အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုရရိုလ်ဟေကမ်ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
قَد جَهِلَ مَن استَنصَحَ أعداءَهُ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူမဆို ရန်သူ ထံ မှ ကောင်းမူ (စေတနာ) ကို မျှော်ကိုးနေမည် ဆိုလျင် ထိုသည် (အမှန်ပင်) မသိနား မလည်သူဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ်ကျမ်း ၊ ၆၆၆၃
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ယနေ့ အီရန် နိုင်ငံ တွင် လက်တွေ့ ဖြစ်နေပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ် မီ နှင့် နောက်လိုက်များ ၏ အမြင် သည် မိမိတို့ ၏ ရန်သူ အမေရိကန် နှင့် အစ္စရေး စသည် မဟာမိတ်များ ထံ မှ မတရား ယုတ်မနေသည် စီးပွားရေး ပိတ်ဆို့ မှုများ အကောက်ကြံမှု များ ကို ၎င်းတို့ ထံ ဒူးမထောက်အညံ့မခံ မခြင်း ရုပ်သိမ်း ကြမည် မဟုတ် သည့် အတွက် နောက် ကတိတည် မှာလည်း မဟုတ်သည့် အတွက် ၎င်းတို့ ထံ မှ စေတနာ နှင့် ကောင်း မှုကို မမျှော်လင့်ကြဖို့ ဖြစ်ပါတယ်။ တစ်ချို့ ကတော့ မိမိတို့ အီရန် နိုင်ငံပိုင်း သဘာဝ ကြွယ်ဝ မှု တစ်ကမ္ဘာလုံး ၏ ၇ ရာခိုင်နှုန်း အား အမေရိကန်၊ အစ္စရေး ယူသွားကြမည် ကို မမြင်ကြ ဘဲ အနည်းငယ် မိမိ တို့ အဆင်ပြေ မှု ကို လိုလား ၍ အမေရိကန် နှင့် အစ္စရေး တို့ ၏ အကောက်ကွက်များ တွင် မိနေကြသူများ ဖြစ်ပါတယ်။ ၎င်းတို့ အနေဖြင့် အမေရိကန် နှင့် အဆင်ပြေလျင် အီရန် စီးပွားရေး ပိတ်ဆို့ ထားမှုများ ကုန်စျေးနှုန်းကြီးမှု ငွေကြေး ဖောင်းပွမှု စသည် တို့ အဆင်ပြေ သွားမည် ဟု ထင်နေကြပါတယ်။
****************************************************************
END / 251