အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုရရိုလ်ဟေကမ်ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
صَیِّرِ الدِّینَ حِصنَ دَولَتِکَ، و الشُّکرَ حِرزَ نِعمَتِکَ، فَکُلُّ دَولَةٍ یَحوطُها الدِّینُ لا تُغلَبُ، و کلُّ نِعمَةٍ یَحرُزُها الشُّکرُ لا تُسلَبُ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဘာသာ သာသနာအား မိမိအစိုးရ (အုပ်ချုပ်မှု) ၏ခံတပ် ဖြစ်ပါစေ။ ရှိုက်ရ် ပြုခြင်း ဖြင့် မိမိ၏ နေအ်မသ် (များ) ကို ကာကွယ်စောင့်ရှောက်ပါလေ။ အကြောင်းသည်ကား ဘာသာသာသနာ ၏ ဝိုင်းရံမှု အောက်တွင် ရှိသည့် အစိုးရတိုင်း (အုပ်ချုပ်မှုတိုင်း) သည် ရှုံးနှိမ့်မည် မဟုတ်ချေ။ ပြီးနောက် ရှိုက်ရ် ပြုခြင်း ဖြင့် ကာကွယ်စောင့်ရှောက် ထားသည့် နေအ်မသ် တိုင်းသည် မည်သည့် အခါ မှ အချည်းနှီးဖြစ်မည် မဟုတ်ချေ။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ်ကျမ်း ၊ ၅၈၃၁
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် အစ္စလာမ်မီ အစိုးရ ၏ တာဝန် ဝတ္တရားကို အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) မှမိန့်ဆိုထားခြင်းဖြစ်ပါတယ်။ ထိုနည်းတူစွာ ဗလီ ဝတ်ကျောင်းတော် များ အာစ်သာနာများအေမာမ် ဘာရာ များ တွင် အုပ်ချုပ်နေသည့် ဂေါပကများ ၊ အဖွဲ့အစည်း များ ၏ ဥက္ကဋ္ဌ များ နှင့် အခြား ကျောင်းအုပ် များ စသည် ဖြင့် အုပ်ချုပ်ရေး နေရာယူထားသူများ အနေဖြင့် လည်း လိုက်နာ ရမည် ဖြစ်ပါတယ်။ ဤဟဒီးစ်တော် မှာ မီးမောင်း ထိုးပြနေသည်မှာ အုပ်ချုပ်သူ ၊အစိုးရ ၏ တာဝန်မှာ ဒီးန် (ခ) ဘာသာသာသနာ ကို သေချာ နားလည် သဘောပေါက် ရန် လိုပါတယ်။ ပြီး နောက် ဘာသာ သာသနာကို မိမိ အတွက် ခံတပ် ပြုရမည် ဖြစ်ပါတယ်။ လူမွေးပြီး ခံတပ် ပြုရမည် မဟုတ်ချေ။ အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့်တော် မူထားသည့် နေအ်မသ်တော်များ ကို ရှိုက်ရ် (ကျေးဇူင်တင်ခြင်း ) ပြုတတ်ဖို့ လိုပါတယ်။ အခုလို အုပ်ချုပ်ခွင့်ရသည်ကို အလ္လာဟ် ၏ ချီးမြှင့်မှု ဟု သိထားရပါမည်။ ငါတော်လို့၊ငါတတ်လို့ ၊ ငါ အရည် အချင်းရှိလို့ ၊ငါလူတွေကို ကိုင်တွယ်တတ်လို့ ရတာ ဆိုပြီး မာန မဝင် မိဖို့ အထူး သတိပြုရမည် ဖြစ်ပါတယ်။
****************************************************************
END / 251