အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၀ ဧပြီ ၂၀၂၄

၂၀:၃၀:၁၃
1455391

မေ့လျော့ခြင်း နှင့် မာနကို ဖြစ်စေသည့် အကျင့်ဆိုး သုံးခု

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မေ့လျော့ခြင်း နှင့် မာနကို ဖြစ်စေသည့် အကျင့်ဆိုး သုံးခု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

မန်လာယဟ်ဇရဟိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ် တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

إيّاکم وَالتَّنَعُّمَ وَالتَّلَهِّيَ وَالفاکهاتِ؛ فَإِنَّ في ذلِک غَفلَةً وَاغتِرارا.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကျိုးမဲ့ အဓိပ္ပာယ်မဲ့ စကားများ ၊ အပျော်အပါးလိုက်စားခြင်း နှင့် ဇိမ်ခံခြင်း ကို ရှောင်ကြဥ် ပါလေ။ အကြောင်း သည်ကား ဤ (အရာများသည်) မေ့လျော့ ခြင်း နှင့် မာန ကို ဖြစ်စေပါသည်။  »

ကျမ်းကိုး ။ ။ မန်လာယဟ်ဇရဟိုလ်ဖကီးယဟ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၅၁၆ ၊ ဟဒီးစ် တော် ၁၄၈၂

အကြံပြုချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အကျိုးမဲ့ အဓိပ္ပာယ်မဲ့ စကားများ ၊ အပျော်အပါးလိုက်စားခြင်း နှင့် ဇိမ်ခံခြင်း ကို  ရှောင်ရမည် ဖြစ်ပါတယ်။ ဤအရာ သုံးခု ကို မရှောင်သည့် အတွက် တစ်နေ့ သေရမည့် တစ်နေ့  ကဗဲရ် တွင် အဖြေ ပေးရမည် ။ တစ်နေ့ အလ္လာဟ် ထံ အဖြေ ပေးရမည် ။ တစ်နေ့ မဲဟ်ရှဟ် တွင် အဖြေပေးရမည် ဆိုသည်အချက်ကို  စသည် ဖြင့်မေ့လျော့ နေကြပါ တယ်။ ငါလုပ်တာ အဟုတ်ဆိုပြီး မာန် တက် နေကြပါတယ်။ အကျိုးမဲ့ အဓိပ္ပာယ်မဲ့ စကားများ ၊ အပျော် အပါးလိုက် စားခြင်း နှင့် ဇိမ်ခံခြင်း တို့ကို အပြင်တွင် ပြုလုပ် နိုင်သလို ဖေ့ဘုတ် ပေါ်တွင် လည်း လုပ်နိုင်ပါတယ်။ ပမာ အားဖြင့် အကျိုးမဲ့ အဓိပ္ပာယ်မဲ့ စကားများပါတဲ့ပို့စ် တင်ခြင်း ကော်မန်ရေး ခြင်း ၊ သီးချင်း ကလစ်များ အမြင်မတော်သည့် ကလစ်များ ဓာတ်ပုံများ ကြည့်၍ အပျော်အပါးလိုက်စားခြင်း ၊နေကာဟ်မရှိဘဲ မိမိ ဇနီးမဟုတ်ဘဲ ခင်ပွန်းမဟုတ်ဘဲ အခြား နာမဲဟ်ရမ်များ နှင့် ဇိမ်ခံ ပြီး ချစ်ရေးများ ပြောခြင်း စာရိုက်ခြင်း စသည်တို့ ဖြစ်ပါတယ်။

****************************************************************

END / 251