အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၁ ဧပြီ ၂၀၂၄

၁၆:၀၆:၅၁
1452994

ဂါဇာတွင် နယ်ချဲ့ အစ္စရေး ဇီယွန်စစ်တပ် ၏ လူမဆန်သည့် ရာဇ၀တ်မှုအသစ်များကို ပါလက်စတိုင်း သတင်းရင်းမြစ်များမှ ထုတ်ဖော်

ဇီယွန်စစ်တပ်မှ ဂါဇာကမ်းမြောင်ဒေသအချို့မှ ဆုတ်ခွာပြီးနောက် ကြောက်မက်ဖွယ်ရာ ရာဇ၀တ်မှုအသစ်များ ပေါ်ထွန်းလာကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များက ဖော်ပြတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ပါလက်စတိုင်း မီဒီယာ သတင်းရင်းမြစ်များကို ကိုးကား၍ ဂါဇာ ၏ ခန်းယူနွစ် ( Khan Yunis) ရှိ နာစေရ် ဆေးရုံတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ပါလက်စတိုင်း ရှဟီးဒ် (အာဇာနည် ) အယောက် ၅၀ ၏ ရုပ်အလောင်းများကို ဂါဇာ ကယ်ဆယ်ရေး အဖွဲ့မှ ဖယ်ရှားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

နယ်ချဲ့ အစ္စရေးတပ်များ ခန်းယူနွစ် ( Khan Yunis) မှ ဆုတ်ခွာပြီးနောက် မြို့တော်ကို ရက်စက်ကြမ်းကြုတ် လူမဆန်သည့် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုကြောင့် အပျက်အစီးများထဲမှ ရှဟီးဒ် (အာဇာနည် ) ရုပ်အလောင်း ၁၅၀ ကျော်ကို ဆယ်ယူရရှိခဲ့ကြောင်း သို့သော်လည်း လူ ၅၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ် ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်တွင် လူအများအပြား ပျောက်ဆုံးသွားခဲ့ပြီး ၎င်းတို့သည် ရှဟီးဒ် ဖြစ်သွား ပြီးလား ? သို့မဟုတ် ဖမ်းဆီးခြင်း ခံထားရလား ? ဆိုသည့် သတင်း များလည်း မရှိကြောင်း သိရှိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသ ကယ်ဆယ်ရေးအဖွဲ့မှ အစ္စရေးတပ်ဖွဲ့ဝင်များကို ဖယ်ရှားပြီးနောက် ကမ်းနားတွင် လူ ၂၀၀၀ ခန့် ပျောက်ဆုံးနေကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်မှ မဆုတ်ခွာမီ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီများက ရှဟီးဒ် (အာဇာနည်) ပါလက်တိုင်း များစွာတို့၏ အလောင်းများကို မြှုပ်နှံထားကြောင်း အဖွဲ့အစည်းက ထောက်ပြနေကြကြောင်း သိရှိရပါတယ်။

နယ်ချဲ့ အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းတို့အား မိမိ တို့နယ်မြေမှ ထွက်ခွာသည့်အခြေအနေတွင် လွတ်ငြိမ်းချမ်းသာ ပေးမည် ဟု ကတိပေးခဲ့ကြောင်းနှင့် အဆိုပါ ရက်စက်ကြမ်းကြုတ်သော နယ်ချဲ့ အစ္စရေး တပ်များ သည် ပါလက်စတိုင်းသားများ မိမိနေရပ်သို့ ပြန်လည်သည့် အခါ ကတိကို ဖောက်ဖျက် ပြီး ရက်စက်ကြမ်းကြုတ်စွာ ပစ်သတ် ကြကြောင်း သတိရှိရပါတယ်။ ဤလုပ်ရပ်သည် လူ့အခွင့်အရေး အရ မတရားသည့် လုပ်ရပ်လည်း ဖြစ်ပါတယ်။

****************************************************************

END / 251