အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၅ ဧပြီ ၂၀၂၄

၂၀:၀၃:၁၅
1454126

ခက်ခဲ သည့် အလုပ်များ ကို မည်ကဲ့သို့ ပြုလုပ်ရမည်နည်း?

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ခက်ခဲ သည့် အလုပ်များ ကို မည်ကဲ့သို့ ပြုလုပ်ရမည်နည်း? နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

اِذا هِبْتَ اَمْرا فَقَعْ فيهِ فَاِنَّ شِدَّةَ تَوَقّيهِ اَعْظَمُ مِمّا تَخافُ مِنْهُ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အလုပ်တစ်ခုခု ပြုလုပ်ရန် ကြောက်ရသည့် အခါတိုင်း ရှောင်သည်ထက် ၎င်းအလုပ်ကို လုပ်ပါလေ၊ ရင်ဆိုင်ပါလေ၊။ အကြောင်းသည်ကား  ရှောင်ခြင်း နှင့် သင် ကြောက်ရသည်ထက် ပိုမို ခက်ခဲ့ သည့် အတွက်ကြောင့် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ဟေက်မသ် အမှတ်တော် ၁၇၅

အကြံပြုချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အလုပ်လုပ်တစ်ခုခု ကို လုပ်ဆောင်ချိန် စိုးရိမ်ရ ကြောက်ရသည့် အခါ မလုပ်ဆောင်ဘဲ ရှောင် ပြေးခြင်း ရှောင်ထွက် ခြင်း ကို မပြုဘဲ အလ္လာဟ် အပေါ် အားကိုး ပြီး ရင်ဆိုင် ရမည် ဖြစ်ပါတယ်။အကယ်၍ မရင်ဆိုင်ဘဲ ရှောင် မည် ဆိုလျင် ထိုထက်ပိုမို ဆိုးရွားသည့် ရလဒ် နှင့် ခက်ခဲ မှု ကို ရင် ဆိုင်ရမည် ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။

--------------------------

END / 251