အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၄ မေ ၂၀၂၄

၂၀:၃၀:၃၆
1456108

စကား သို့မဟုတ် သတင်း တစ်ခုခု ကို ကြားပြီး မည်သို့ တုံ့ပြန် ရမည်နည်း?

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် စကား သို့မဟုတ် သတင်း တစ်ခုခု ကို ကြားပြီး မည်သို့ တုံ့ပြန် ရမည်နည်း? နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

اعـْقِلُوا الْخـَبَرَ إِذا سَمِعْتُـمُوهُ عَقْـلَ رِعايـَةٍ لاَ عَقْـلَ رِوايـَةٍ، فَإِنَّ رُوَاةَ الْعِلْمِ كَثِيرٌ، وَ رُعَاتَهُ قَلِيلٌ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« စကားတစ်ခုခု သို့မဟုတ် သတင်း တစ်ခုခု ကို ကြား လျင် ထိုစကား (သို့မဟုတ်) သတင်းအား အသိဥာဏ် ဆိုသည့် စံ မှတ်ကျောက် နှင့်  တိုက်ကြည့်ပါ။ စကားလုံးများကို ကိုးကားရုံဖြင့် လုံလောက်ပြီးဟု မကျေနပ် ပါနှင့်။  အကြောင်း  မှာ  တဆင့်တင် ပြသူကတော့ အလွန် များပြားပါသည်။ သို့သော် ထို ကိစ္စ အား အလေး အနက်ထား ပြီး တွေးခေါ်တတ်သူ အလွန်နည်းပါးပါသည်။»

ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ဟေက်မသ် အမှတ်တော် ၉၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ပြီး လိုက်နာမည်ဆိုလျင် ကျနော်ပတ်ဝန်းကျင်တွင် ပြဿနာ အတော် များများ ပြေလည်သွားမည် ဖြစ်ပါတယ်။ စည်းလုံး ညီညွတ် သွားမည် ဖြစ်ပါတယ်။ လက်ရှိ ကျနော်ပတ်ဝန်းကျင်တွင် စကားတစ်ခု သတင်း တစ်ခု ကို ကြားလိုက်တာနဲ့ သေချာ မစိစစ် မတွေးခေါ် မစုံစမ်းတော့ဘဲ မျက်စိမှိတ် နားပိတ်ပြီး အယုံလွယ်ကြခြင်း ဖြစ်ပါတယ်။ မိမိထံ ရောက်လာသည့် စကား သို့မဟုတ် သတင်းကို မစိစစ် ခြင်းကြောင့်  စွပ်စွဲခြင်း ဆိုသည် ဂိုနာကြီး ကို ကျူးလွန် ကြလေ၏။

****************************************************************

END / 251