမြန်းရာမှာ ဟာနီယာက “အရာအားလုံးထက် ပါလက်စတိုင်းပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟားမတ်စ်ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် မှ  ဧပြီ ၁၀ ရက်မှာ နယ်ချဲ့ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ် သွားရသည့်  မိမိ၏သားများ ဟာ အဖွဲ့အတွက် ဟားမတ်စ် အဖွဲ့၏ အဖွဲ့ဝင်များ  မဟုတ်ကြောင်း ဧပြီ ၁၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

 ၎င်းတို့၏ ရှဟီးဒ် ဖြစ် မူကြောင့်  ဆွေးနွေးပွဲတွေကို သက်ရောက်မှု ရှိ မရှိ မေးမြန်းရာမှာ အီစ္စမာအီ ဟနီယေဟ်  မှ «  အရာအားလုံးထက် ပါလက်စတိုင်းပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးမှာဖြစ်ပါတယ် »လို့ ပြောကြားခဲ့ပါတယ်။

မိမိ ကလေးတွေဟာ ပါလက်စတိုင်း ပြည်သူတွေထဲက ပြည်သူတွေသာဖြစ်ပြီး ဒီစွပ်စွဲချက်တွေဟာ နယ်ချဲ့ အစ္စရေး၏ ရာဇဝတ်မှုများ နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို အကြောင်းပြဖို့ လိမ်ညာမှုတွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ်ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြိုးပမ်းနေဆဲဖြစ်ပေမဲ့ နယ်ချဲ့ အစ္စရေးကတော့ တောင်းဆိုချက်တွေကို တုံ့ပြန်ဖို့ အချိန်တွေရွှေ့ဆိုင်းပြီး ရှောင်တိမ်းနေတယ် လို့ ဟာနီယာက ရိုက်တာကို ဒိုဟာကနေ ပြောပါတယ်။

ဟားမတ်စ်တွေရဲ့ သဘောထားကတော့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး၊ အစ္စ‌ရေးတွေ လုံးဝ ဆုတ်ခွာသွားရေးနဲ့ နေရပ်စွန့်ခွာသွားသူတွေ ပြန်ရောက်လာရေးတို့အပေါ် စွဲစွဲမြဲမြဲ တောင်းဆိုထားတယ်လို့ ဟာနီယာက ပြောပါတယ်။

နယ်ချဲ့ အစ္စရေးတပ်ဖွဲ့များ ဟာ ထိပ်တန်းတပ်မှူးတွေ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်တွေကို တိုင်ပင်ခြင်းမရှိဘဲ အခုသီတင်းပတ်အတွင်းမှာ အီစ္စမာအီ ဟနီယေဟ် ၏  သား ၃ ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း အစ္စရေး မီဒီယာတွေက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ကြပြီး ဂါဇာမှာရှိနေတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေမယ့် အန္တရာယ်ဖြစ်စေတဲ့ လုပ်ဆောင်ချက်လို့လည်း ပြောကြားခဲ့ပါတယ်။

အကြီးတန်း အစ္စရေးအရာရှိတွေကို ကိုးကားချက်အရ အာမီယာ၊ မိုဟမ်မဒ်နဲ့ ဟာဇမ် ဟာနီယာတို့ဟာ တိုက်ခိုက်ရေးသမားတွေအဖြစ် ပစ်မှတ်ထားခံရတာဖြစ်ပြီး ဟားမတ်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် ၏ သားများဖြစ်လို့ တိုက်ခိုက်တာမဟုတ်ကြောင်း လိမ်ညာ ပြောဆို ခဲ့ပါတယ်။
 
အီစ္စမာအီ ဟနီယေဟ်၏  မြေး ၄ ဦးလည်း ရှဟီးဒ် ဖြစ် ခဲ့ရတယ် ဆိုတဲ့ သတင်းတွေအပေါ် နယ်ချဲ့ အစ္စရေးစစ်တပ်က မှတ်ချက်မပေးခဲ့ပါဘူး။

နယ်ချဲ့ အစ္စရေးစစ်တပ်နဲ့ ရှင်းဘတ် ထောက်လှမ်းရေးဌာနတို့ ညှိနှိုင်းလုပ်ဆောင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အီစ္စမာအီ ဟနီယေဟ်၏ သားများ ကို တိုက်ခိုက်ခံရမှု မကြုံခင် နေတန်ယာဟု နှင့် ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့် တို့ကို အသိပေး တင်ပြ ထားခြင်း မရှိခဲ့ကြောင်း အစ္စရေးရဲ့ ဝေါလာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မည်သို့ဆိုစေ  နယ်ချဲ့ အစ္စရေး နှင့်  လူအခွင့်ရေး သာ အော်နေပြီး လက်တွေ့ လုပ်ဆောင် ခြင်းမရှိသည့်  အမေရိကန် တို့ ၏ အကြံဆိုး မှ  အီရန် ၊ ဟစ်ဇ် ဘွလ္လာဟ် ၊ ဟားမတ် စသည်တို့ ၏ အကြီးအကဲများ ကို ယောက်ကျား မပီသ သည့် လုပ်ရပ်ဖြစ်သည့် အလှစ်တွင် လုပ်ကြံ ခြင်း ကိုသာ ပြုလုပ်ခဲ့ပြုလုပ်နေသူများ ဖြစ်ပါတယ်။

****************************************************************
END / 251