အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၆ ဧပြီ ၂၀၂၄

၂၀:၂၅:၀၁
1451913

မဇ်လူးမ် ဘက်မှ ကာကွယ် ပေးခြင်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် မဇ်လူးမ် ဘက်မှ ကာကွယ် ပေးခြင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုအန်နဝါရ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مَنْ أَخَذَ لِلْمَظْلومِ مِنَ الظّالِمِ كانَ مَعىَ فِى الْجَنَّةِ تَصاحُبا ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  အကြင်မည်သူ မဆို ဇွာလင်မ် ထံ မှ မဇ်လူးမ် ၏ ဟက် ကို ယူပေးမည် ဆိုလျင် ( မဇ်လူးမ် အတွက် ကာကွယ်ပေးမည် ဆိုလျင် ) ထိုသူသည် ကွန်ုပ် နှင့် အတူ ဂျန္နသ်(ခ)သုခဘုံ တွင် ရှိမည် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဘေဟာရိုအန်နဝါရ် ကျမ်း ၊ အတွဲ ၇၅  ၊ စာမျက်နှာ ၃၅၉ ၊ ဟဒီးစ်တော် အမှတ် ၇၄

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော် တို့ အနေဖြင့် မိမိတို့ ပတ်ဝိုင်းကျင် ရှိ မဇ်လူးမ်များ ကိုကာကွယ် ပေးရမည်ဖြစ်ပါတယ်။ ထိုသို့ ကာကွယ် ချိန်တွင် ငွေနှင့် ဖြစ်စေ ၊ နှုတ် နှင့် ဖြစ်စေ ၊ လက်နက် နှင့် ဖြစ်စေ စသည်ဖြင့် ကာကွယ် ပေးရမည် ဖြစ်ပါတယ်။ ယနေ့ အချိန် အခါ တွင် ကိုယ်တော်ြမတ် (ဆွ) ၏ ဤဟဒီးစ်တော်   အား လက်တွေ့ လိုက်နာနေသည့် နိုင်ငံများ အဖွဲ့အစည်း များ မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ ယီမင် နိုင်ငံ ၊ ဆီးရီးယားနိုင်ငံ  ၊ ဟားမတ်စ် ၊ ဟစ်ဇ်ဘွလ္လာဟ် စသည်တို့ ဖြစ်ပါတယ်။ အကြောင်း မှာ ဤဖော်ပြပါ နိုင်ငံများ နှင့် အဖွဲ့များသည် မဇ်လူးမ် ပါလက်စတိုင်း များကို  ကာကွယ်ပေးနေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

****************************************************************

END / 251