အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၈ ဧပြီ ၂၀၂၄

၁၂:၀၈:၅၉
1454716

အေမာမ် မူစာယေ ကာဇင်းမ် (အလိုင်ဟစ်စလာမ်) ၏ ဟဒီးစ်တော်

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၏ အရေးပါမှု

အေမာမ် မူစာယေ ကာဇင်းမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၏ အရေးပါမှု နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်အစ်ခ်သေဆွာဆ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الكاظم عليه السلام 

لَيس مِنّا مَن لَم يُحاسِبْ نَفْسَهُ في كُلِّ يَومٍ ، فإنْ عَمِلَ خَيرا اسْتَزادَ اللّه َ مِنهُ وحَمِدَ اللّه َ علَيهِ ، و إنْ عَمِلَ شَيئا شَرّا اسْتَغْفَرَ اللّه َو تابَ إلَيهِ.

 

အေမာမ် မူစာယေ ကာဇင်းမ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

« နေ့စဥ်နေ့တိုင်း မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မပြုသူသည် ကျွန်ုပ်တို့ မှ မဟုတ်ချေ။ အကယ်၍ ကောင်းမူ ကုသိုလ် ပြုခဲ့သည်ဆို လျှင် ကောင်းမူ ကုသိုလ် ပို၍ ပြုနိုင်အောင် စွမ်းအား ရရှိရန် ဒိုအာ ပြုရမည် ဖြစ်ပါသည်။ ပြီးနောက်  အလ္လာဟ် ဟို အရှင် မြတ် အား ချီးမွမ်း ထောမနာ ပြုပါလေ။ အကယ်၍ မကောင်းမှုပြုခဲ့ လျှင် အလ္လာဟ် အရှင်မြတ်ထံတော် တွင် အစ်သေဂ်ဖါရ် နှင့် သောင်ဗားဟ် ( ဝန်ချတောင်းပန် ခြင်း ) ပြုလုပ် ရမည်ဖြစ် ပါသည်။ »

ကျမ်းကိုး ။ ။ အလ်အစ်ခ်သေဆွာဆ် ကျမ်း ၊ ၂၆

အကြံပြုချက်  - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် နေ့စဥ် နေ့တိုင်း မိမိကိုယ်ကို စိစစ် ရမည် ဖြစ်ပါတယ်။ ဝမ်းနည်းစရာ မှာ ယနေ့ ကျနော်တို့သည့် မိမိ ကိုယ်ကို မစိစစ်ဘဲ သူတစ်ပါးကိုသာလျင် စိစစ်နေကြပြီး အပြစ် တင်နေကြခြင်း ဖြစ်ပါတယ်။

................................

END / 251