၂ ဇူလိုင် ၂၀၂၄ - ၁၆:၅၈
အိန္ဒိယပါလီမန် လို(က်)စဗာ တွင် အီရန်သမ္မတ ရှဟီးဒ် ဆယက်ဒ် ရအီစီ ၏ ကြေကွဲဖွယ် ရာ ရှဟာဒသ် အတွက်  ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်

ရဟတ်ယာဉ် တိမ်းမှောက်မှုတွင် အီရန်သမ္မတ ရှဟီးဒ် ဆယက်ဒ် ရအီစီ နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ သေဆုံးမှုအတွက် အိန္ဒိယနိုင်ငံ၏ အသစ်ရွေးကောက်တင်မြှောက်ခံထားရသော လို(က်)စဗာ (Lok Sabha) ပါလီမန် မှ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်းအထောက် အထားများ အရ အိန္ဒိယနိုင်ငံ၏ အသစ်ရွေးချယ်တင်မြှောက်ထားသော လို(က်)စဗာ (Lok Sabha)  ဥက္ကဋ္ဌ အုန်းဘရ်လာ မှ ယနေ့  လို(က်)စဗာ (Lok Sabha) ပါလီမန် အဖွင့်မိန့်ခွန်းတွင် အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ ရှဟီးဒ် ဆယက်ဒ် ရအီစီ ၊ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) နှင့် အခြား အထက်တန်း  အရာရှိ များ ရှဟာဒသ် (အာဇာနည် ဘွဲ့) ခံ ယူသွားသည့် အတွက် ဝမ်းနည်းကြောင်း ပြောကြား ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၏ အသစ်ရွေးချယ်တင်မြှောက်ထားသော လို(က်)စဗာ (Lok Sabha) ပါလီမန်  ဥက္ကဋ္ဌ အုန်းဘရ်လာ မှ အိန္ဒိယ ပါလီမန် အားပြောကြားသည်မှာ - မတော်တဆမှုတစ်ခု မေလ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ထိုဖြစ်ပွား ခဲ့မှုကြောင့် အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ ရှဟီးဒ် ဆယက်ဒ် ရအီစီ ၊ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) နှင့် အခြား အထက်တန်း  အရာရှိ များ  ရှဟီးဒ် ဖြစ်ခဲ့ ရကြောင်း ဤအတွက်  အိန္ဒိယ ပါလီမန်  မှ အီရန် အစိုးရ နှင့် အီရန် ပြည်သူများ အား နှလုံးသည်းပွတ် မှ ဝမ်းနည်း ကြေကွဲ ရကြောင်း ကိုယ်ချင်စာကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251