အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းအထောက်အထားများအရ ဆော်ဒီအာရေဗျဘုရင် စလ်မန် ဘင်န် အဗ်ဒိုလ်အဇီးဇ် သည် အသစ်တင်မြှောက်ခံရသော အီ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတသစ် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သို့ သဝဏ်လွှာ တစ်စောင် ပေးပို့၍ အလေးပေးဖော်ပြခဲ့သည်မှာ - အီရန်နိုင်ငံ၏ ဆယ့်လေး ကြိမ်မြောက် သမ္မတသစ် ရွေးကောက်ပွဲမှာ လူကြီးမင်း ၏ အောင်မြင်မှုအတွက် ဂုဏ်ယူ ဝမ်းမြောက် ပြီး လူကြီးမင်း ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ် ဟု ဖြစ်ပါတယ်။
ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခိုင်မာစေရန် ယုံကြည်မှုဖြင့် အီရန်နှင့် ဆော်ဒီ အာရေးဗီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးကို ဆက်လက် ချဲ့ထွင်ရန် ဘုရင် စလ်မန် ဘင်န် အဗ်ဒိုလ်အဇီးဇ် မှ ဆက်လက် ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေဗျဘုရင်သည် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ ကျန်းမာရေးနှင့် ဘေးကင်းပါစေကြောင်း ဆုတောင်းပြီး အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ဆုတောင်း ပေးခဲ့ပါတယ်။
အလားတူပင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မန် မှ လည်း အီရန် အစ္စလာမ်မစ် သမ္မတ သစ် ရွေးကောက်ပွဲတွင် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း၏ အောင်မြင်မှု အား ချီးကျူး ဂုဏ်ပြုခဲ့ပါ တယ်။
၎င်း၏ သဝဏ်လွှာတွင် အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မန် မှ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အသစ်ရွေးချယ်တင်မြှောက်ခံရသော သမ္မတသစ် အား အောင်မြင်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သာယာဝပြောရေးတို့ကို ဆုတောင်းပေးခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသားမှ ဆော်ဒီအာရေးဗီးယားသည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ချဲ့ထွင်ပြီး နက်ရှိုင်းအောင် လုပ်ဆောင်လိုကြောင်း ဘုံအကျိုးစီးပွားကို ဆောင်ရွက်ပေးသော ဆက်ဆံရေး လိုကြောင်း အလေး ပေးပြော ကြားခဲ့ ပါတယ်။
အီရန်နိုင်ငံ၏ (၁၄) ကြိမ်မြောက် သမ္မတသစ် ရွေးကောက်ပွဲ ဒုတိယအဆင့်တွင် မဲအများစုဖြင့် အနိုင်ရပြီးနောက် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နဝမမြောက်သမ္မတ အဖြစ် ရွေးကောက်ခံရသည်မှာ မှတ်သားဖွယ်ကောင်းလှ ကြောင်း တင်ပြ အပ်ပါတယ်။
.......................................................
END / 251