အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၂၄ ဧပြီ ၂၀၂၄

၁၆:၃၅:၃၃
1453779

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) ၏ ဟဒီးစ်တော်မြတ်

ကပ်စေးအနည်းတကာ အနည်းဆုံးသူ

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကပ်စေးအနည်းတကာ အနည်းဆုံးသူ နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလ်ဟေကန်မ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

أبخَلُ النّاسِ مَن بَخِلَ على نفسِهِ بمالِهِ و خلّفَهُ لِوُرّاثِهِ.

 

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

« ကပ်စေးအနည်းတကာ အနည်းဆုံးသူ ဆိုသူ မှာ မိမိ ဥစ္စာပစ္စည်း အား မိမိ အတွက် မသုံးသူ ဘဲ မိမိ အမွေဆက်ခံသူများ အတွက် ထားသူ ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကန်မ် ကျမ်း ၊ စာမျက်နှာ ၁၉၉ ၊ ဟဒီးစ်တော် အမှတ် ၃၉၄၂

အကြံပြုချက်  - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် သုံးသင့် သုံးထိုက်သည် ကို သုံးရမည် ဖြစ်ပါတယ်။ အလွန်ကပ်စေး နည်းပြီး မသုံးဘဲ သိမ်းထား ရာ သေသည်အခါ ဘာမှ ဘာမသွားဘဲ ကျန်ရစ်သူ အမွေဆက်ခံသည့် သားသမီးများ လက်သို့ရောက်သွားပေတယ်။ ကျန်ရစ်သူသားသမီးများကလည်း သေဆုံးသူ အဖေ နဲ့အမေ ထားခဲ့ သည့် အမွေ သိန်းနဲ့ သန်းနဲ့ ချီယူသွား ပြီး ဖာသေဟဟ်လေး တစ် ပုဒ် တောင် ဖတ်ပေးဖို့ ပင် ဝန်လေး နေကြသည်ကို စာရူ သူများ အနည်း နှင့် အများ တွေ့ ဖူးကြမည် ဖြစ်ပါတယ်။

................................

END / 251