အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၁ ဧပြီ ၂၀၂၄

၁၅:၁၁:၂၃
1452991

လူများ နှင့် မည်သို့ ဆက်ဆံ ရမည် နည်း ?

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် လူများ နှင့် မည်သို့ ဆက်ဆံ ရမည် နည်း ? ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ကာဖီ ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

. إنَّکُم لَن تَسَعُوا النّاسَ بأموالِکُم، فالْقُوهُم بِطَلاقةِ الوَجهِ وحُسْنِ البِشرِ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« သင်တို့သည် မိမိတို့၏ ဥစ္စာ၊ပစ္စည်း များ ဖြင့် လူတွေ အားလုံးကို သဘောကျအောင် နှစ်သစ်အောင် ၊ ဝမ်း သာပီတိ ဖြစ်အောင် လုပ် နိုင်မည် မဟုတ်ချေ။ သိုဖြစ်ပါ၍ ၎င်းတို့ ကို ကိုယ်ကျင့် စာရိတ္တကောင်း ကောင်း နှင့် မျက်နှာပြုံးပန်းဆင် ၍ ဆက်ဆံပါလေ။ »

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၀၃ ၊ ဟဒီးစ်တော် အမှတ် ၁

သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိမိတို့ သည် လူတွေနဲ့ မည်သို့ဆက်ဆံရမည် ကို ကောင်း စွာ သိရှိရမည် ဖြစ်ပါတယ်။ ထိုပြင် ကိုယ်တော်မြတ် (ဆွ) ဆုံးမထားသည့် နည်းလမ်း မှ အပ အခြား နည်းလမ်းများ နှင့် လူတွေ အကြိုက်မလိုက်မအောင် အထူးသတိပြုရမည် ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာ ၊ ငွေရေး ကြေးရေး ကြောင့် မာန် တက်နေသူများ လက်ရှိ ဒူဘိုင်း နိုင်ငံ ကို ကြည့် ပြီး သံဝေဂတရား ယူရမည် ဖြစ်ပါတယ်။

****************************************************************

END / 251