အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၆ မေ ၂၀၂၄

၂၀:၂၁:၅၄
1456641

တမန်တော်မြတ် (ဆွ) ၏ ရှဖာအသ် မှု နှင့် မည်သူမျှ ကင်း၍ မရ

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် တမန်တော်မြတ် (ဆွ) ၏ ရှဖာအသ် မှု နှင့် မည်သူမျှ ကင်း၍ မရ နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်မဟာစင်န်ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام الصادق (عليه السلام):

ما أحَدٌ مِنَ الأوَّلِينَ والآخِرِينَ إلّا وهُو يَحتاجُ إلى شَفاعةِ محمّدٍ صلى الله عليه و آله يَومَ القِيامَةِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« မနုဿ လူသားများ အကြား  ပထမဆုံးလူ မှ နောက်ဆုံး လူ အထိ မည်သူ တစ်ယောက်မျှပင် ဖြစ်စေ  ကေယာမသ်နေ့ တွင် တမန်တော်မြတ်  မိုဟမ္မဒ် (ဆွ) ၏ ရှဖာအသ် (အလ္လာဟ် ထံ အသနားခံလျှောက်ထားပေးမူ) ကို လိုအပ်မည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ အလ်မဟာစင်န်ကျမ်း ၊  အတွဲ၁ ၊ စာမျက်နှာ ၂၉၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော် မည်သူတစ်ဦးတစ်ယောက် မျှ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ရှဖာအသ်  လိုကို လိုအပ်မည် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်မြတ် (ဆွ) ၏ ရှဖာအသ် နှင့် မဝေးရလေးအောင် မရဘဲ မရှိမဖြစ်အောင် ဆောင်ရန် ရှောင်ရန် အချက်များ ကိုလေ့လာ ပြီး ကြိုးပမ်း အားထုတ် ဘဝ တည်ဆောက် ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251